တာချီလိတ်ခရိုင်အတွင်း (၆)ကြိမ်မြောက်အဖြစ် ပြည်သူ့စကားဝိုင်းအား ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ကျိုင်းလပ်မြို့တွင် ကျင်းပ

တာချီလိတ်ခရိုင်အတွင်း (၆)ကြိမ်မြောက်အဖြစ် ပြည်သူ့စကားဝိုင်းအား ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ကျိုင်းလပ်မြို့တွင် ကျင်းပ
ဇှနျ 20, 2018
By Tachileik News Agency




အဆိုပါ စကားဝိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေး၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊  မိုးရာသီကာလ ဖြစ်ပွားမှုများသည့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများ၊  စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက် ပေးနေမှုများ၊ တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ လယ်ယာမြေ မှတ်ပုံတင်ခြင်း ဆိုင်ရာများ၊ နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးဆိုင်ရာများ၊  ပညာရေးစနစ်ပြုပြင် ပြောင်းလဲ နေမှုများနှင့် မိဘဆရာ ပူးပေါင်း၍ ပညာရေးကဏ္ဍတိုးတက် အောင်မြင်ရေး စသည့်  အကြောင်း အရာများကို  ဆွေးနွေးကြကြောင်း သိရသည်။

တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာမှ ကျေးရွာ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့်     ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်တစ်ခုလုံး အနေဖြင့် တာချီလိတ်မြို့တွင် မြို့ပေါ်၌ (၁)ကြိမ်၊ ကျေးရွာ၌ (၁)ကြိမ် စုစုပေါင်း (၂)ကြိမ်ကျင်းပခဲ့ပြီး မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယုမြို့တွင် တစ်ကြိမ်စီကျင်းပခဲ့ပြီးဖြစ်ရာ စုစုပေါင်း (၅)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ ကျိုင်းလပ်မြို့တွင် ကျင်းပပြုလုပ်ပြီးသည့် ပြည်သူ့စကားဝိုင်း အပါအ၀င် စုစုပေါင်း (၆)ကြိမ်မြောက်ဖြစ်ကာ ဆက်လက်၍ ပြည်သူ့စကားဝိုင်းများအား တာလေ နှင့် တာချီလိတ်မြို့ပေါ် အပါအ၀င် ကျေးရွာများအထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဖြူဖြူဝင်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့ နံနက် ၉နာရီခွဲက မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ဒီမိုကရေစီ အင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေး တိုင်ပင်ရမည့် အကြောင်း ကိစ္စများကို ဆွေးနွေးပြောကြားနိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်၊ မိမိတို့ရပ်ရွာတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူများကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန် စသည့် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်၊ တိုက်နယ်ဆရာဝန် ဒေါက်တာရာဂျန်း၊ မိုင်းပါလျှိုးနယ်မြေရဲစခန်းမှူး ရဲအုပ်မြင့်စိုးအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းရွှေ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးလှမိုးထွေးနှင့် နမ့်ကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဇော်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ခဲ့ကြသည်။

အဆိုပါ စကားဝိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ကျေးလက်နပြေည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေး၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ မိုးရာသီကာလ ဖြစ်ပွားမှုများသည့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက် ပေးနေမှုများ၊ တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ လယ်ယာမြေ မှတ်ပုံတင်ခြင်း ဆိုင်ရာများ၊ နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးဆိုင်ရာများ၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲ နေမှုများနှင့် မိဘဆရာ ပူးပေါင်း၍ ပညာရေးကဏ္ဍတိုးတက် အောင်မြင်ရေး စသည့် အကြောင်း အရာများကို ဆွေးနွေးကြကြောင်း သိရသည်။

တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာမှ ကျေးရွာ ရပ်မိရပ်ဖများ၊ ကျေးရွာနပြေည်သူများနှင့် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်း ဖြကြေားခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်တစ်ခုလုံး အနဖြေင့် တာချီလိတ်မြို့တွင် မြို့ပေါ်၌ (၁)ကြိမ်၊ ကျေးရွာ၌ (၁)ကြိမ် စုစုပေါင်း (၂)ကြိမ်ကျင်းပခဲ့ပြီး မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယုမြို့တွင် တစ်ကြိမ်စီကျင်းပခဲ့ပြီးဖြစ်ရာ စုစုပေါင်း (၅)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ ကျိုင်းလပ်မြို့တွင် ကျင်းပပြုလုပ်ပြီးသည့် ပြည်သူ့စကားဝိုင်း အပါအဝင် စုစုပေါင်း (၆)ကြိမ်မြောက်ဖြစ်ကာ ဆက်လက်၍ ပြည်သူ့စကားဝိုင်းများအား တာလေ နှင့် တာချီလိတ်မြို့ပေါ် အပါအဝင် ကျေးရွာများအထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဖြူဖြူဝင်း
ဓာတ်ပုံ - ကျိုင်းလပ်ပြန်/ဆက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~