ေက်ာက္မဲၿမိဳ႕နယ္အတြင္း မုိင္းေပါက္ကြဲမႈမၾကာခဏျဖစ္ပြားေန၍ ေဒသခံမ်ား မိုင္းအႏၱရာယ္အသိပညာေပး လုိအပ္ေန

ေက်ာက္မဲၿမိဳ႕နယ္အတြင္း မုိင္းေပါက္ကြဲမႈမၾကာခဏျဖစ္ပြားေန၍ ေဒသခံမ်ား မိုင္းအႏၱရာယ္အသိပညာေပး လုိအပ္ေန
နိုဝင်ဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေက်းရြာသြားလမ္းမ်ားတြင္ မိုင္းေပါက္ကြဲမႈမ်ား မၾကာခဏျဖစ္ပြားေနၿပီး ထိခုိက္မႈမ်ားရိွေနသျဖင့္ မိုင္းအႏၱရာယ္အသိပညာေပးျခင္းမ်ား တိုးခ်ဲ႕လုပ္ကိုင္ရန္ လိုအပ္ေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ICRC အဖြဲ႔ကေန တစ္ႏွစ္ကို (၂) ခါေလာက္ မိုင္းအႏၲရာယ္အသိပညာေပး လာလုပ္ေပးတာရွိတယ္။ လူမႈကူညီေရးအသင္းသားေတြလည္း သင္ရတယ္။ အဓိကက ေက်းရြာေတြက ေဒသခံေတြလည္း အဲဒီလို က်ယ္က်ယ္ျပန္႔ျပန္႔သိဖို႔ လိုအပ္တယ္။ အသိပညာေပးလုပ္ငန္းကေတာ့ ဒီေဒသအတြက္ အၿမဲတမ္း လိုအပ္ေနတာပါ”ဟု ေက်ာက္မဲရွိ အျဖဴေရာင္ႏွလံုးသားလူမႈကူညီေရးအသင္းမွ ဦးျမဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ႏွင့္ (၁၃) မိုင္ခန္႔အကြာရိွ နမ့္မန္းေက်းရြာအနီး လမ္းနံေဘးတြင္၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၁)ရက္ေန႔ နံနက္(၉)နာရီ (၄၅)မိနစ္ဝန္းက်င္က ေပါက္ကြဲမႈျဖစ္ပြားသျဖင့္ ဆိုင္ကယ္စီးနင္းလာသည့္ အသက္(၂၆)ႏွစ္ႏွင့္ (၂၀)အရြယ္ အမ်ိဳးသမီးငယ္(၂)ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

အဆိုပါေပါက္ကြဲမႈေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူ မနန္္းေငြခိုင္တြင္ ဒဏ္ရာမျပင္းထန္ေသာ္လည္း ဆိုင္ကယ္ေနာက္တြင္ လိုက္ပါစီးနင္းလာသူ မခမ္းရင္မွာ စိုးရိမ္ရသည့္အေျခအေနျဖင့္  ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးတြင္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအခ်ိဳ႕ႏွင့္ အေျခခံပညာေက်ာင္းမ်ားတြင္ မိုင္းအႏၲရာယ္အသိပညာေပး လုပ္ေဆာင္မႈမ်ားရွိခ့ဲေသာ္လည္း ေဒသအေျခအေနအရ အသိပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ေပးရန္ လိုအပ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔က အညိဳေရာင္နယ္ေျမမွာေနရတာျဖစ္တဲ့အတြက္ အဲဒီလိုေက်းရြာသြားလမ္းေတြမွာ ခဏခဏေပါက္ကြဲမႈျဖစ္ပြားတာေတြကို ဘယ္သူေတြလုပ္တာပါလို႔ ေျပာျပဖို႔ခက္တယ္ဗ်။ ဒီဘက္မွာက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြကလည္း လႈပ္ရွားေနတယ္ဆိုေတာ့ နီးရာဓါးကို ေၾကာက္ရပါတယ္။ မိုင္းေတြကို ရွာေဖြရွင္းလင္းတာရယ္၊ မိုင္းအႏၱရာယ္ အသိပညာေပးလုပ္ငန္းေတြ လုပ္ေပးတာရယ္ လိုအပ္တယ္လို႔ ထင္တယ္" ဟု ေက်ာက္မဲႏွင့္ (၁၃) မိုင္ခန္႔ေဝးကြာသည့္ နမ့္မန္းေက်းရြာမွ ေက်ာက္မဲ-မိုင္းေငါ့လမ္းကို ေန႔စဥ္ျဖတ္သန္း ေစ်းေရာင္းေနသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕မွ မိုင္းေငါ့ၿမိဳ႕သို႔သြားသည့္ လမ္းမႀကီးေပၚရွိ နမ့္မန္းေက်းရြာအနီးတြင္ ႏိုဝင္ဘာလ ဒုတိယပတ္ အတြင္း မိုင္းေပါက္ကြဲမႈ(၂)ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ၄င္းေက်းရြာႏွင့္ အနီးတစ္ဝိုက္တြင္ ေပါက္ကြဲမႈမ်ား မၾကာခဏ ျဖစ္ပြားေလ့ရိွေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုမကြာခဏဖြစ်ပွားနေ၍ ဒေသခံများ မိုင်းအန္တရာယ်အသိပညာပေး လိုအပ်နေ
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကျေးရွာသွားလမ်းများတွင် မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေပြီး ထိခိုက်မှုများရှိနေသဖြင့် မိုင်းအန္တရာယ်အသိပညာပေးခြင်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။

“ICRC အဖွဲ့ကနေ တစ်နှစ်ကို (၂) ခါလောက် မိုင်းအန္တရာယ်အသိပညာပေး လာလုပ်ပေးတာရှိတယ်။ လူမှုကူညီရေးအသင်းသားတွေလည်း သင်ရတယ်။ အဓိကက ကျေးရွာတွေက ဒေသခံတွေလည်း အဲဒီလို ကျယ်ကျယ်ပြန့်ပြန့်သိဖို့ လိုအပ်တယ်။ အသိပညာပေးလုပ်ငန်းကတော့ ဒီဒေသအတွက် အမြဲတမ်း လိုအပ်နေတာပါ”ဟု ကျောက်မဲရှိ အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်းမှ ဦးမြဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့နှင့် (၁၃) မိုင်ခန့်အကွာရှိ နမ့်မန်းကျေးရွာအနီး လမ်းနံဘေးတွင်၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက်(၉)နာရီ (၄၅)မိနစ်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ဆိုင်ကယ်စီးနင်းလာသည့် အသက်(၂၆)နှစ်နှင့် (၂၀)အရွယ် အမျိုးသမီးငယ်(၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မနန်းငွေခိုင်တွင် ဒဏ်ရာမပြင်းထန်သော်လည်း ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းလာသူ မခမ်းရင်မှာ စိုးရိမ်ရသည့်အခြေအနေဖြင့်  ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် အခြေခံပညာကျောင်းများတွင် မိုင်းအန္တရာယ်အသိပညာပေး လုပ်ဆောင်မှုများရှိခဲ့သော်လည်း ဒေသအခြေအနေအရ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့က အညိုရောင်နယ်မြေမှာနေရတာဖြစ်တဲ့အတွက် အဲဒီလိုကျေးရွာသွားလမ်းတွေမှာ ခဏခဏပေါက်ကွဲမှုဖြစ်ပွားတာတွေကို ဘယ်သူတွေလုပ်တာပါလို့ ပြောပြဖို့ခက်တယ်ဗျ။ ဒီဘက်မှာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း လှုပ်ရှားနေတယ်ဆိုတော့ နီးရာဓါးကို ကြောက်ရပါတယ်။ မိုင်းတွေကို ရှာဖွေရှင်းလင်းတာရယ်၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းတွေ လုပ်ပေးတာရယ် လိုအပ်တယ်လို့ ထင်တယ်" ဟု ကျောက်မဲနှင့် (၁၃) မိုင်ခန့်ဝေးကွာသည့် နမ့်မန်းကျေးရွာမှ ကျောက်မဲ-မိုင်းငေါ့လမ်းကို နေ့စဉ်ဖြတ်သန်း ဈေးရောင်းနေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့မှ မိုင်းငေါ့မြို့သို့သွားသည့် လမ်းမကြီးပေါ်ရှိ နမ့်မန်းကျေးရွာအနီးတွင် နိုဝင်ဘာလ ဒုတိယပတ် အတွင်း မိုင်းပေါက်ကွဲမှု(၂)ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~