ကယားျပည္နယ္မွ (၁၀၁)ဦး တုိင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးေရးတကၠသိုလ္ႏွင့္ တုိင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရး ေကာလိပ္မ်ားသို႔ တက္ေရာက္ခြင့္ ရရွိ

ကယားျပည္နယ္မွ (၁၀၁)ဦး တုိင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးေရးတကၠသိုလ္ႏွင့္ တုိင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရး ေကာလိပ္မ်ားသို႔ တက္ေရာက္ခြင့္ ရရွိ
နိုဝင်ဘာ 7, 2018
By Tachileik News Agency

၂၀၁၈ -၂၀၁၉ ပညာသင္ႏွစ္တြင္  ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးေရးတကၠသိုလ္ႏွင့္ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရး ဒီဂရီေကာလိပ္မ်ားသို႔ ကယားျပည္နယ္မွ (၁၀၁) ဦး တက္ေရာက္ခြင့္ ရရိွေၾကာင္း သိရသည္။

ကယားျပည္နယ္မွ လူငယ္(၁၀၁)ဦးသည္  ျပည္ေထာင္စု တိုင္းရင္းသားလူမ်ိဳး မ်ားဖြံ႕ၿဖိဳးေရးတကၠသိုလ္သို႔ (၂၉) ဦး၊  ျပည္ေထာင္စုတိုင္းရင္းသားလူငယ္ မ်ား စြမ္းရည္ဖြံ႕ၿဖိဳး ေရး ဒီဂရီေကာလိပ္(ရန္ကုန္)သို႔  (၄၈)ဦး၊ ျပည္ေထာင္စုတိုင္းရင္းသား လူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရး ဒီဂရီေကာလိပ္(စစ္ကိုင္း)သို႔ (၂၄) ဦးစီ အသီးသီး တက္ေရာက္ခြင့္ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တက္ေရာက္ခြင့္ရ သင္တန္းသားသင္တန္းသူမ်ားႏွင့္ မိဘမ်ားအား  ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၆) ရက္ေန႔တြင္ ျပည္နယ္အစိုးရအဖြဲ႕က လြိဳင္ေကာ္ၿမိဳ႕ရိွ ၿမိဳ႕နယ္ခန္းမတြင္ ေတြ႕ဆုံၿပီး သင္တန္း တက္ေရာက္ၾကမည့္ လူငယ္တစ္ဦးလွ်င္ ေငြက်ပ္(၂)ေသာင္းႏႈန္း ေထာက္ပံ့ေပးထားေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ၾဆာခ်စ္


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ -၂၀၁၉ ပညာသင်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များသို့ ကယားပြည်နယ်မှ (၁၀၁) ဦး တက်ရောက်ခွင့် ရရှိကြောင်း သိရသည်။

ကယားပြည်နယ်မှ လူငယ်(၁၀၁)ဦးသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးရေးတက္ကသိုလ်သို့ (၂၉) ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ (၄၈)ဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ (၂၄) ဦးစီ အသီးသီး တက်ရောက်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တက်ရောက်ခွင့်ရ သင်တန်းသားသင်တန်းသူများနှင့် မိဘများအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့ရှိ မြို့နယ်ခန်းမတွင် တွေ့ဆုံပြီး သင်တန်း တက်ရောက်ကြမည့် လူငယ်တစ်ဦးလျှင် ငွေကျပ်(၂)သောင်းနှုန်း ထောက်ပံ့ပေးထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ဆြာချစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~