မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း သက္ဆုိင္ရာဌာနမ်ားပူးေပါင္းအဖြဲ႕ျဖင့္ ဘိန္းခင္းမ်ား ရွာေဖြဖ်က္ဆီးေန

မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း သက္ဆုိင္ရာဌာနမ်ားပူးေပါင္းအဖြဲ႕ျဖင့္ ဘိန္းခင္းမ်ား ရွာေဖြဖ်က္ဆီးေန
နိုဝင်ဘာ 26, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕နယ္ နမ့္ပန္ေက်းရြာအုပ္စု၊ နမ့္ပန္ေက်းရြာအနီးဝန္းက်င္ရိွ ဘိန္းခင္းမ်ားကို သက္ဆုိင္ရာဌာနမ်ားပူးေပါင္းပါဝင္သည့္အဖြဲ႕ျဖင့္ ရွာေဖြဖ်က္ဆီးေနရာ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၆)ရက္ေန႔တြင္ ဘိန္းခင္း (၃)ဧကကို ရွာေဖြေတြ႔ရိွေၾကာငး္ သိရသည္။

ရဲတပ္ဖြဲ႕၊ တပ္မေတာ္၊ ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕၊ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ သစ္ေတာဦးစီးဌာန၊ ျပည္သူ႔စစ္တို႔ပူးေပါင္းပါဝင္သည့္အဖြဲ႕သည္ ႏိုဝင္ဘာလ (၂၆)ရက္ေန႔  နံနက္ (၈)နာရီဝန္းက်င္က နန့္ပန္ေက်းရြာ ေတာင္ဘက္ရိွ ဘိန္းခင္း (၂)ဧကကိုလည္းေကာင္း၊ အေရွ႕ဘက္ရိွ ဘိန္းခင္း (၁)ဧကကို နံနက္ (၁၀)နာရီခြဲတြင္လည္းေကာင္း ေတြ႕ရိွဖ်က္ဆီးခဲ့ၾကေၾကာင္း သိရသည္။

ဘိန္းစိုက္ပ်ိဳးရာသီတြင္ သက္ဆုိင္ရာဌာနမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕မ်ားျဖင့္ ေဒသအလိုက္ ဘိန္းခင္းမ်ား ရွာေဖြဖ်က္ဆီးျခင္းကို လုပ္ေဆာင္ေလ့ရိွျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့နယ်အတွင်း သက်ဆိုင်ရာဌာနများပူးပေါင်းအဖွဲ့ဖြင့် ဘိန်းခင်းများ ရှာဖွေဖျက်ဆီးနေ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ပန်ကျေးရွာအနီးဝန်းကျင်ရှိ ဘိန်းခင်းများကို သက်ဆိုင်ရာဌာနများပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ရှာဖွေဖျက်ဆီးနေရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ဘိန်းခင်း (၃)ဧကကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့၊ တပ်မတော်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်သူ့စစ်တို့ပူးပေါင်းပါဝင်သည့်အဖွဲ့သည် နိုဝင်ဘာလ (၂၆)ရက်နေ့  နံနက် (၈)နာရီဝန်းကျင်က နန့်ပန်ကျေးရွာ တောင်ဘက်ရှိ ဘိန်းခင်း (၂)ဧကကိုလည်းကောင်း၊ အရှေ့ဘက်ရှိ ဘိန်းခင်း (၁)ဧကကို နံနက် (၁၀)နာရီခွဲတွင်လည်းကောင်း တွေ့ရှိဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးရာသီတွင် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဒေသအလိုက် ဘိန်းခင်းများ ရှာဖွေဖျက်ဆီးခြင်းကို လုပ်ဆောင်လေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~