ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔အထိမ္းအမွတ္ တာခ်ီလိတ္တြင္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ က်င္းပ

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔အထိမ္းအမွတ္ တာခ်ီလိတ္တြင္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ က်င္းပ
ဇွန် 19, 2018
By Tachileik News Agency
ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၃)ႏွစ္ေျမာက္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲက်င္းပရာ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ အသင္း(၇)သင္းရိွေၾကာင္း သိရသည္။

“ႏိုင္ငံေတာ္ရဲ႕အတုိင္ပင္ခံ (၇၃)ႏွစ္ျပည့္အထိမ္းအမွတ္အေနနဲ႔ က်င္းပတာပါ။ NLD ပါတီကပဲ က်င္းပတာ။ ကၽြန္ေတာ္တို႔က ပံ့ပိုးေပးတာပါ။ စုစုေပါင္း (၃)ရက္က်င္းပခဲ့တာပါ”ဟု တာခ်ီလိတ္ခရိုင္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲတြင္ ပထမဆုကို ဖထီးအသင္းက လည္းေကာင္း၊ ဒုတိယဆုကို Team Clean အသင္းက လည္းေကာင္း၊ တတိယဆုကို Ever Light A အသင္းက လည္းေကာင္း အသီးသီးရရိွသြားေၾကာင္း သိရသည္။

အဆိုပါ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကို တာခ်ီလိတ္ခရိုင္ မုိးလံုေလလံုအားကစားခန္းမတြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၇)ရက္ေန႔ကစ၍ ဇြန္လ(၁၉)ရက္ေန႔အထိ (၃)ရက္ၾကာက်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္




~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရာ ဝင်ရောက်ယှဉ်ပြိုင်သည့် အသင်း(၇)သင်းရှိကြောင်း သိရသည်။

“နိုင်ငံတော်ရဲ့အတိုင်ပင်ခံ (၇၃)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကျင်းပတာပါ။ NLD ပါတီကပဲ ကျင်းပတာ။ ကျွန်တော်တို့က ပံ့ပိုးပေးတာပါ။ စုစုပေါင်း (၃)ရက်ကျင်းပခဲ့တာပါ”ဟု တာချီလိတ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲတွင် ပထမဆုကို ဖထီးအသင်းက လည်းကောင်း၊ ဒုတိယဆုကို Team Clean အသင်းက လည်းကောင်း၊ တတိယဆုကို Ever Light A အသင်းက လည်းကောင်း အသီးသီးရရှိသွားကြောင်း သိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို တာချီလိတ်ခရိုင် မိုးလုံလေလုံအားကစားခန်းမတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ကစ၍ ဇွန်လ(၁၉)ရက်နေ့အထိ (၃)ရက်ကြာကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~