က်ိဳင္းတံုႏွင့္ မုိင္းျဖတ္ၿမိဳ႕မ်ားတြင္ မ်က္စိေဝဒနာရွင္မ်ားအား အခမဲ့ကုသေပးမည္ျဖစ္၍ စာရင္းေပးသြင္းႏိုင္ၿပီ

က်ိဳင္းတံုႏွင့္ မုိင္းျဖတ္ၿမိဳ႕မ်ားတြင္ မ်က္စိေဝဒနာရွင္မ်ားအား အခမဲ့ကုသေပးမည္ျဖစ္၍ စာရင္းေပးသြင္းႏိုင္ၿပီ
နိုဝင်ဘာ 8, 2018
By 🌸
ရန္ကုန္ၿမိဳ႕မွ မ်က္စိပါရဂူႀကီးမ်ားႏွင့္ ကၽြမ္းက်င္ပညာရွင္မ်ားပါဝင္သည့္ ခ်ယ္ရီေမတၱာေဖာင္ေဒးရွင္းက ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ႏွင့္ မုိင္းျဖတ္ၿမိဳ႕တြင္ မ်က္စိအခမဲ့ကုသေပးမည္ျဖစ္၍ ဆက္သြယ္စာရင္းေပးသြင္းႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

ေဖာင္ေဒးရွင္း၏ (၂၅) ႀကိမ္ေျမာက္ စကၡဳဒါနလွဴဒါန္းပြဲအျဖစ္ က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ႏို္၀င္ဘာလ (၂၆)ရက္ေန႔မွ ဒီဇင္ဘာလ(၁)ရက္ေန႔အထိလည္းေကာင္း မုိင္းျဖတ္ၿမိဳ႕တြင္ (၂၆)ႀကိ္မ္ေျမာက္ စကၡဳဒါနလွဴဒါနး္ပြဲအျဖစ္ ႏိုဝင္ဘာလ (၂၅)ရက္ေန႔မွ ႏိုဝင္ဘာလ(၂၈)ရက္ေန႔အထိလည္းေကာင္း ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“တစ္ျခားေဒသက ေဝဒနာရွင္ေတြလည္း လာလို႔ရပါတယ္။ လာမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔က ေနဖို႔ထိုင္ဖို႔အတြက္ကေတာ့ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ေနရမွာ ျဖစ္ပါတယ္။ က်န္တဲ့ စမ္းသပ္ခ၊ ခြဲစိတ္ခ၊ မ်က္မွန္နဲ႕ ေဆးဝါးေတြအတြက္ကေတာ့ အခမဲ့ပါ”ဟု ေဒါက္တာဂ်ိဳးေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာ သည္။

က်ိဳင္းတုံၿမိဳ႕တြင္ ေကာင္းမွဴးခမ္း ေက်ာင္းတိုက္၌ စမ္းသပ္ေပးသြားမည္ျဖစ္ၿပီး ခြဲစိတ္ရန္ လိုအပ္သူမ်ားကို ႏိုဝင္ဘာလ(၂၉)ရက္မွ ဒီဇင္ဘာလ(၁)ရက္ေန႔အထိ က်ိဳင္းတုံၿမိဳ႕ရိွ ကုတင္(၂၀၀)ဆံ့ ျပည္သူ႔ေဆးရုံၾကီးတြင္ ခြဲစိတ္ကုသေပးသြားမည္ ျဖစ္ေၾကာင္း သိရၿပီး မိုင္းျဖတ္ၿမိဳ႕တြင္ ျပည္သူ႔ေဆးရံုႀကီး၌ စမ္းသပ္ကုသမႈမ်ား လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဆးကုသမႈ ခံယူလိုေသာ မ်က္စိေဝဒနာရွင္မ်ားအေနျဖင့္ သက္ဆိုင္ရာ ရပ္ကြက္၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရုံးမ်ားတြင္ စာရင္းေပးႏိုင္သည့္အျပင္ က်ိဳင္းတံုၿမိဳ႕တြင္ ကုသမႈခံယူလိုသူမ်ာအးေနျဖင့္ ေဒါက္တာ စိုင္းစိုင္း ၀၉ ၅၂၅၂၈၈၉၊ ေဒါက္တာ ဂ်ိဳးေဇာ္ ၀၉ ၄၅၈၀၃၁၃၅၃၊ ေဒါက္တာ ဥာဏ္လင္းထိုက္ ၀၉၅၂၄၂၉၀၅ ၊ဦးေအာင္ေဌး ၀၉ ၄၅၆၅၅၉၇၇၇ တို႔သို႔လည္းေကာင္း မိုင္းျဖတ္ၿမိဳ႕တြင္ ကုသမႈခံယူလိုသူမ်ားအေနျဖင့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္း ၀၉ ၅၂၅၀၀၁၄၊ ၀၉ ၃၁၀၀၁၆၁၆၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္သည့္ ဦးစိုင္းေက်ာက္ ၀၉ ၄၂၈၂၁၀၈၄၁ႏွင့္ ဦးအားကို ၀၉ ၄၂၈၂၁၀၈၆၆ တို႔သို႔ ဆက္သြယ္စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

ခ်ယ္ရီေမတၱာေဖာင္ေဒးရွင္းသည္ ႏွစ္စဥ္ နယ္ၿမိဳ႕မ်ားတြင္ အခမဲ့ မ်က္စိခြဲစိတ္ ကုသေပးျခင္းမ်ားကို ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံနှင့် မိုင်းဖြတ်မြို့များတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးမည်ဖြစ်၍ စာရင်းပေးသွင်းနိုင်ပြီ
************
ရန်ကုန်မြို့မှ မျက်စိပါရဂူကြီးများနှင့် ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ချယ်ရီမေတ္တာဖောင်ဒေးရှင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့တွင် မျက်စိအခမဲ့ကုသပေးမည်ဖြစ်၍ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဖောင်ဒေးရှင်း၏ (၂၅) ကြိမ်မြောက် စက္ခုဒါနလှူဒါန်းပွဲအဖြစ် ကျိုင်းတုံမြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့အထိလည်းကောင်း မိုင်းဖြတ်မြို့တွင် (၂၆)ကြိမ်မြောက် စက္ခုဒါနလှူဒါန်းပွဲအဖြစ် နိုဝင်ဘာလ (၂၅)ရက်နေ့မှ နိုဝင်ဘာလ(၂၈)ရက်နေ့အထိလည်းကောင်း ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“တစ်ခြားဒေသက ဝေဒနာရှင်တွေလည်း လာလို့ရပါတယ်။ လာမယ်ဆိုရင်တော့ ကျွန်တော်တို့က နေဖို့ထိုင်ဖို့အတွက်ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ စမ်းသပ်ခ၊ ခွဲစိတ်ခ၊ မျက်မှန်နဲ့ ဆေးဝါးတွေအတွက်ကတော့ အခမဲ့ပါ”ဟု ဒေါက်တာဂျိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြော သည်။

ကျိုင်းတုံမြို့တွင် ကောင်းမှူးခမ်း ကျောင်းတိုက်၌ စမ်းသပ်ပေးသွားမည်ဖြစ်ပြီး ခွဲစိတ်ရန် လိုအပ်သူများကို နိုဝင်ဘာလ(၂၉)ရက်မှ ဒီဇင်ဘာလ(၁)ရက်နေ့အထိ ကျိုင်းတုံမြို့ရှိ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရပြီး မိုင်းဖြတ်မြို့တွင် ပြည်သူ့ဆေးရုံကြီး၌ စမ်းသပ်ကုသမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးကုသမှု ခံယူလိုသော မျက်စိဝေဒနာရှင်များအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် စာရင်းပေးနိုင်သည့်အပြင် ကျိုင်းတုံမြို့တွင် ကုသမှုခံယူလိုသူမျာအးနေဖြင့် ဒေါက်တာ စိုင်းစိုင်း ၀၉ ၅၂၅၂၈၈၉၊ ဒေါက်တာ ဂျိုးဇော် ၀၉ ၄၅၈၀၃၁၃၅၃၊ ဒေါက်တာ ဉာဏ်လင်းထိုက် ၀၉၅၂၄၂၉၀၅ ၊ဦးအောင်ဌေး ၀၉ ၄၅၆၅၅၉၇၇၇ တို့သို့လည်းကောင်း မိုင်းဖြတ်မြို့တွင် ကုသမှုခံယူလိုသူများအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း ၀၉ ၅၂၅၀၀၁၄၊ ၀၉ ၃၁၀၀၁၆၁၆၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက် ၀၉ ၄၂၈၂၁၀၈၄၁နှင့် ဦးအားကို ၀၉ ၄၂၈၂၁၀၈၆၆ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ချယ်ရီမေတ္တာဖောင်ဒေးရှင်းသည် နှစ်စဉ် နယ်မြို့များတွင် အခမဲ့ မျက်စိခွဲစိတ် ကုသပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~