မုိင္းတံုၿမိဳ႕နယ္တြင္ ေသြးလြန္တုပ္ေကြးကာကြယ္ေရးပညာေပးလုပ္ငန္းမ်ားကို ဗဟိုျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ပူးေပါင္းေဆာင္ရြက္မည္

မုိင္းတံုၿမိဳ႕နယ္တြင္ ေသြးလြန္တုပ္ေကြးကာကြယ္ေရးပညာေပးလုပ္ငန္းမ်ားကို ဗဟိုျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ပူးေပါင္းေဆာင္ရြက္မည္
ဇွန် 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း ၂၀၁၇ ခုႏွစ္က ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈအျမင့္ဆံုးျဖစ္ခဲ့သည့္ မုိင္းတံုၿမိဳ႕နယ္တြင္ ယခုႏွစ္အတြက္ ေသြးလြန္တုပ္ေကြးကာကြယ္ေရး ပညာေပးလုပ္ငန္းမ်ားအား ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနႏွင့္အတူ ဗဟိုျပည္သူ႔က်န္းမာေရးဦးစီးဌာနက ပူးေပါင္းေဆာင္ရြက္မည္ ျဖစ္ေၾကာင္း သိရသည္။

“ရွမ္းျပည္နယ္တစ္ခုလံုးမွာ ကၽြန္ေတာ္တုိ႔ တစ္ေျပးညီေဆာင္ရြက္တယ္။ အဲဒီထဲကမွ (primary source) မူလေရာဂါျဖစ္ပြားရာေဒသလို႔ ေျပာရမယ့္ က်ိဳင္းတံု၊ တာခ်ီလိတ္ကို ဦးစားေပးတစ္ပိုင္းရိွတယ္။ အဲဒီကမွ ျပန္႔ပြားလာႏုိင္တဲ့ မုိင္းတံု၊ မုိင္းဆတ္၊ မုိင္းေယာင္းကေတာ့ ေနာက္ထပ္ဦးစားေပးတစ္ပိုင္းျဖစ္ပါတယ္။ အဲဒီထဲကမွ မုိင္းတံုက တစ္စံုတစ္ခုေသာ အတုိင္းအတာထိ သိသိသာသာ ႀကီးမားသြားတဲ့ အတြက္ ေၾကာင့္မို႔လို႔ ဗဟိုအဆင့္ ကိုယ္တုိင္ကေန လိုအပ္တာေလးေတြကို ျပည္နယ္နဲ႔ေပါင္းၿပီးေတာ့ အားျဖည့္ေဆာင္ရြက္ဖို႔ ဆိုၿပီးေတာ့ အဲဒါမ်ိဳးေလးေတြလည္းရိွပါတယ္။ ႀကိဳတင္ကာကြယ္ေရးေရာ၊ ကုသေရးေရာ ကၽြန္ေတာ္တုိ႔က အခ်ိန္နဲ႔ တေျပးညီ မလစ္ဟင္းရေအာင္ ကိုယ့္ရဲ႕ရိွႏုိင္တဲ့ အရင္းအျမစ္(resources) ေတြနဲ႔ ေလ်ာ္ညီစြာ ေဆာင္ရြက္ေနပါတယ္”ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနႏွင့္ ျပည္နယ္ကုသေရးဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ေဒါက္တာေဇာ္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပီးခဲ့သည့္ႏွစ္က ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသည့္ေဒသမ်ား တိုးလာၿပီး ေရာဂါျဖစ္ပြားမႈႏႈန္းလည္း မ်ားခဲ့သျဖင့္ ယခုႏွစ္တြင္ ေရာဂါႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားကို တိုးခ်ဲ႕လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနႏွင့္ ျပည္နယ္ကုသေရးဦးစီးဌာန ထံမွ သိရသည္။

 “ေသြးလြန္တုပ္ေကြးေရာဂါက တစ္ႏွစ္လံုးျဖစ္ပါတယ္။ လက္ရိွအေနအထားေတြမွာ တစ္ႏွစ္လံုးျဖစ္ပါတယ္။ ဒါေပမဲ့ ေရာဂါျဖစ္ပြားမႈအျမင့္ဆံုး ျဖစ္တာကေတာ့ မိုးတြင္းကာလနဲ႔ တုိက္ရိုက္အခ်ိဳးက်ပါတယ္။ စတာကေတာ့ မိုးတြင္းကာလနဲ႔ စျဖစ္ၿပီးေတာ့ တစ္ႏွစ္လံုးျဖစ္ပါတယ္။ အျဖစ္မ်ားတာကေတာ့ မိုးတြင္း ကာလပဲျဖစ္ပါတယ္။ ေနာက္တစ္ခုက အသက္အုပ္စု အပိုင္းအျခားမွာ အရင္တုန္းကေတာ့ ကေလးေတြပဲျဖစ္ေပမဲ့ အခုက လူႀကီးေတြမွာလည္း ျဖစ္ပါတယ္။ လူႀကီးေတြမွာေတာင္ အျဖစ္္မ်ားလာတဲ့ သဖြယ္ ျဖစ္လာပါတယ္။ ျပည္သူလူထုတစ္ရပ္လံုးက သတိထားရမယ့္ ေရာဂါတစ္ခုအျဖစ္ကို ေျပာင္းလဲလာပါတယ္”ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနႏွင့္ ျပည္နယ္ကုသေရးဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ေဒါက္တာေဇာ္လင္းက ဆိုသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈႏႈန္းမွာ ၂၀၀၇ ခုႏွစ္တြင္ (၄၆)ဦး၊ ၂၀၀၈ ခုႏွစ္တြင္ (၁၆၂)ဦး၊ ၂၀၀၉ ခုႏွစ္တြင္ (၂၅၄)ဦးျဖစ္ပြားသည့္အနက္ (၁)ဦးေသဆံုး၊ ၂၀၁၀ ခုႏွစ္တြင္ (၁၁၉)ဦးျဖစ္ပြားသည့္အနက္ (၂)ဦးေသဆံုး၊ ၂၀၁၁ ခုႏွစ္တြင္ (၉)ဦး၊ ၂၀၁၂ ခုႏွစ္တြင္ (၁)ဦး၊ ၂၀၁၃ ခုႏွစ္တြင္ (၉၂)ဦး၊ ၂၀၁၄ ခုႏွစ္တြင္ (၈)ဦး၊ ၂၀၁၅ ခုႏွစ္တြင္ (၅၆)ဦး၊ ၂၀၁၆ ခုႏွစ္တြင္ (၁၀၆)ဦးႏွင့္ ၂၀၁၇ ခုႏွစ္တြင္ (၅၃၈)ဦးျဖစ္ပြားသည့္အနက္ (၁)ဦးေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ၂၀၁၇ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအမြင့်ဆုံးဖြစ်ခဲ့သည့် မိုင်းတုံမြို့နယ်တွင် ယခုနှစ်အတွက် သွေးလွန်တုပ်ကွေးကာကွယ်ရေး ပညာပေးလုပ်ငန်းများအား ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အတူ ဗဟိုပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ရှမ်းပြည်နယ်တစ်ခုလုံးမှာ ကျွန်တော်တို့ တစ်ပြေးညီဆောင်ရွက်တယ်။ အဲဒီထဲကမှ (primary source) မူလရောဂါဖြစ်ပွားရာဒေသလို့ ပြောရမယ့် ကျိုင်းတုံ၊ တာချီလိတ်ကို ဦးစားပေးတစ်ပိုင်းရှိတယ်။ အဲဒီကမှ ပြန့်ပွားလာနိုင်တဲ့ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်းကတော့ နောက်ထပ်ဦးစားပေးတစ်ပိုင်းဖြစ်ပါတယ်။ အဲဒီထဲကမှ မိုင်းတုံက တစ်စုံတစ်ခုသော အတိုင်းအတာထိ သိသိသာသာ ကြီးမားသွားတဲ့ အတွက် ကြောင့်မို့လို့ ဗဟိုအဆင့် ကိုယ်တိုင်ကနေ လိုအပ်တာလေးတွေကို ပြည်နယ်နဲ့ပေါင်းပြီးတော့ အားဖြည့်ဆောင်ရွက်ဖို့ ဆိုပြီးတော့ အဲဒါမျိုးလေးတွေလည်းရှိပါတယ်။ ကြိုတင်ကာကွယ်ရေးရော၊ ကုသရေးရော ကျွန်တော်တို့က အချိန်နဲ့ တပြေးညီ မလစ်ဟင်းရအောင် ကိုယ့်ရဲ့ရှိနိုင်တဲ့ အရင်းအမြစ်(resources) တွေနဲ့ လျော်ညီစွာ ဆောင်ရွက်နေပါတယ်”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့်ဒေသများ တိုးလာပြီး ရောဂါဖြစ်ပွားမှုနှုန်းလည်း များခဲ့သဖြင့် ယခုနှစ်တွင် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်နခြေင်းဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ကုသရေးဦးစီးဌာန ထံမှ သိရသည်။

 “သွေးလွန်တုပ်ကွေးရောဂါက တစ်နှစ်လုံးဖြစ်ပါတယ်။ လက်ရှိအနေအထားတွေမှာ တစ်နှစ်လုံးဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်ပွားမှုအမြင့်ဆုံး ဖြစ်တာကတော့ မိုးတွင်းကာလနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ စတာကတော့ မိုးတွင်းကာလနဲ့ စဖြစ်ပြီးတော့ တစ်နှစ်လုံးဖြစ်ပါတယ်။ အဖြစ်များတာကတော့ မိုးတွင်း ကာလပဲဖြစ်ပါတယ်။ နောက်တစ်ခုက အသက်အုပ်စု အပိုင်းအခြားမှာ အရင်တုန်းကတော့ ကလေးတွေပဲဖြစ်ပေမဲ့ အခုက လူကြီးတွေမှာလည်း ဖြစ်ပါတယ်။ လူကြီးတွေမှာတောင် အဖြစ်များလာတဲ့ သဖွယ် ဖြစ်လာပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက သတိထားရမယ့် ရောဂါတစ်ခုအဖြစ်ကို ပြောင်းလဲလာပါတယ်”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဇော်လင်းက ဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမှာ ၂၀၀၇ ခုနှစ်တွင် (၄၆)ဦး၊ ၂၀၀၈ ခုနှစ်တွင် (၁၆၂)ဦး၊ ၂၀၀၉ ခုနှစ်တွင် (၂၅၄)ဦးဖြစ်ပွားသည့်အနက် (၁)ဦးသေဆုံး၊ ၂၀၁၀ ခုနှစ်တွင် (၁၁၉)ဦးဖြစ်ပွားသည့်အနက် (၂)ဦးသေဆုံး၊ ၂၀၁၁ ခုနှစ်တွင် (၉)ဦး၊ ၂၀၁၂ ခုနှစ်တွင် (၁)ဦး၊ ၂၀၁၃ ခုနှစ်တွင် (၉၂)ဦး၊ ၂၀၁၄ ခုနှစ်တွင် (၈)ဦး၊ ၂၀၁၅ ခုနှစ်တွင် (၅၆)ဦး၊ ၂၀၁၆ ခုနှစ်တွင် (၁၀၆)ဦးနှင့် ၂၀၁၇ ခုနှစ်တွင် (၅၃၈)ဦးဖြစ်ပွားသည့်အနက် (၁)ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~