ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြို့ပေါင်း (၂၇)မြို့ကို ဆိုက်ကပ်မည့် ငြိမ်းချမ်းရေးတွဲလက်များ၏ ငြိမ်းချမ်းရေးခရီးစဉ် သင်္ဘော နိုဝင်ဘာလ (၁၅)ရက်နေ့ စတင်မည်

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြို့ပေါင်း (၂၇)မြို့ကို ဆိုက်ကပ်မည့် ငြိမ်းချမ်းရေးတွဲလက်များ၏ ငြိမ်းချမ်းရေးခရီးစဉ် သင်္ဘော နိုဝင်ဘာလ (၁၅)ရက်နေ့ စတင်မည်
နိုဝင်ဘာ 5, 2018
By Tachileik News Agency


ခရီးစဉ်အတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြို့များဖြစ်သည့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ဆီမီးခုံမြို့၊ ပခုက္ကူမြို့၊ ညောင်ဦး- ပုဂံမြို့၊ ချောက်မြို့၊ စလေမြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့-နတ်မောက်မြို့၊ မလွန်မြို့၊ ဆင်ပေါင်ဝဲမြို့၊ အောင်လံမြို့၊ ကမ္မမြို့၊ ပြည်မြို့၊ ထုံးဘိုမြို့၊ မြန်အောင်မြို့၊ ရွှေကျင်မြို့၊ ပျဉ်းကတိုးကုန်းမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ ဓနုဖြူမြို့၊ ညောင်တုန်းမြို့၊ မအူပင်မြို့၊ တွံ့တေးမြို့၊ ရန်ကုန်မြို့၊ စုစုပေါင်း (၂၇)မြို့သို့ ၀င်ရောက်ဆိုက်ကပ်ရပ်နားလျှက် ငြိမ်းချမ်းရေးတွဲလက်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းများ ကျင်းပခြင်းနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။



Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~


မန္တလေးမြို့မှ ရန်ကုန်မြို့သို့ (၂၇)ရက်ကြာမည်ဖြစ်သည့် ငြိမ်းချမ်းရေးတွဲလက်များ၏ ငြိမ်းချမ်းရေး ခရီးစဉ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် မန္တလေးမြို့မှ စတင်မည်ဖြစ်ကာ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြို့ပေါင်း (၂၇)မြို့တွင် ငြိမ်းချမ်းရေး စကားဝိုင်းများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြို့များဖြစ်သည့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ဆီမီးခုံမြို့၊ ပခုက္ကူမြို့၊ ညောင်ဦး- ပုဂံမြို့၊ ချောက်မြို့၊ စလမြေို့၊ ရေနံချောင်းမြို့၊ မကွေးမြို့-နတ်မောက်မြို့၊ မလွန်မြို့၊ ဆင်ပေါင်ဝဲမြို့၊ အောင်လံမြို့၊ ကမ္မမြို့၊ ပြည်မြို့၊ ထုံးဘိုမြို့၊ မြန်အောင်မြို့၊ ရွှေကျင်မြို့၊ ပျဉ်းကတိုးကုန်းမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့၊ ဓနုဖြူမြို့၊ ညောင်တုန်းမြို့၊ မအူပင်မြို့၊ တွံ့တေးမြို့၊ ရန်ကုန်မြို့၊ စုစုပေါင်း (၂၇)မြို့သို့ ဝင်ရောက်ဆိုက်ကပ်ရပ်နားလျှက် ငြိမ်းချမ်းရေးတွဲလက်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းများ ကျင်းပခြင်းနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွက် အသုံးပြုမည့် ပြည်ကြီးတံခွန် (၄) ရေယာဉ်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနက ငှါးရမ်းခ မယူဘဲ အခမဲ့ပြေးဆွဲ ပေးမည်ဖြစ်ကာ ခရီးစဉ်အတွက် ကုန်ကျမည့် စက်သုံးဆီစရိတ်နှင့် အထွေထွေကုန်ကျစရိတ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာရတို့က ကျခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်ကို မန္တလေးမြို့မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စတင်ကာ ရန်ကုန်မြို့သို့ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်တွင်းရေကြောင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~