တာခ်ီလိတ္ခရုိင္ျပည္သူ႔ေဆးရံုသို႔ ေက်ာက္ကပ္ေဆးစက္ႏွင့္ ထာဝရေငြပေဒသာပင္ ရန္ပံုေငြအတြက္ က်ပ္သိန္း ၁၀၀၀ လွဴဒါန္းသူမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္

တာခ်ီလိတ္ခရုိင္ျပည္သူ႔ေဆးရံုသို႔ ေက်ာက္ကပ္ေဆးစက္ႏွင့္ ထာဝရေငြပေဒသာပင္ ရန္ပံုေငြအတြက္ က်ပ္သိန္း ၁၀၀၀ လွဴဒါန္းသူမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္
ဇွန် 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ခရုိင္ ခုတင္(၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုတြင္  ေက်ာက္ကပ္ေဆးစက္ ႏွစ္လံုးႏွင့္ ထာဝရ ေငြပေဒသာပင္အတြက္ က်ပ္သိန္း (၁၀၀၀) လွဴဒါန္းသည့္  ခရုိင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ ၿမဳိ႕မီးလင္းေရးေကာ္မတီတုိ႔အား ၂၀၁၈ ခုႏွစ္ ဇြန္လ (၁) ရက္ေန႔တြင္ အဆုိပါ ေဆးရံုက ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္သည္။

မီးလင္းေရးေကာ္မတီ၏ ရန္ပံုေငြထဲမွ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ဆင္းရဲႏြမ္းပါးလူနာမ်ား ကုသေရး အတြက္ အရင္းမေပ်ာက္မတည္ေငြ က်ပ္သိန္း(၅၀၀)ႏွင့္ ေက်ာက္ကပ္ေဆးစက္ ဝယ္ယူရန္ က်ပ္သိန္း(၂၀၀)၊ မီးလင္းေရးရံုးခြဲ၏ ရန္ပံုေငြထဲမွ ေက်ာက္ကပ္ေဆးစက္ဝယ္ယူရန္ က်ပ္သိန္း (၂၀၀)ႏွင့္ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ေဒသဖြံ႔ၿဖိဳးေရးရန္ပံုေငြထဲမွ  ဆင္းရဲႏြမ္းပါးလူနာမ်ား သုံးစြဲရန္ အတြက္ က်ပ္သိန္း (၁၀၀)တုိ႔ကို လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

ခရိုင္ျပည္သူ႕ေဆးရုံႀကီးတြင္ ယေန႔မွစတင္ကာ ျမိဳ႕မီးလင္းေရးေကာ္မတီႏွင့္ မီးလင္းေရးရုံးခြဲတို႕မွ ထပ္မံ လွဴဒါန္းထားသည့္ ေက်ာက္ကပ္ေဆးစက္အသစ္ (၂)လုံး အပါအ၀င္ ေက်ာက္ကပ္ေဆးစက္ (၃)လုံးျဖင့္ ေက်ာက္ကပ္ေရာဂါ ေ၀ဒနာရွင္မ်ားကို ကုသေပးလွ်က္ရိွေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္  တာခ်ီလိတ္ခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ခုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုမွ ေဆးရုံအုပ္ႀကီး  ေဒါက္တာေရႊ၀င္းက ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္ရာ ခရုိင္စီမံခန္႔ခဲြမႈေကာ္မတီ ဥကၠ႒၊ တာခ်ီလိတ္ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္၊  ၿမဳိ႕မီးလင္းေရးေကာ္မတီႏွင့္ ၿမဳိ႕မီးလင္းေရးရံုးခဲြ တုိ႔မွ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကေၾကာင္း သိရသည္။

ၿမဳိ႕နယ္မီးလင္းေရးေကာ္မတီက ၂၀၁၈ ခုႏွစ္ ၾသဂုတ္လတြင္ ေက်ာက္ကပ္ေဆးစက္တစ္လံုးႏွင့္အတူ ေရသန္႔စက္တစ္လံုးတုိ႔အား ထပ္မံလွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု  - ယာေဆး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်ဆေးစက် နှစ်လုံးနှင့် ထာဝရ ငွေပဒေသာပင်အတွက် ကျပ်သိန်း (၁၀၀၀) လှူဒါန်းသည့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့မီးလင်းရေးကော်မတီတို့အား ၂၀၁၈ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် အဆိုပါ ဆေးရုံက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

မီးလင်းရေးကော်မတီ၏ ရန်ပုံငွေထဲမှ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆင်းရဲနွမ်းပါးလူနာများ ကုသရေး အတွက် အရင်းမပျောက်မတည်ငွေ ကျပ်သိန်း(၅၀၀)နှင့် ကျောက်ကပ်ဆေးစက် ဝယ်ယူရန် ကျပ်သိန်း(၂၀၀)၊ မီးလင်းရေးရုံးခွဲ၏ ရန်ပုံငွေထဲမှ ကျောက်ကပ်ဆေးစက်ဝယ်ယူရန် ကျပ်သိန်း (၂၀၀)နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေထဲမှ ဆင်းရဲနွမ်းပါးလူနာများ သုံးစွဲရန် အတွက် ကျပ်သိန်း (၁၀၀)တို့ကို လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့မှစတင်ကာ မြို့မီးလင်းရေးကော်မတီနှင့် မီးလင်းရေးရုံးခွဲတို့မှ ထပ်မံ လှူဒါန်းထားသည့် ကျောက်ကပ်ဆေးစက်အသစ် (၂)လုံး အပါအဝင် ကျောက်ကပ်ဆေးစက် (၃)လုံးဖြင့် ကျောက်ကပ်ရောဂါေဝဒနာရှင်များကို ကုသပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့မီးလင်းရေးကော်မတီနှင့် မြို့မီးလင်းရေးရုံးခွဲ တို့မှ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။

မြို့နယ်မီးလင်းရေးကော်မတီက ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ကျောက်ကပ်ဆေးစက်တစ်လုံးနှင့်အတူ ရေသန့်စက်တစ်လုံးတို့အား ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~