
အောကျတိုဘာ 26, 2018
By 🌸


သိမ်းဆည်းမြေပြန်ပေးရန် ဗီနိုင်းဆိုင်းဘုတ်ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခြင်းကို သက်ဆိုင်ရာထံမှ ခွင့်ပြုချက်ရယူလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း၊ဓာတ်ပုံ #ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက လျော်ကြေးမပေးဘဲ သိမ်းထားသည့်မြေ ပြန်ရရန် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
************

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက လျော်ကြေးမပေးဘဲ သိမ်းဆည်းထားသည့်မြေနေရာ ပြန်လည်ရရှိရန် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သည်ကို တွေ့ရသည်။

"ကျွန်တော့်မိဘပိုင်မြေနေရာကို ပြန်လည်စွန့်လွှတ်ပေးဖို့ သက်ဆိုင်ရာတွေဆီကို အကြိမ်ကြိမ်တင်ပြခဲ့ပေမဲ့ ဘာမှဆောင်ရွက်ပေးခြင်းမရှိခဲ့တာကြောင့် မြေနေရာပြန်လည်ရရှိရေးတင်ပြခဲ့ပေမဲ့ ဆောင်ရွက်ပေးခြင်းမရှိခဲ့သူတွေကို အရေးယူပေးဖို့ ဆန္ဒဖော်ထုတ်တာပါ"ဟု တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးပေါက်ကြီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သိမ်းဆည်းမြပြေန်ပေးရန် ဗီနိုင်းဆိုင်းဘုတ်ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်းကို သက်ဆိုင်ရာထံမှ ခွင့်ပြုချက်ရယူလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမြေနေရာကို ၁၉၉၆ ခုနှစ်က သိမ်းဆည်းရာတွင် လျော်ကြေးပေးခဲ့ခြင်းမရှိဘဲ ၂၀၀၁ ခုနှစ်တွင် အဆောက်အဦဆောက်ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ပုဂ္ဂလိကလုပ်ငန်းတစ်ခုကို အငှါးချထားပေးခဲ့ကာ လက်ရှိတွင် မည်သည့်လုပ်ငန်းမှ လုပ်ဆောင်ခြင်းမရှိတော့သဖြင့် မူလပိုင်ရှင်ထံပြန်လည်ပေးအပ်ရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~