မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ကျောင်းသား၊ ကျောင်းသူများ သိရှိရေး အထက(တာလေ)တွင် အသိပညာပေး

မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ကျောင်းသား၊ ကျောင်းသူများ သိရှိရေး အထက(တာလေ)တွင် အသိပညာပေး
ဇှနျ 20, 2018
By Tachileik News Agency

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များ အသိပညာပေး ဟောပြောပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းက တာလေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကျောင်းသား ကျောင်းသူ(၃၆၀)ကျော် တက်ရောက်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် တာလေမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး  ဦးကျော်ဆန်းက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက ကျောင်းသားလူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာများ၊ အသိပညာဗဟုသုတ တိုးပွားရေးကိုလည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုတိယရဲမှူး သက်မောင်က မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို လည်းကောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(တာချီလိတ်ခရိုင်)မှ အတွင်းရေးမှူး ဦးသိန်းထွန်းက ရှောင်လေဝေးဝေး မူးယစ်ဆေး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးပညာပေး ဟောပြောသည်။

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်စာစောင်များအား ပြသခဲ့ပြီး မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်က မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံလင်း
ဓါတ်ပုံ - ဟိန်းထက်



~~~~~~~~⊰❂ unicode ~~~~~~~~

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များ အသိပညာပေး ဟောပြောပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းက တာလမြေို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကျောင်းသား ကျောင်းသူ(၃၆၀)ကျော် တက်ရောက်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် တာလမြေို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက ကျောင်းသားလူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာများ၊ အသိပညာဗဟုသုတ တိုးပွားရေးကိုလည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုတိယရဲမှူး သက်မောင်က မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို လည်းကောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(တာချီလိတ်ခရိုင်)မှ အတွင်းရေးမှူး ဦးသိန်းထွန်းက ရှောင်လေဝးေဝး မူးယစ်ဆေး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးပညာပေး ဟောပြောသည်။

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်စာစောင်များအား ပြသခဲ့ပြီး မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်က မူးယစ်ဆေးဝါးအန္တရာယ်ကင်းေဝးစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြနေ့်ဝပေးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ဇွန်လ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ဟိန်းထက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~