ကြမ္လံုၿမိဳ႕နယ္အတြင္း ေက်းရြာမ်ား၏ ပညာေရးႏွင့္ က်န္းမာေရးက႑ လိုအပ္ခ်က္မ်ားကို ျပည္နယ္အစိုးရ ကြင္းဆင္းစစ္ေဆး

ကြမ္လံုၿမိဳ႕နယ္အတြင္း ေက်းရြာမ်ား၏ ပညာေရးႏွင့္ က်န္းမာေရးက႑ လိုအပ္ခ်က္မ်ားကို ျပည္နယ္အစိုးရ ကြင္းဆင္းစစ္ေဆး
အောက်တိုဘာ 14, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြမ္လံုၿမိဳ႕နယ္အတြင္းရိွ ေက်းရြာမ်ားတြင္ ပညာေရးႏွင့္ က်န္းမာေရး က႑ဆိုင္ရာ လိုအပ္ခ်က္မ်ားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႔က ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၄)ရက္ေန႔တြင္ ကြင္းဆင္း စစ္ေဆးေနေၾကာင္း သိရသည္။

“အဓိကကေတာ့ ရြာဆိုေတာ့ မျပည့္စံုတာေတြေတာ့ အမ်ားႀကီးေပါ့။ ဝန္ထမ္းအိမ္ယာေတြ မရိွဘူး။ စာသင္ေက်ာင္းေတြ မလံုေလာက္ဘူး။ မီးလည္းမရိွဘူး။ လွ်ပ္စစ္မီးကလည္း မေရာက္ဘူးေလ။ မေရာက္ေတာ့ သူတုိ႔ကို ဆိုလာမီးေလးေပးလုိက္တာ တစ္ရြာ၊ က်န္တဲ့ႏွစ္ရြာကေတာ့ မီးစက္ေသးေလးေတြေပါ့။ ေက်ာင္းေဆာင္ေလးေတြမွာေတာ့ သံုးလို႔ရသြားမွာေပါ့။ ဒီလိုအပ္ခ်က္ေတြလုပ္ေပးဖို႔က အခုဘ႑ာႏွစ္ေတာ့ မမီေတာ့ဘူး။ လာမယ့္ ဘ႑ာႏွစ္အတြင္း ဘတ္ဂ်က္ေပၚမူတည္ၿပီး လုပ္ေပးသြားမွာပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြမ္လံုၿမိဳ႕နယ္အတြင္း ေျမာင္စီးတုိင္းရင္းသားအမ်ားစု ေနထုိင္ရာ ၾကဴေကာ္ယြင္ေက်းရြာ၊ ကိုးကန္႔ တုိင္းရင္းသားအမ်ားစုေနထုိင္ရာ ကန္မိန္းေက်းရြာႏွင့္ “ဝ” တုိင္းရင္းသားအမ်ားစုေနထိုင္ရာ ေကာင္းေကာ္ေက်းရြာမ်ားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းက နယ္ေျမကြင္းဆင္းစစ္ေဆးမႈ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ေကာင္းေကာ္ရြာက ေခ်ာင္းကူးတံတားေလးမွာ ဝါးတံတားေလးက ပ်က္ေနတယ္။ ကေလးေတြက ဒီဘက္ကို ေက်ာင္းလာတက္ရာမွာ ဒီတံတားေလးကေန လာတက္ရေတာ့ ေၾကာက္ေနၾကတယ္ေလ။ မေန႔ကေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကိုပါေခၚသြားၿပီး အနီးစပ္ဆံုး လႊတ္ေတာ္ရန္ပံုေငြကရရင္ေတာ့ ျမန္ျမန္ေလးလုပ္ေပးဖို႔ ညိႇေပးခဲ့ပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းက ေျပာသည္။
 အဆိုပါ ေက်းရြာမ်ားႏွင့္ စာသင္ေက်ာင္းမ်ားအတြက္ လိုအပ္ေနသည့္ မီးစက္ႏွင့္ ဆိုလာမီးမ်ားကိုလည္း ပံ့ပိုးေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါေဒသမ်ားအတြင္း လိုအပ္ခ်က္မ်ားကို ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္ ကြမ္လံုၿမိဳ႕နယ္၏ ဘတ္ဂ်က္ခြဲတမ္းေပၚမူတည္ၿပီး ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု -MT

~~~~~~~~⊰❂ unicode ~~~~~~~~
ကွမ်လုံမြို့နယ်အတွင်း ကျေးရွာများ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ လိုအပ်ချက်များကို ပြည်နယ်အစိုးရ ကွင်းဆင်းစစ်ဆေး
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်လုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးနေကြောင်း သိရသည်။

“အဓိကကတော့ ရွာဆိုတော့ မပြည့်စုံတာတွေတော့ အများကြီးပေါ့။ ဝန်ထမ်းအိမ်ယာတွေ မရှိဘူး။ စာသင်ကျောင်းတွေ မလုံလောက်ဘူး။ မီးလည်းမရှိဘူး။ လျှပ်စစ်မီးကလည်း မရောက်ဘူးလေ။ မရောက်တော့ သူတို့ကို ဆိုလာမီးလေးပေးလိုက်တာ တစ်ရွာ၊ ကျန်တဲ့နှစ်ရွာကတော့ မီးစက်သေးလေးတွေပေါ့။ ကျောင်းဆောင်လေးတွေမှာတော့ သုံးလို့ရသွားမှာပေါ့။ ဒီလိုအပ်ချက်တွေလုပ်ပေးဖို့က အခုဘဏ္ဍာနှစ်တော့ မမီတော့ဘူး။ လာမယ့် ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက်ပေါ်မူတည်ပြီး လုပ်ပေးသွားမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွမ်လုံမြို့နယ်အတွင်း မြောင်စီးတိုင်းရင်းသားအများစု နေထိုင်ရာ ကြူကော်ယွင်ကျေးရွာ၊ ကိုးကန့် တိုင်းရင်းသားအများစုနေထိုင်ရာ ကန်မိန်းကျေးရွာနှင့် “ဝ” တိုင်းရင်းသားအများစုနေထိုင်ရာ ကောင်းကော်ကျေးရွာများတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက နယ်မြေကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်းကော်ရွာက ချောင်းကူးတံတားလေးမှာ ဝါးတံတားလေးက ပျက်နေတယ်။ ကလေးတွေက ဒီဘက်ကို ကျောင်းလာတက်ရာမှာ ဒီတံတားလေးကနေ လာတက်ရတော့ ကြောက်နေကြတယ်လေ။ မနေ့ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုပါခေါ်သွားပြီး အနီးစပ်ဆုံး လွှတ်တော်ရန်ပုံငွေကရရင်တော့ မြန်မြန်လေးလုပ်ပေးဖို့ ညှိပေးခဲ့ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ပြောသည်။

 အဆိုပါ ကျေးရွာများနှင့် စာသင်ကျောင်းများအတွက် လိုအပ်နေသည့် မီးစက်နှင့် ဆိုလာမီးများကိုလည်း ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါဒေသများအတွင်း လိုအပ်ချက်များကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ကွမ်လုံမြို့နယ်၏ ဘတ်ဂျက်ခွဲတမ်းပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ -MT

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~