တာခ်ီလိတ္ခရိုင္၊ၿမိဳ႕နယ္စုေပါင္းရံုးသစ္တြင္ ျပည္သူ႔ဝန္ေဆာင္မႈရံုးဖြင့္လွစ္ၿပီး ဌာန(၁၀)ခု၏ လုပ္ငန္းမ်ား တစ္ေနရာထဲတြင္ ေဆာင္ရြက္ေပးေန

တာခ်ီလိတ္ခရိုင္၊ၿမိဳ႕နယ္စုေပါင္းရံုးသစ္တြင္ ျပည္သူ႔ဝန္ေဆာင္မႈရံုးဖြင့္လွစ္ၿပီး ဌာန(၁၀)ခု၏ လုပ္ငန္းမ်ား တစ္ေနရာထဲတြင္ ေဆာင္ရြက္ေပးေန
နိုဝင်ဘာ 28, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ခရိုင္၊ ၿမိဳ႕နယ္စုေပါင္းရံုးသစ္တြင္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၂၇)ရက္ေန႔ကစတင္၍ ျပည္သူ႔ဝန္ေဆာင္မႈရံုး (OSS)ကိုဖြင့္လွစ္လိုက္ၿပီး အစိုးရဌာန(၁၀)ခု၏ လုပ္ငန္းမ်ားကို တစ္ေနရာထဲတြင္ ေဆာင္ရြက္ေပးေနၿပီျဖစ္သည္။

“ျပည္သူလူထုအေနနဲ႔ တစ္ရုံုးဝင္ တစ္ရံုးထြက္သြားစရာမလိုေတာ့ဘဲ ပြင့္လင္းျမင္သာစြာ၊ ေငြေၾကးတစ္စံုတစ္ရာ ေကာက္ခံျခင္းမရိွ တစ္ေနရာထဲမွာ ဝန္ေဆာင္မႈေပးႏုိင္ဖို႔ One Stop Shop ကိုဖြင့္လွစ္ေဆာင္ရြက္တာပါ။ ေနာက္တစ္ခုက ျပည္သူလူထုအေနနဲ႔ ဌာနဆိုင္ရာေတြဆီကေန ဝန္ေဆာင္မႈရယူရာမွာ စကားေျပာ အဆင္မေျပတာမ်ိဳးျဖစ္ျဖစ္၊ ေငြေၾကးေကာက္ခံတာမ်ိဳးျဖစ္ျဖစ္ ရိွခဲ့တယ္ဆိုရင္ ဒီမွာ ႀကီးၾကပ္သူအရာရိွနဲ႔ ေတြ႕ဆံုၿပီးေတာ့ Complaint Center ဆိုၿပီးေတာ့ သီးျခားေဆြးေႏြးႏုိင္ေအာင္လည္း စီစဥ္ေပးထားပါတယ္။ အဲဒီအထဲမွာပဲ လွ်ိဳ႕ဝွက္စြာေတြ႕ဆံုေဆြးေႏြးႏုိင္ေအာင္ လုပ္ေပးထားပါတယ္။ ေနာက္အဝင္မွာ အႀကံျပဳစာတုိက္ပံုးလုပ္ေပးထားပါတယ္။ အမည္ထည့္စရာမလိုဘဲ OSS ရဲ႕လုပ္ငန္းေတြနဲ႔ပတ္သက္လို႔ အႀကံဳျပဳေပးႏုိင္ပါတယ္။ ေငြေၾကးေကာက္ခံျခင္းမ်ားရိွခဲ့ရင္လည္း တုိင္ၾကားႏုိင္မယ့္ ဖုန္းနံပါတ္ေတြကို ေပးထားပါတယ္” ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

OSS တြင္ ခရိုင္၊ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပံုတင္ေရးဦးစီးဌာန၊ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာန၊ မီးသတ္ဦးစီးဌာန၊ လွ်ပ္စစ္အင္ဂ်င္နီယာဌာန၊ က်န္းမာေရးဦးစီးဌာနႏွင့္ စည္ပင္သာယာေရးဌာနတို႔၏ လုပ္ငန္းမ်ားကို ရံုးဖြင့္ရက္မ်ားတြင္ ရံုးခ်ိန္အတြင္း ေဆာင္ရြက္ေပးသြားမည္ျဖစ္ၿပီး လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကို ျပည္သူ႔ဝန္ေဆာင္မႈရံုး ႀကီးၾကပ္သူအရာရိွက ႀကီးၾကပ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“ဒီမွာ ဌာနအားလံုးရဲ႕ လုပ္ငန္းေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္လို႔ အဆင္မေျပတာေတြ၊ တုိင္ၾကားခ်င္တာေတြရိွရင္ ကၽြန္ေတာ္တုိ႔ ျပည္သူ႔ဝန္ေဆာင္မႈရံုးမွာ Complaint Center (တိုင္ၾကားမႈလက္ခံေဆာင္ရြက္ေရးစင္တာ) ထားရိွပါတယ္။ ျပည္သူေတြအေနနဲ႔ လြတ္လပ္စြာ တိုင္ၾကားႏုိင္ပါတယ္။ ေက်နပ္မႈရသည္အထိ ကၽြန္ေတာ္တုိ႔ ေျဖရွင္းေပးသြားမွာျဖစ္ပါတယ္။ ျပည္သူ႔ဝန္ေဆာင္မႈရံုး ဖြင့္လွစ္တာက ဌာနဆိုင္ရာလုပ္ငန္းေတြ ပူးေပါင္းေဆာင္ရြက္ျခင္းျဖင့္ လုပ္ငန္းေတြ ျမန္ဆန္ဖို႔နဲ႔ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးမွာ အေထာက္အကူျဖစ္ဖို႔ပါ”ဟု ျပည္သူ႔ဝန္ေဆာင္မႈရံုး ႀကီးၾကပ္သူအရာရိွျဖစ္သည့္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္ေးအာင္က ေျပာသည္။

ျပည္သူ႔ဝန္ေဆာင္မႈရံုး (OSS)ရံုးခန္းတြင္ အမ်ားျပည္သူေစာင့္ဆိုင္းစဥ္တြင္ အနားယူႏုိင္ရန္ေနရာ၊ စာရြက္စာတမ္းမ်ား ျဖည့္သြင္းရန္ေနရာ၊ ရုပ္ျမင္သံၾကား၊ အေရးေပၚ ေဆးေသတၱာ၊ အခမဲ့ေသာက္ႏုိင္သည့္ ေကာ္ဖီႏွင့္ ေရာင္းသူမဲ့အေအးမ်ားကိုလည္း စီစဥ္ေပးထားသည္ကို ေတြ႔ရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်၊မြို့နယ်စုပေါင်းရုံးသစ်တွင်  ပြည်သူ့ဝန်ဆောင်မှုရုံးဖွင့်လှစ်ပြီး ဌာန(၁၀)ခု၏ လုပ်ငန်းများ တစ်နေရာထဲတွင် ဆောင်ရွက်ပေးနေ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်၊ မြို့နယ်စုပေါင်းရုံးသစ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ကစတင်၍ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ကိုဖွင့်လှစ်လိုက်ပြီး အစိုးရဌာန(၁၀)ခု၏ လုပ်ငန်းများကို တစ်နေရာထဲတွင် ဆောင်ရွက်ပေးနေပြီဖြစ်သည်။

“ပြည်သူလူထုအနေနဲ့ တစ်ရုံးဝင် တစ်ရုံးထွက်သွားစရာမလိုတော့ဘဲ ပွင့်လင်းမြင်သာစွာ၊ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိ တစ်နေရာထဲမှာ ဝန်ဆောင်မှုပေးနိုင်ဖို့ One Stop Shop ကိုဖွင့်လှစ်ဆောင်ရွက်တာပါ။ နောက်တစ်ခုက ပြည်သူလူထုအနေနဲ့ ဌာနဆိုင်ရာတွေဆီကနေ ဝန်ဆောင်မှုရယူရာမှာ စကားပြော အဆင်မပြေတာမျိုးဖြစ်ဖြစ်၊ ငွေကြေးကောက်ခံတာမျိုးဖြစ်ဖြစ် ရှိခဲ့တယ်ဆိုရင် ဒီမှာ ကြီးကြပ်သူအရာရှိနဲ့ တွေ့ဆုံပြီးတော့ Complaint Center ဆိုပြီးတော့ သီးခြားဆွေးနွေးနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ အဲဒီအထဲမှာပဲ လျှို့ဝှက်စွာတွေ့ဆုံဆွေးနွေးနိုင်အောင် လုပ်ပေးထားပါတယ်။ နောက်အဝင်မှာ အကြံပြုစာတိုက်ပုံးလုပ်ပေးထားပါတယ်။ အမည်ထည့်စရာမလိုဘဲ OSS ရဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ အကြုံပြုပေးနိုင်ပါတယ်။ ငွေကြေးကောက်ခံခြင်းများရှိခဲ့ရင်လည်း တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေကို ပေးထားပါတယ်” ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

OSS တွင် ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့၏ လုပ်ငန်းများကို ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူ့ဝန်ဆောင်မှုရုံး ကြီးကြပ်သူအရာရှိက ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ဒီမှာ ဌာနအားလုံးရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အဆင်မပြေတာတွေ၊ တိုင်ကြားချင်တာတွေရှိရင် ကျွန်တော်တို့ ပြည်သူ့ဝန်ဆောင်မှုရုံးမှာ Complaint Center (တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ) ထားရှိပါတယ်။ ပြည်သူတွေအနေနဲ့ လွတ်လပ်စွာ တိုင်ကြားနိုင်ပါတယ်။ ကျေနပ်မှုရသည်အထိ ကျွန်တော်တို့ ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုရုံး ဖွင့်လှစ်တာက ဌာနဆိုင်ရာလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းတွေ မြန်ဆန်ဖို့နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ အထောက်အကူဖြစ်ဖို့ပါ”ဟု ပြည်သူ့ဝန်ဆောင်မှုရုံး ကြီးကြပ်သူအရာရှိဖြစ်သည့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်ေးအာင်က ပြောသည်။

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ရုံးခန်းတွင် အများပြည်သူစောင့်ဆိုင်းစဉ်တွင် အနားယူနိုင်ရန်နေရာ၊ စာရွက်စာတမ်းများ ဖြည့်သွင်းရန်နေရာ၊ ရုပ်မြင်သံကြား၊ အရေးပေါ် ဆေးသေတ္တာ၊ အခမဲ့သောက်နိုင်သည့် ကော်ဖီနှင့် ရောင်းသူမဲ့အအေးများကိုလည်း စီစဉ်ပေးထားသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~