မိုင္းဆတ္ၿမိဳ႕တြင္ ရဲလုပ္ငန္းတြင္ပူးေပါင္းပါဝင္သည့္ ေဒသခံမ်ားအား (၅၄)ႏွစ္ေျမာက္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႔တြင္ ဂုဏ္ျပဳခ်ီးျမႇင့္

မိုင္းဆတ္ၿမိဳ႕တြင္ ရဲလုပ္ငန္းတြင္ပူးေပါင္းပါဝင္သည့္ ေဒသခံမ်ားအား (၅၄)ႏွစ္ေျမာက္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႔တြင္ ဂုဏ္ျပဳခ်ီးျမႇင့္
အောက်တိုဘာ 1, 2018
By 🌸
 (၅၄)ႏွစ္ေျမာက္္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕၌ ထူးခၽြန္ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအျပင္ ရဲလုပ္ငန္းတြင္ တက္ၾကြစြာပူးေပါင္းပါဝင္သည့္ ေဒသခံမ်ားကို ဂုဏ္ျပဳခ်ီးျမႇင့္ၿပီး ရဲတပ္ဖြဲ႕ဝင္ေဟာင္းမ်ားကို အမွတ္တရလက္ေဆာင္ေပးအပ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ က်ေရာက္သည့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႔ အထိမ္းအမွတ္အခမ္းအနားကို ခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးတြင္ က်င္းပရာ ထူးခၽြန္ရဲတပ္ဖြဲ႕ဝင္မ်ား၊ မိသားစုစည္းရံုးေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ေရြးခ်ယ္ခံရသည့္ ရဲတပ္ဖြဲ႕ဝင္မိသားစုမ်ားအျပင္ ရဲလုပ္ငန္းတြင္ ပူးေပါင္းပါဝင္ေပးခဲ့သည့္ ေဒသခံမ်ားကိုပါ ဂုဏ္ျပဳဆုမ်ား ခ်ီးျမႇင့္ခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္ေဟာင္းမ်ားအား အမွတ္တရလက္ေဆာင္မ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးတြင္ က်င္းပသည့္အဆုိပါအခမ္းအနားတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ ရဲခ်ဳပ္၊ ဒုတိ္ယရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္၀င္းဦးထံမွေပးပို႔ေသာ သ၀ဏ္လႊာအား  ေခတၱခရုိင္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးျမင့္ေရႊဖတ္ၾကားခဲ့ၿပီး ဂုဏ္ျပဳဆုမ်ားကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းခတၱိယ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ိဳးေအာင္၊ ေခတၱခရုိင္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးျမင့္ေရႊ၊ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးေအာင္ႏိုင္ေရႊႏွင့္ တာ၀န္ရွိသူတို႔က ခ်ီးျမႇင့္ေၾကာင္း သိရသည္။

အဆုိပါ အခမ္းအနားတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔ မွတ္တမ္း(၅)မိနစ္စာ ဗီဒီယိုျပသၿပီး အထိမ္းအမွတ္ျပခန္းကိုလည္း ျပသထားေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေဇာ္ဝမ္းထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်မြို့တွင် ရဲလုပ်ငန်းတွင်ပူးပေါင်းပါဝင်သည့် ဒေသခံများအား (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ဂုဏ်ပြုချီးမြှင့်
***************
 (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ထူးချွန်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအပြင် ရဲလုပ်ငန်းတွင် တက်ကြွစွာပူးပေါင်းပါဝင်သည့် ဒေသခံများကို ဂုဏ်ပြုချီးမြှင့်ပြီး ရဲတပ်ဖွဲ့ဝင်ဟောင်းများကို အမှတ်တရလက်ဆောင်ပေးအပ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပရာ ထူးချွန်ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ရွေးချယ်ခံရသည့် ရဲတပ်ဖွဲ့ဝင်မိသားစုများအပြင် ရဲလုပ်ငန်းတွင် ပူးပေါင်းပါဝင်ပေးခဲ့သည့် ဒေသခံများကိုပါ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ဟောင်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည့်အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးထံမှပေးပို့သော သဝဏ်လွှာအား  ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ရွှေဖတ်ကြားခဲ့ပြီး ဂုဏ်ပြုဆုများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ရွှေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ရွှေနှင့် တာဝန်ရှိသူတို့က ချီးမြှင့်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ မှတ်တမ်း(၅)မိနစ်စာ ဗီဒီယိုပြသပြီး အထိမ်းအမှတ်ပြခန်းကိုလည်း ပြသထားကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဇော်ဝမ်းထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~