တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့အဝင် တံတားချဉ်းကပ်လမ်း ရေတိုက်စားခံရ၍ ပြိုကျသော်လည်း ဆက်သွယ်ရေး ပြတ်တောက်မှု မရှိ

တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့အဝင် တံတားချဉ်းကပ်လမ်း ရေတိုက်စားခံရ၍ ပြိုကျသော်လည်း ဆက်သွယ်ရေး ပြတ်တောက်မှု မရှိ
ဇွန် 19, 2018
By Tachileik News Agency


အဆိုပါ တံတားမှာ ကျိုင်းလပ်မြို့အဝင် အမှတ်(၁)ရပ်ကွက်တွင်ရှိနေပြီး ကတ္တရာလမ်း (၆) ပေဘေးရှိ မြေသား (၄) ပေခန့် ရေတိုက်စားမှုဖြစ်ပွားခဲ့သဖြင့် ကျိုင်းလပ်မြို့ လမ်းဦးစီးဌာနက ကျောက်များ၊ သဲအိတ်များဖြည့်ပြီး ကျန်လမ်းသားများ ထပ်မံ ရေတိုက်စားခံရမှု မဖြစ်စေရန် ပြုပြင်နေကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၀၁၈ ခုနှစ် ဇွန်လ (၁၉)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်က တာလေ - ကျိုင်းလမ်းသွားလမ်း ကျိုင်းလပ် မြို့အဝင်တံတားချဉ်းကပ်လမ်း ရေတိုက်စားခံရသဖြင့် မြေသားလေးပေခန့် ပြိုကျသွားသော်လည်း ယာဉ်သွား ယာဉ်လမ်းများ အဆင်ပြေစွာ သွားလာနိုင်ရန် အတွက် သက်ဆိုင်ရာက ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ တံတားမှာ ကျိုင်းလပ်မြို့အဝင် အမှတ်(၁)ရပ်ကွက်တွင်ရှိနပြေီး ကတ္တရာလမ်း (၆) ပေဘေးရှိ မြေသား (၄) ပေခန့် ရေတိုက်စားမှုဖြစ်ပွားခဲ့သဖြင့် ကျိုင်းလပ်မြို့ လမ်းဦးစီးဌာနက ကျောက်များ၊ သဲအိတ်များဖြည့်ပြီး ကျန်လမ်းသားများ ထပ်မံ ရေတိုက်စားခံရမှု မဖြစ်စေရန် ပြုပြင်နေကြောင်း သိရသည်။

လက်ရှိအချိန်ထိ အဆိုပါ လမ်းပိုင်းတွင် ယာဉ်အသွားအလာ ပြတ်တောက်မှုမရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကျိုင်းလပ်ပြန်/ဆက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~