တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္းရွိ ေလာင္းကစားဂိမ္းခံုမ်ား ပိတ္သိမ္းေပးေရးအတြက္ မယ္ေခါင္ရပ္ကြက္ေန အိမ္ေထာင္စု(၂၅၀)ေက်ာ္က လက္မွတ္ေရးထိုးကာ ေထြ/အုပ္သို႔ တင္ျပထား

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္းရွိ ေလာင္းကစားဂိမ္းခံုမ်ား ပိတ္သိမ္းေပးေရးအတြက္ မယ္ေခါင္ရပ္ကြက္ေန အိမ္ေထာင္စု(၂၅၀)ေက်ာ္က လက္မွတ္ေရးထိုးကာ ေထြ/အုပ္သို႔ တင္ျပထား
စက်တင်ဘာ 25, 2018
By Tachileik News Agency
ျမန္မာ - ထုိင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ မယ္ေခါင္ရပ္ကြက္တြင္းမွ ေလာင္းကစားဂိမ္းခံုမ်ား ပိတ္သိမ္းေပးေရးအတြက္ ရပ္ကြက္ေန အိမ္ေထာင္စု (၂၅၃)စုက လက္မွတ္ ေရးထုိးၿပီး ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလအတြင္း တင္ျပထားေၾကာင္း သိရသည္။

“လြန္ခဲ့တဲ့ ႏွစ္ပတ္ကတည္းက ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို တင္ျပထားၿပီးေတာ့ ခရိုင္ကိုလည္း မိတၱဴတြဲထားပါတယ္။ အခုထိေတာ့ ဘာမွ မထူးျခားေသးဘူး။ ရပ္ကြက္ထဲမွာက သူ႔ကေလး၊ ကိုယ့္ကေလး လူငယ္ေတြ ဒီေလာင္းကစားဂိမ္းခံုေတြကေန ေဆးစြဲၾကနဲ႔ ၾကာရင္လူငယ္ေတြအတြက္က ရင္ေလးစရာ ေကာင္းေနၿပီ။ ရပ္ကြက္ထဲကပဲ ေဆးစြဲၿပီး ကိုယ့္မိသားစုကိုယ္ ျပန္ရန္ရွာလို႔ မုိင္းကိုး ေဆးျဖတ္စခန္း ပို႔လုိက္ရတာကို (၃)ေယာက္ရိွေနၿပီ။ ဒီလိုမွ မတုိင္ရင္လည္း မရေတာ့ဘူးဆိုၿပီး တုိင္ထားေပမဲ့ ဘာမွေတာ့ မလုပ္ေပးၾကေသးဘူး။ ထပ္မထူးရင္ ထပ္ၿပီး လက္မွတ္ထိုးတုိင္ရမွာပဲ”ဟု မယ္ေခါင္ရပ္ကြက္မွ ေဒသခံတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါရပ္ကြက္မွ ေလာင္းကစားဝိုင္းမ်ား ပိတ္သိမ္းေပးေရး တင္ျပထားသည့္စာႏွင့္ ပတ္သက္၍ စက္တင္ဘာလ (၂၅)ရက္ေန႔တြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးအား တာခ်ီလိတ္သတင္းေအဂ်င္စီက ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းရာ အဆိုပါစာအား ျပန္လည္ၾကည့္ရႈရဦးမည္ျဖစ္ေၾကာင္းသာ ေျဖၾကားခဲ့သည္။

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း အိမ္ေထာင္စုေပါင္း(၅၀၀)နီးပါး ေနထုိင္ၾကသည့္အနက္ အိမ္ေထာင္စု တစ္ခုစီကိုယ္စားျပဳသည့္ လူဦးေရ (၂၅၃)ဦးက လက္မွတ္ထိုးၿပီး ရပ္ကြက္အတြင္းရိွ ေလာင္းကစားဂိမ္းခံု(၁၀)ခုအား ပိတ္သိမ္းေပးရန္ ေတာင္းဆိုထားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီက အေျခအေနကို ဒီကျပည္သူလူထု၊ ဒီကအဖြဲ႕ေတြ အသိဆံုးပဲ။ သတင္းေပးလာတယ္ဆုိရင္ေတာ့ ေျပာလာၿပီဆိုရင္ေတာ့ ဥပေဒနဲ႔အညီလုပ္ရမွာ ကၽြန္ေတာ္တုိ႔ အပိုင္းေပါ့ေလ။ သူတို႔တင္ထားတယ္ ဆိုတာေတာ့ ေလာေလာဆယ္ထိေတာ့ ကၽြန္ေတာ္တုိ႔ဆီ တင္ျပလာတာေတြ မရိွေသးပါဘူး။ ျပည္နယ္လႊတ္ေတာ္မွာလည္း ဒီေလာင္းကစားနဲ႔ပတ္သက္လို႔ ေဆြးေႏြးအတည္ျပဳထားတာေတြရိွတယ္။ စီမံခ်က္ေတြလည္း ရိွလာႏုိင္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္လည္း ေလာင္းကစားမ်ိဳးစံုရိွသည့္အနက္ လူငယ္အမ်ားစုကစားသည့္ ငါးမန္းဂိမ္းေခၚ ေလာင္းကစားဂိမ္းခံုမ်ားမွာ ယခင္က (၄၀၀)ေက်ာ္ခန္႔ရိွေနရာမွ လြန္ခဲ့သည့္ (၆)လခန္႔မွစ၍ ကြန္ပ်ဴတာဂိမ္းမ်ား အသစ္ဝင္လာသျဖင့္ ငါးမန္းဂိမ္းခံု (၂၀၀)ဝန္းက်င္သာရိွေတာ့ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ဆိုသည္။

“ဂိမ္းကေတာ့ အရင္ကေတာ့ အေတာ္မ်ားမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ရိွရာကေန အခု (၆)လေလာက္ အတြင္းမွာ ေတာ္ေတာ္ေလး ေလ်ာ့သြားတာ ေတြ႔ေနရတယ္။ အရင္က ကၽြန္ေတာ္တုိ႔ သိထားတဲ့ (၄၀၀)ေက်ာ္ကေန အခုဆိုရင္ (၂၀၀)ေလာက္ေတာင္ မရိွေတာ့ဘူးလို႔ ေျပာလုိ႔ရတယ္။ ဒီၿမိဳ႕မွာ ေလာင္းကစား ႏွိမ္ႏွင္းမႈကေတာ့ အားနည္းတယ္လို႔ေတာ့ ေျပာရမယ္။ လက္ရိွမွာေတာ့ ၿမိဳ႕မွာက ဂိမ္းခံုက နည္းသြားၿပီး ကြန္ပ်ဴတာဂိမ္းေတြ ဝင္လာတယ္။ ကၽြန္ေတာ္တုိ႔ ေဒသမွာ (၃၆)ေကာင္လို၊ မခုတ္ခပ္(ဂုန္းဂင္း)လို ရိုးရာေလာင္းကစားနည္းေတြလည္း ရိွတယ္။ ဒါကက်ေတာ့ ရိုးရာလိုမ်ိဳး ရာသီပြဲခ်ိန္မွာပဲရိွတာ။ ကာစီႏုိရိွတယ္။ ဂိမ္းခံုရိွတယ္။ ကြန္ပ်ဴတာဂိမ္းရိွတယ္။ ခ်ဲထီဆိုတဲ့ သံုးလံုးထီ ရိွတယ္။ ဂိမ္းခံုေတြရိွတဲ့ သက္ေရာက္မႈကေတာ့ လူငယ္ေတြအေတာ္မ်ားမ်ား ပ်က္စီးတယ္၊ ေလလြင့္တယ္၊ မူးယစ္ေဆး သားေကာင္ျဖစ္သြားၾကတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ဆိုသည္။

အဆိုပါ ေလာင္းကစားဂိမ္းခံုမ်ား ပိတ္သိမ္းေရးႏွင့္ ပတ္သက္၍ ယခင္ကတည္းက တင္ျပမႈမ်ား ရိွခဲ့ေသာ္လည္း တာဝန္ရိွသည့္အဖြဲ႕အစည္းမ်ားက ဂိမ္းခံုမ်ား ပိတ္သိမ္းလိုက္ပါက အလုပ္အကိုင္ အခြင့္အလမ္းမရိွဘဲ အလုပ္လက္မဲ့မ်ားလာႏုိင္သည္ဟု အေၾကာင္းျပခ်က္ျဖင့္ အေရးယူႏိုင္ခဲ့ျခင္း မရိွေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုသည္။

“ကြ်န္ေတာ္ ဒီကိစၥေတြကို ကၽြန္ေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ခ်ိန္မွာ ေဒသတာဝန္ရိွသူေတြကို တင္ျပဖူးပါတယ္။ အဲဒီတုန္းက တာဝန္ရိွတဲ့ အဖြဲ႕အစည္းက ဒီဂိမ္းခံုပိတ္လုိက္ရင္ ဒီလူေတြ သူတို႔ရဲ႕စားဝတ္ေနေရးနဲ႔ အလုပ္အကိုင္ကို တာဝန္ယူခုိင္းခဲ့ဖူးတာေတာင္ရိွတယ္” ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

လက္ရိွတြင္ ႏုိင္ငံျခားသားမ်ားကိုသာ သီးသန္႔ေလာင္းကစားခြင့္ျပဳမည့္ ေလာင္းကစားရံု(ကာစီႏို) တရားဝင္ဖြင့္လွစ္ခြင့္ျပဳမည့္ ေလာင္းကစားဥပေဒမူၾကမ္းကို ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၂၁) ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္သို႔ တင္သြင္းထားျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်တွင်းမှ လောင်းကစားဂိမ်းခုံများ ပိတ်သိမ်းပေးရေးအတွက် ရပ်ကွက်နေ အိမ်ထောင်စု (၂၅၃)စုက လက်မှတ် ရေးထိုးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း တင်ပြထားကြောင်း သိရသည်။

“လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြထားပြီးတော့ ခရိုင်ကိုလည်း မိတ္တူတွဲထားပါတယ်။ အခုထိတော့ ဘာမှ မထူးခြားသေးဘူး။ ရပ်ကွက်ထဲမှာက သူ့ကလေး၊ ကိုယ့်ကလေး လူငယ်တွေ ဒီလောင်းကစားဂိမ်းခုံတွေကနေ ဆေးစွဲကြနဲ့ ကြာရင်လူငယ်တွေအတွက်က ရင်လေးစရာ ကောင်းနပြေီ။ ရပ်ကွက်ထဲကပဲ ဆေးစွဲပြီး ကိုယ့်မိသားစုကိုယ် ပြန်ရန်ရှာလို့ မိုင်းကိုး ဆေးဖြတ်စခန်း ပို့လိုက်ရတာကို (၃)ယောက်ရှိနပြေီ။ ဒီလိုမှ မတိုင်ရင်လည်း မရတော့ဘူးဆိုပြီး တိုင်ထားပေမဲ့ ဘာမှတော့ မလုပ်ပေးကြသေးဘူး။ ထပ်မထူးရင် ထပ်ပြီး လက်မှတ်ထိုးတိုင်ရမှာပဲ”ဟု မယ်ခေါင်ရပ်ကွက်မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါရပ်ကွက်မှ လောင်းကစားဝိုင်းများ ပိတ်သိမ်းပေးရေး တင်ပြထားသည့်စာနှင့် ပတ်သက်၍ စက်တင်ဘာလ (၂၅)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးအား တာချီလိတ်သတင်းအေဂျင်စီက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အဆိုပါစာအား ပြန်လည်ကြည့်ရှုရဦးမည်ဖြစ်ကြောင်းသာ ဖြကြေားခဲ့သည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း အိမ်ထောင်စုပေါင်း(၅၀၀)နီးပါး နေထိုင်ကြသည့်အနက် အိမ်ထောင်စု တစ်ခုစီကိုယ်စားပြုသည့် လူဦးရေ (၂၅၃)ဦးက လက်မှတ်ထိုးပြီး ရပ်ကွက်အတွင်းရှိ လောင်းကစားဂိမ်းခုံ(၁၀)ခုအား ပိတ်သိမ်းပေးရန် တောင်းဆိုထားကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီက အခြေအနေကို ဒီကပြည်သူလူထု၊ ဒီကအဖွဲ့တွေ အသိဆုံးပဲ။ သတင်းပေးလာတယ်ဆိုရင်တော့ ပြောလာပြီဆိုရင်တော့ ဥပဒေနဲ့အညီလုပ်ရမှာ ကျွန်တော်တို့ အပိုင်းပေါ့လေ။ သူတို့တင်ထားတယ် ဆိုတာတော့ လောလောဆယ်ထိတော့ ကျွန်တော်တို့ဆီ တင်ပြလာတာတွေ မရှိသေးပါဘူး။ ပြည်နယ်လွှတ်တော်မှာလည်း ဒီလောင်းကစားနဲ့ပတ်သက်လို့ ဆွေးနွေးအတည်ပြုထားတာတွေရှိတယ်။ စီမံချက်တွေလည်း ရှိလာနိုင်ပါတယ်”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းက ပြောသည်။

တာချီလိတ်မြို့တွင်လည်း လောင်းကစားမျိုးစုံရှိသည့်အနက် လူငယ်အများစုကစားသည့် ငါးမန်းဂိမ်းခေါ် လောင်းကစားဂိမ်းခုံများမှာ ယခင်က (၄၀၀)ကျော်ခန့်ရှိနေရာမှ လွန်ခဲ့သည့် (၆)လခန့်မှစ၍ ကွန်ပျူတာဂိမ်းများ အသစ်ဝင်လာသဖြင့် ငါးမန်းဂိမ်းခုံ (၂၀၀)ဝန်းကျင်သာရှိတော့ကြောင်း တာချီလိတ်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ဆိုသည်။

“ဂိမ်းကတော့ အရင်ကတော့ အတော်များများ ကျယ်ကျယ်ပြန့်ပြန့်ရှိရာကနေ အခု (၆)လလောက် အတွင်းမှာ တော်တော်လေး လျော့သွားတာ တွေ့နေရတယ်။ အရင်က ကျွန်တော်တို့ သိထားတဲ့ (၄၀၀)ကျော်ကနေ အခုဆိုရင် (၂၀၀)လောက်တောင် မရှိတော့ဘူးလို့ ပြောလို့ရတယ်။ ဒီမြို့မှာ လောင်းကစား နှိမ်နှင်းမှုကတော့ အားနည်းတယ်လို့တော့ ပြောရမယ်။ လက်ရှိမှာတော့ မြို့မှာက ဂိမ်းခုံက နည်းသွားပြီး ကွန်ပျူတာဂိမ်းတွေ ဝင်လာတယ်။ ကျွန်တော်တို့ ဒေသမှာ (၃၆)ကောင်လို၊ မခုတ်ခပ်(ဂုန်းဂင်း)လို ရိုးရာလောင်းကစားနည်းတွေလည်း ရှိတယ်။ ဒါကကျတော့ ရိုးရာလိုမျိုး ရာသီပွဲချိန်မှာပဲရှိတာ။ ကာစီနိုရှိတယ်။ ဂိမ်းခုံရှိတယ်။ ကွန်ပျူတာဂိမ်းရှိတယ်။ ချဲထီဆိုတဲ့ သုံးလုံးထီ ရှိတယ်။ ဂိမ်းခုံတွေရှိတဲ့ သက်ရောက်မှုကတော့ လူငယ်တွေအတော်များများ ပျက်စီးတယ်၊ လေလွင့်တယ်၊ မူးယစ်ဆေး သားကောင်ဖြစ်သွားကြတယ်”ဟု တာချီလိတ်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ဆိုသည်။

အဆိုပါ လောင်းကစားဂိမ်းခုံများ ပိတ်သိမ်းရေးနှင့် ပတ်သက်၍ ယခင်ကတည်းက တင်ပြမှုများ ရှိခဲ့သော်လည်း တာဝန်ရှိသည့်အဖွဲ့အစည်းများက ဂိမ်းခုံများ ပိတ်သိမ်းလိုက်ပါက အလုပ်အကိုင် အခွင့်အလမ်းမရှိဘဲ အလုပ်လက်မဲ့များလာနိုင်သည်ဟု အကြောင်းပြချက်ဖြင့် အရေးယူနိုင်ခဲ့ခြင်း မရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

“ကျွန်တော် ဒီကိစ္စတွေကို ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ချိန်မှာ ဒေသတာဝန်ရှိသူတွေကို တင်ပြဖူးပါတယ်။ အဲဒီတုန်းက တာဝန်ရှိတဲ့ အဖွဲ့အစည်းက ဒီဂိမ်းခုံပိတ်လိုက်ရင် ဒီလူတွေ သူတို့ရဲ့စားဝတ်နေရေးနဲ့ အလုပ်အကိုင်ကို တာဝန်ယူခိုင်းခဲ့ဖူးတာတောင်ရှိတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

လက်ရှိတွင် နိုင်ငံခြားသားများကိုသာ သီးသန့်လောင်းကစားခွင့်ပြုမည့် လောင်းကစားရုံ(ကာစီနို) တရားဝင်ဖွင့်လှစ်ခွင့်ပြုမည့် လောင်းကစားဥပဒေမူကြမ်းကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၁) ရက်နေ့က ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~