တရုတ္ႏုိင္ငံသားမ်ားက ျမန္မာအမ်ိဳးသမီးမ်ားကို လက္ထပ္ေခၚေဆာင္သြားကာ တရုတ္ႏုိင္ငံတြင္ ျပန္လည္ ေရာင္းစားမႈကို အမ်ားဆံုး ေတြ႔ရွိ

တရုတ္ႏုိင္ငံသားမ်ားက ျမန္မာအမ်ိဳးသမီးမ်ားကို လက္ထပ္ေခၚေဆာင္သြားကာ တရုတ္ႏုိင္ငံတြင္ ျပန္လည္ ေရာင္းစားမႈကို အမ်ားဆံုး ေတြ႔ရွိ
အောက်တိုဘာ 30, 2018
By Tachileik News Agency

တရုတ္ႏိုင္ငံသားမ်ားက ျမန္မာအမ်ိဳးသမီးမ်ားကို လက္ထပ္ထိမ္းျမားေခၚေဆာင္သြားကာ တရုတ္ႏိုင္ငံတြင္ ျပန္လည္ေရာင္းစားသည့္ လူကုန္ကူးမႈမ်ားကို ေတြ႔ရိွလာရၿပီး ရန္ကုန္တိုင္းေဒသႀကီးတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအထိ ျဖစ္ပြားခဲ့သည့္ လူကုန္ကူးမႈ(၄၅)မႈတြင္ အဓမၼလက္ထပ္ထိမ္းျမားမႈ (၂၆)မႈအထိ ပါဝင္ေၾကာင္း သိရသည္။

“လက္ရိွ ကၽြန္ေတာ္တို႔ ရန္ကုန္တိုင္းအေနနဲ႔ ေျပာရမယ္ဆိုရင္ တရုတ္ကို အဓမၼလက္ထပ္ေစခိုင္းခံရတဲ့ လူကုန္ကူးမႈက အမ်ားဆုံးပဲ။ ႏွစ္တိုင္း အဲဒါက အမ်ားဆုံးပဲ။ အဲဒါၿပီးရင္ ျပည္တြင္း ျပည့္တန္ဆာ၊ ျပည္ပကို ျပည့္တန္ဆာက နည္းနည္းပဲရိွတယ္။ လူကုန္ကူးမႈ က်ဴးလြန္အခံရဆုံးကေတာ့ မိန္းကေလးေတြပါ။ ၿပီးရင္ က်ဴးလြန္သူေတြကလည္း မိန္းကေလး အမ်ားစုပါ၀င္ေနတယ္”ဟု အမွတ္(၆) လူကုန္ကူးမႈတားဆီးႏွိမ္ ႏွင္းေရးရဲတပ္ဖြဲ႕ (ရန္ကုန္တိုင္း)မွ ရဲမွဴးခင္ေမာင္ၾကြယ္က ေျပာသည္။

ယခင္က ျမန္မာအမ်ိဳးသမီးမ်ားကို ျပည္တြင္းရိွ ပြဲစားမ်ားက တရုတ္ႏုိင္ငံသို႔ ပို႔ေဆာင္ၾကၿပီး ေနာက္ပိုင္းတြင္ တရုတ္ႏုိင္ငံသားမ်ားက ျမန္မာႏိုင္ငံတြင္းလာေရာက္၍ အမ်ိဳးသမီးငယ္မ်ားအား အမ်ိဳးမ်ိဳးစည္းရုံးကာ ဘုန္းႀကီးေက်ာင္းမ်ား၊ တရားရုံးမ်ားတြင္ လက္ထပ္ကာ ၎တို႔၏ႏိုင္ငံတြင္ ျပန္လည္ေရာင္းခ်သည္ကို ေတြ႔လာရျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီက တရားသူႀကီးေတြက လက္သာထပ္ေပးေနတာေလ။ တရုတ္ႏုိင္ငံသားနဲ႕ ဒီကမိန္းကေလးေတြက ေတြ႕တာမွ ရက္ပိုင္းပဲ ရိွေသးတာေလ။ ဒါကို လက္ထပ္ေပးတယ္ဆိုတာက မျဖစ္သင့္ပါဘူး။ ေနာက္ၿပီး တရုတ္ကို ျပန္ေခၚသြားရင္ ေကာင္မေလးကိုက်ေတာ့ ေအာက္လမ္းကပဲ ေခၚတယ္ဆိုကတည္းက မဟုတ္ဘူးေလ။ တစ္ကယ္္လက္ထပ္ထားတာဆိုရင္ သူနဲ႕အတူ ေလယာဥ္နဲ႔ ေခၚရမွာေလ။ အခုဟာက ေကာင္မေလးကို Visa ေလးေတာင္ မေလွ်ာက္ေပးဘူးေလ။ ဒီေတာ့ ဟိုေရာက္သြားရင္လည္း ေကာင္မေလးရဲ႕ အခြင့္အေရးေတြလည္း ဆုံးရႈံးပါတယ္”ဟု UN-ACT မွ ေဒၚရင္ရင္ဟန္က ေျပာသည္။

ျမန္မာဗုဒၶဘာသာ၀င္မိန္းမမ်ား လက္ထပ္ထိမ္းျမားျခင္းဆိုင္ရာဥပေဒအရ အသက္(၂၀) ဗုဒၶဘာသာ မိန္းကေလးတစ္ဦးႏွင့္ အိမ္ေထာင္မရိွသည့္ ဗုဒၶဘာသာအမ်ိဳးသားတစ္ဦးတုိ႔အား တရားရံုးက တရားဝင္ လက္ထပ္ခြင့္ျပဳႏုိင္သည့္အခ်က္မွာ လူကုန္ကူးမည့္ တရုတ္ႏုိင္ငံသားမ်ားအတြက္ အားသာခ်က္ တစ္ခုျဖစ္ေနကာ အဆိုပါကိစၥမ်ားကို အေရးယူရန္ ခက္ခဲေနေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္အတြင္း ရန္ကုန္တိုင္းေဒသႀကီး၌ လူကုန္ကူးမႈ (၄၅) မႈ ျဖစ္ပြားခဲ့ရာ အဓမၼလက္ထပ္ထိမ္းျမားမႈ (၂၆)မႈ၊ ျပည့္တန္ဆာမႈ (၁၄)မႈႏွင့္ အဓမၼေစခိုင္းမႈ (၅)မႈ ပါ၀င္ေနၿပီး လိႈင္သာယာၿမိဳ႕နယ္တြင္ အမ်ားဆံုးျဖစ္ပြားေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံသားများက မြန်မာအမျိုးသမီးများကို လက်ထပ်ထိမ်းမြားခေါ်ဆောင်သွားကာ တရုတ်နိုင်ငံတွင် ပြန်လည်ရောင်းစားသည့် လူကုန်ကူးမှုများကို တွေ့ရှိလာရပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအထိ ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု(၄၅)မှုတွင် အဓမ္မလက်ထပ်ထိမ်းမြားမှု (၂၆)မှုအထိ ပါဝင်ကြောင်း သိရသည်။

“လက်ရှိ ကျွန်တော်တို့ ရန်ကုန်တိုင်းအနေနဲ့ ပြောရမယ်ဆိုရင် တရုတ်ကို အဓမ္မလက်ထပ်စေခိုင်းခံရတဲ့ လူကုန်ကူးမှုက အများဆုံးပဲ။ နှစ်တိုင်း အဲဒါက အများဆုံးပဲ။ အဲဒါပြီးရင် ပြည်တွင်း ပြည့်တန်ဆာ၊ ပြည်ပကို ပြည့်တန်ဆာက နည်းနည်းပဲရှိတယ်။ လူကုန်ကူးမှု ကျူးလွန်အခံရဆုံးကတော့ မိန်းကလေးတွေပါ။ ပြီးရင် ကျူးလွန်သူတွေကလည်း မိန်းကလေး အများစုပါဝင်နေတယ်”ဟု အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ် နှင်းရေးရဲတပ်ဖွဲ့ (ရန်ကုန်တိုင်း)မှ ရဲမှူးခင်မောင်ကြွယ်က ပြောသည်။

ယခင်က မြန်မာအမျိုးသမီးများကို ပြည်တွင်းရှိ ပွဲစားများက တရုတ်နိုင်ငံသို့ ပို့ဆောင်ကြပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံတွင်းလာရောက်၍ အမျိုးသမီးငယ်များအား အမျိုးမျိုးစည်းရုံးကာ ဘုန်းကြီးကျောင်းများ၊ တရားရုံးများတွင် လက်ထပ်ကာ၎င်းတို့၏နိုင်ငံတွင် ပြန်လည်ရောင်းချသည်ကို တွေ့လာရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီက တရားသူကြီးတွေက လက်သာထပ်ပေးနေတာလေ။ တရုတ်နိုင်ငံသားနဲ့ ဒီကမိန်းကလေးတွေက တွေ့တာမှ ရက်ပိုင်းပဲ ရှိသေးတာလေ။ ဒါကို လက်ထပ်ပေးတယ်ဆိုတာက မဖြစ်သင့်ပါဘူး။ နောက်ပြီး တရုတ်ကို ပြန်ခေါ်သွားရင် ကောင်မလေးကိုကျတော့ အောက်လမ်းကပဲ ခေါ်တယ်ဆိုကတည်းက မဟုတ်ဘူးလေ။ တစ်ကယ်လက်ထပ်ထားတာဆိုရင် သူနဲ့အတူ လေယာဉ်နဲ့ ခေါ်ရမှာလေ။ အခုဟာက ကောင်မလေးကို Visa လေးတောင် မလျှောက်ပေးဘူးလေ။ ဒီတော့ ဟိုရောက်သွားရင်လည်း ကောင်မလေးရဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးပါတယ်”ဟု UN-ACT မှ ဒေါ်ရင်ရင်ဟန်က ပြောသည်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေအရ အသက်(၂၀) ဗုဒ္ဓဘာသာ မိန်းကလေးတစ်ဦးနှင့် အိမ်ထောင်မရှိသည့် ဗုဒ္ဓဘာသာအမျိုးသားတစ်ဦးတို့အား တရားရုံးက တရားဝင် လက်ထပ်ခွင့်ပြုနိုင်သည့်အချက်မှာ လူကုန်ကူးမည့် တရုတ်နိုင်ငံသားများအတွက် အားသာချက် တစ်ခုဖြစ်နေကာ အဆိုပါကိစ္စများကို အရေးယူရန် ခက်ခဲနေကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လူကုန်ကူးမှု (၄၅) မှု ဖြစ်ပွားခဲ့ရာ အဓမ္မလက်ထပ်ထိမ်းမြားမှု (၂၆)မှု၊ ပြည့်တန်ဆာမှု (၁၄)မှုနှင့် အဓမ္မစေခိုင်းါသသါနမှု (၅)မှု ပါဝင်နပြေီး လှိုင်သာယာမြို့နယ်တွင် အများဆုံးဖြစ်ပွားကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~