ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔အထိမ္းအမွတ္ တာခ်ီလိတ္ခရုိင္ႏွင့္ ၿမိဳ႕နယ္ NLD တို႔ သစ္ပင္စိုက္ပ်ိဳး

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔အထိမ္းအမွတ္ တာခ်ီလိတ္ခရုိင္ႏွင့္ ၿမိဳ႕နယ္ NLD တို႔ သစ္ပင္စိုက္ပ်ိဳး
ဇွန် 19, 2018
By Tachileik News Agency

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၃)ႏွစ္ျပည့္ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ႏွင့္ ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အဖြဲ႕ဝင္မ်ားက ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၉)ရက္ေန႔တြင္ သစ္ပင္ေပါင္း (၇၄)ပင္ စိုက္ပ်ိဳးေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ႏွင့္ ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီဝင္မ်ားသည္ သစ္ေတာဦးစီးဌာနႏွင့္ ပူးေပါင္း၍ ကံ့ေကာ္ (၁၄)ပင္၊ လုုမၸဏီအင္ၾကင္း (၁၃)ပင္၊ ခေရပင္ (၁၀)ပင္၊ ပိေတာက္ (၁၀)ပင္၊ မေဟာ္ဂနီ(၁၄)ပင္၊ စိန္ပန္းပင္ (၈)ပင္ ႏွင့္ ခ်ယ္ရီပင္ (၅)ပင္ စုစုေပါင္း (၇၄)ပင္အား တာာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုအတြင္း၊ ဆြတ္ဆိုင္ရြာရွိ လြယ္ယြန္းခမ္း ေရွးေဟာင္းေစတီတြင္ စိုက္ပ်ဳိးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရံုးတြင္ နံနက္ (၉) နာရီမွ ေန႔လယ္ (၁၂) နာရီအထိ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆပ္ကပ္ လွဴဒါန္းျခင္း၊ ေန႔လယ္ (၂)နာရီအခ်ိန္၌ ေရႊဝါနဒီပန္းၿခံတြင္ ငါးသက္ေစ့လႊတ္ျခင္း၊ ညေန (၃)နာရီအခ်ိန္တြင္ ၿမိဳ႕နယ္အားကစားရံုခန္းမ၌ က်င္းပသည့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ဆုဖလား၊ ဖိတ္ေခၚပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ က်င္းပျခင္း၊ ညပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံုေစတီရင္ျပင္ေတာ္ေပၚ၌ ဆီမီးကပ္လွဴပူေဇာ္ျခင္းတို႔ကို လုပ္ေဆာင္ၾကေၾကာင္း သိရသည္။

ဓာတ္ပံု - #ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့တွင် သစ်ပင်ပေါင်း (၇၄)ပင် စိုက်ပျိုးကြောင်း သိရသည်။

တာချီလိတ်ခရိုင်နှင့် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များသည် သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ ကံ့ကော် (၁၄)ပင်၊ လုမ္ပဏီအင်ကြင်း (၁၃)ပင်၊ ခရေပင် (၁၀)ပင်၊ ပိတောက် (၁၀)ပင်၊ မဟော်ဂနီ(၁၄)ပင်၊ စိန်ပန်းပင် (၈)ပင် နှင့် ချယ်ရီပင် (၅)ပင် စုစုပေါင်း (၇၄)ပင်အား တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း၊ ဆွတ်ဆိုင်ရွာရှိ လွယ်ယွန်းခမ်း ရှေးဟောင်းစေတီတွင် စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မွေးနေ့အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခြင်း၊ နေ့လယ် (၂)နာရီအချိန်၌ ရွှေဝါနဒီပန်းခြံတွင် ငါးသက်စေ့လွှတ်ခြင်း၊ ညနေ (၃)နာရီအချိန်တွင် မြို့နယ်အားကစားရုံခန်းမ၌ ကျင်းပသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ဆုဖလား၊ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပခြင်း၊ ညပိုင်းတွင် တာချီလိတ်မြို့ ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်၌ ဆီမီးကပ်လှူပူဇော်ခြင်းတို့ကို လုပ်ဆောင်ကြကြောင်း သိရသည်။

ဓာတ်ပုံ - #အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~