မူဆယ္ၿမိဳ႕မရဲစခန္းရွိ အခ်ဳပ္ေဆာင္မွ ထြက္ေျပးရန္ ႀကိဳးစားသည့္ အခ်ဳပ္သားမ်ားအား ေသနတ္ပစ္ခတ္ ဟန္႔တားထိန္းသိမ္းရာ တစ္ဦးေသဆံုး

မူဆယ္ၿမိဳ႕မရဲစခန္းရွိ အခ်ဳပ္ေဆာင္မွ ထြက္ေျပးရန္ ႀကိဳးစားသည့္ အခ်ဳပ္သားမ်ားအား ေသနတ္ပစ္ခတ္ ဟန္႔တားထိန္းသိမ္းရာ တစ္ဦးေသဆံုး
ဇွန် 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕မရဲစခန္း အခ်ဳပ္ေဆာင္တြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ(၂၂)ရက္ေန႔ ေန႔လယ္(၁၂)နာရီ (၁၅)မိနစ္က တာဝန္က်ရဲတပ္ဖြဲ႕ဝင္အား ေရေႏြးျဖင့္ပက္၍ အခ်ဳပ္ေဆာင္မွ ထြက္ေျပးသည့္ အခ်ဳပ္သားမ်ားအား ေသနတ္ျဖင့္ ဟန္႔တား ပစ္ခတ္ထိန္းသိမ္းရာ အခ်ဳပ္သားတစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။

အခ်ဳပ္ခန္းအတြင္း ထမင္းကန္ထရိုက္က ထမင္းသြင္းေနစဥ္ အလွည့္က် ကင္းတာဝန္က် ရဲတပ္ဖြဲ႔ဝင္ ႏွစ္ဦးအား အခ်ဳပ္သား (၃၉)ဦးရိွေနသည့္ အခ်ဳပ္ခန္းအတြင္းမွ အခ်ဳပ္သား ထြန္းလင္းက ေရေႏြးပူျဖင့္ ပက္သျဖင့္ ရဲတပ္သားမွာ ေရေႏြးပူဒဏ္ရာရသြားစဥ္ အခ်ဳပ္သား (၇)ဦးက အခ်ဳပ္ခန္းတံခါးတြန္းဖြင့္၍ အခ်ဳပ္ေဆာင္ေအာက္သို႔ ေလွကားမွဆင္းေျပးသြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ထြက္ေျပးရန္ ႀကိဳးစားသည့္အခ်ဳပ္သားမ်ားအား ေရွ႕ကင္းတာဝန္က် ရဲတပ္ဖြဲ႕ဝင္က ေသနတ္ျဖင့္ သံုးခ်က္ ဟန္႔တားပစ္ခတ္ရာ အခ်ဳပ္သားႏွစ္ဦးဒဏ္ရာရသြားၿပီး ထြက္ေျပးအခ်ဳပ္သား (၇)ဦးလံုးကို ျပန္လည္ ထိန္းသိမ္းႏုိင္ခဲ့ေၾကာင္း သိရသည္။

ထြက္ေျပးသည့္ အခ်ဳပ္သား ဟန္းသီ(ခ)ဆန္းထြန္းေအာင္၊ ေအာင္ဆန္းဦး၊ အားဟုတ္၊ စိုင္းလွဝင္း၊ စိုင္းစံစု၊ ထြန္းလင္းႏွင့္ အုိက္ဟန္တို႔ အနက္ နမ့္ခမ္းၿမိဳ႕မွ အသက္(၄၀)အရြယ္ အခ်ဳပ္သား စိုင္းလွဝင္းႏွင့္ နမ္မတူၿမိဳ႕မွ အသက္ (၂၉)ႏွစ္အရြယ္ ထြန္းလင္းတို႔မွာ ေသနတ္ဒဏ္ရာ အသီးသီးရသြားခဲ့သျဖင့္ မူဆယ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရ အခ်ဳပ္သားႏွစ္ဦးအား ေန႔လယ္ (၁၂)နာရီ (၄၅)မိနစ္တြင္ မူဆယ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေဆးကုသမႈေပးထားရာ ေန႔လယ္ (၂)နာရီဝန္းက်င္တြင္ စိုင္းလွဝင္းမွာ ရရိွသည့္ဒဏ္ရာျဖင့္ ေသဆံုးသြားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မရဲစခန်း အချုပ်ဆောင်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့ နေ့လယ်(၁၂)နာရီ (၁၅)မိနစ်က တာဝန်ကျရဲတပ်ဖွဲ့ဝင်အား ရေနွေးဖြင့်ပက်၍ အချုပ်ဆောင်မှ ထွက်ပြေးသည့် အချုပ်သားများအား သေနတ်ဖြင့် ဟန့်တား ပစ်ခတ်ထိန်းသိမ်းရာ အချုပ်သားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

အချုပ်ခန်းအတွင်း ထမင်းကန်ထရိုက်က ထမင်းသွင်းနေစဉ် အလှည့်ကျ ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား အချုပ်သား (၃၉)ဦးရှိနေသည့် အချုပ်ခန်းအတွင်းမှ အချုပ်သား ထွန်းလင်းက ရေနွေးပူဖြင့် ပက်သဖြင့် ရဲတပ်သားမှာ ရေနွေးပူဒဏ်ရာရသွားစဉ် အချုပ်သား (၇)ဦးက အချုပ်ခန်းတံခါးတွန်းဖွင့်၍ အချုပ်ဆောင်အောက်သို့ လှေကားမှဆင်းပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးရန် ကြိုးစားသည့်အချုပ်သားများအား ရှေ့ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်က သေနတ်ဖြင့် သုံးချက် ဟန့်တားပစ်ခတ်ရာ အချုပ်သားနှစ်ဦးဒဏ်ရာရသွားပြီး ထွက်ပြေးအချုပ်သား (၇)ဦးလုံးကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ထွက်ပြေးသည့် အချုပ်သား ဟန်းသီ(ခ)ဆန်းထွန်းအောင်၊ အောင်ဆန်းဦး၊ အားဟုတ်၊ စိုင်းလှဝင်း၊ စိုင်းစံစု၊ ထွန်းလင်းနှင့် အိုက်ဟန်တို့ အနက် နမ့်ခမ်းမြို့မှ အသက်(၄၀)အရွယ် အချုပ်သား စိုင်းလှဝင်းနှင့် နမ်မတူမြို့မှ အသက် (၂၉)နှစ်အရွယ် ထွန်းလင်းတို့မှာ သေနတ်ဒဏ်ရာ အသီးသီးရသွားခဲ့သဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရ အချုပ်သားနှစ်ဦးအား နေ့လယ် (၁၂)နာရီ (၄၅)မိနစ်တွင် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေးထားရာ နေ့လယ် (၂)နာရီဝန်းကျင်တွင် စိုင်းလှဝင်းမှာ ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~