လားရႈိးတြင္ တရားမ၀င္ ႏွစ္လံုးထီ ဒိုင္ျပဳလုပ္သူအား ဖမ္းဆီး အေရးယူ

လားရႈိးတြင္ တရားမ၀င္ ႏွစ္လံုးထီ ဒိုင္ျပဳလုပ္သူအား ဖမ္းဆီး အေရးယူ
ဇွန် 1, 2018
By Tachileik News Agency

လားရႈိးၿမိဳ႕၊ ရပ္ကြက္(၉) ေက်ာက္ေတာင္လမ္းနံေဘးတြင္ တရားမ၀င္ ႏွစ္လံုးထီေရာင္းခ်ေနေၾကာင္း သတင္းရရွိထားသည့္ ကြမ္းယာဆိုင္အား ၀င္ေရာက္ရွာေဖြရာက ႏွစ္လံုးထီဒိုင္ ျပဳလုပ္ ေလာင္းကစားသူ အမ်ဳိးသမီးတစ္ဦးအား ဖမ္းဆီးရမိ၍ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ေမလ(၃၁)ရက္ေန႔ ညေန(၃)နာရီမိနစ္(၂၀)၀န္းက်င္အခ်ိန္က လားရႈိးနယ္ေျမရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ ရပ္ကြက္(၉)၊ နယ္ေျမ(၁)ေက်ာက္ေတာင္လမ္းမေဘးရွိ ကြမ္းယာဆိုင္အား ၀င္ေရာက္ရွာေဖြ စစ္ေဆးရာက ႏွစ္လံုး ႏွင့္ သံုးလံုးထီ ေလာင္းကစားျပဳလုပ္ရာတြင္ အသံုးျပဳသည့္ စာရြက္စာတမ္းမ်ားကို ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

ရွာေဖြမႈမ်ားျပဳလုပ္ရာ ကြမ္းယာဆိုင္တြင္ အသက္(၄၂)ႏွစ္၀န္းက်င္ရွိ မခိုင္(ခ)မသန္းသန္းခိုင္ အား ေတြ႔ရွိရၿပီး ဆက္လက္ရွာေဖြရာ ႏွစ္လံုး၊ သံုးလံုးထီ ေလာင္းကစားျပဳလုပ္ရာတြင္ ေရးမွတ္သည့္ စာအုပ္မ်ား၊ ေငြလက္ငင္းျဖတ္ပိုင္းမ်ား၊ အတိတ္စိမ္းစာအုပ္ ႏွင့္ ေငြစကၠဴေရာရာ က်ပ္(၂၀၄၀၀) စသည္တို႔ကို ေတြ႔ရွိရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တရားမ၀င္ ႏွစ္လံုးထီ ဒိုင္ျပဳလုပ္ ေလာင္းကစားသူ ၎အား လားရႈိးၿမိဳ႕ အမွတ္(၂) နယ္ေျမရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

လားရှိုးမြို့၊ ရပ်ကွက်(၉) ကျောက်တောင်လမ်းနံဘေးတွင် တရားမဝင် နှစ်လုံးထီရောင်းချနေကြောင်း သတင်းရရှိထားသည့် ကွမ်းယာဆိုင်အား ဝင်ရောက်ရှာဖွေရာက နှစ်လုံးထီဒိုင် ပြုလုပ် လောင်းကစားသူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

၂၀၁၈ခုနှစ် မေလ(၃၁)ရက်နေ့ ညနေ(၃)နာရီမိနစ်(၂၀)ဝန်းကျင်အချိန်က လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ရပ်ကွက်(၉)၊ နယ်မြေ(၁)ကျောက်တောင်လမ်းမဘေးရှိ ကွမ်းယာဆိုင်အား ဝင်ရောက်ရှာဖွေ စစ်ဆေးရာက နှစ်လုံး နှင့် သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ရှာဖွေမှုများပြုလုပ်ရာ ကွမ်းယာဆိုင်တွင် အသက်(၄၂)နှစ်ဝန်းကျင်ရှိ မခိုင်(ခ)မသန်းသန်းခိုင် အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် ရေးမှတ်သည့် စာအုပ်များ၊ ငွေလက်ငင်းဖြတ်ပိုင်းများ၊ အတိတ်စိမ်းစာအုပ် နှင့် ငွေစက္ကူရောရာ ကျပ်(၂၀၄၀၀) စသည်တို့ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် နှစ်လုံးထီ ဒိုင်ပြုလုပ် လောင်းကစားသူ၎င်းအား လားရှိုးမြို့ အမှတ်(၂) နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~