က်ဳိင္းတံုတြင္ ဆိုင္ကယ္အခ်င္းခ်င္း တိုက္မိရာက ကေလးငယ္တစ္ဦး ႏွင့္ စစ္မႈထမ္းတစ္ဦး အပါအ၀င္ (၃)ဦးေသ၊ (၂)ဦး ဒဏ္ရာရ

က်ဳိင္းတံုတြင္ ဆိုင္ကယ္အခ်င္းခ်င္း တိုက္မိရာက ကေလးငယ္တစ္ဦး ႏွင့္ စစ္မႈထမ္းတစ္ဦး အပါအ၀င္ (၃)ဦးေသ၊ (၂)ဦး ဒဏ္ရာရ
ဇွန် 1, 2018
By Tachileik News Agency

က်ဳိင္းတံု - တာခ်ီလိတ္ သြားကားလမ္း ေဘးရွိ ေနာင္ႏြန္းရြာတြင္ ဇြန္လ(၁)ရက္ေန႔ နံနက္အေစာပိုင္းက ဆိုင္ကယ္ႏွစ္စီး အရွိန္ျပင္းစြာ တိုက္မိမႈေၾကာင့္ ကေလးငယ္တစ္ဦး အပါအ၀င္ လူ(၃)ဦး ေနရာတြင္ ေသဆံုးသြားၿပီး လူ(၂)ဦးမွာ ေဆး၀ါးကုသမႈ ခံယူေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕အပိုင္းျဖစ္သည့္ က်ဳိင္းတံု - တာခ်ီလိတ္သြားကားလမ္း၊ ေနာင္ႏြန္းရာတြင္ ၂၀၁၈ခုႏွစ္ ဇန္လ(၁)ရက္ေန႔ နံနက္(၃)နာရီခြဲေက်ာ္က တာခ်ီလိတ္ဘက္မွ လာသည့္ ေမာ္ေတာ္ဆိုင္ကယ္ ႏွင့္ က်ဳိင္းတံုဘက္မွ လာသည့္ ေမာ္ေတာ္ဆိုင္ကယ္သို႔ အရွိန္ျပင္းစြာ တိုက္မိရာမွ စစ္မႈထမ္း ဒုတပ္ၾကပ္ (၁)ဦး ႏွင့္ အရပ္သား(၂)ဦး ေနရာတြင္ ေသဆံုးခဲ့ျခင္း ျဖစ္သည္။

ျဖစ္စဥ္မွာ ေနာင္ႏြန္းရြာေရွ႕ က်ဳိင္းတံု - တာခ်ီလိတ္ ကားလမ္းေပၚတြင္ က်ဳိင္းတံုဘက္မွ တာခ်ီလိတ္ဘက္သို႔ ဒုတပ္ၾကပ္ ထြန္းထြန္းလင္း ေမာင္းႏွင္ၿပီး  ဒုတပ္ၾကပ္ ထြန္းသန္း လိုက္ပါလာသည့္ ေမာ္ေတာ္ ဆိုင္ကယ္သည္ တစ္ဖက္ ယာဥ္ေၾကာျဖစ္သည့္ တာခ်ီလိတ္ဘက္မွ က်ဳိင္းတံုဘက္သို႔ ေမာင္အားလို ေမာင္းႏွင္ၿပီး မအီန ႏွင့္ ေဒၚနာမိတို႔ လိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ၀င္တိုက္မိရာမွ ဆိုင္ကယ္ေမာင္းသူ အသက္(၂၈)ႏွစ္ ၀န္းက်င္ရွိ ဒုတပ္ၾကပ္ ထြန္းထြန္းလင္းမွာ နဖူး ေပါက္ၿပဲသည့္ ဒဏ္ရာမ်ားျဖင့္ ေနရာတြင္ ေသဆံုးသြားၿပီး ၎၏ ဆိုင္ကယ္အေနာက္တြင္ လိုက္ပါလာသူ ဒုတပ္ၾကပ္ ထြန္းသန္းမွာ ဒဏ္ရာမ်ားရရွိကာ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

ယင္းအျပင္ ၀င္တိုက္ခံရသည့္ ဆိုင္ကယ္မွ ဆိုင္ကယ္ေမာင္းသူ အသက္(၁၇)ႏွစ္၀န္းက်င္ရွိ ေမာင္အားလိုမွ နဖူးေပါက္ၿပဲဒဏ္ရာျဖင့္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆံုးၿပီး ယာဥ္တြင္ လိုက္ပါလာသူ အနက္ အသက္(၁)ႏွစ္ ၀န္းက်င္အရြယ္ မအီနမွာ ႏွာေခါင္းေသြးမ်ားထြက္ကာ ေနရာတြင္ ေသဆံုးခဲ့ၿပီး က်န္တစ္ဦးျဖစ္သည့္ အသက္(၄၀)၀န္းက်င္အရြယ္ ေဒၚေနာမိမွာ ဒဏ္ရာမ်ားရရွိကာ အတြင္းလူနာအျဖစ္ ေဆးကုသမႈ ခံယူေနရေၾကာင္း သိရသည္။

ယာဥ္တိုက္မႈ ျဖစ္ပြားရာေနရာသို႔  အမွတ္(၁၁၆) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု က်ဳိင္းတံုမွ ဒုရဲအုပ္ ျမတ္ေက်ာ္သူ ႏွင့္ တပ္ဖြဲ႔၀င္မ်ားက သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာ တစ္ဖက္ယာဥ္ေၾကာမွ လမ္းမွန္အတိုင္း ေမာင္းႏွင္လာေသာ ဆိုင္ကယ္အား ၀င္ေရာက္တိုက္မိကာ မိမိႏွင့္အတူ အျခားသူအား ေသဆံုး ဒဏ္ရာမ်ား ရရွိေစခဲ့သည့္ အတြက္ ေသဆံုးသူ ဒုတပ္ၾကပ္ထြန္းထြန္းလင္းအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ ဥပေဒအရ ဇြန္လ(၁)ရက္ေန႔ ေန႔လည္(၁)နာရီ၀န္းက်င္ အခ်ိန္က ယာဥ္(ပ) ၂၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ျဖင့္ အမႈဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာ ေနရာသို႔ က်ဳိင္းတံုၿမိဳ႕ ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့) လူမႈကူညီေရးအသင္းမွ နံနက္(၄)နာရီခြဲ၀န္းက်င္တြင္ ေရာက္ရွိၿပီး ေသဆံုးသူ (၃)ဦး၏ အေလာင္းအား က်ဳိင္းတံုျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးၿပီး ဒဏ္ရာရရွိသူမ်ားကို ျပင္ပလူနာဌာနသို႔ ပို႔ေဆာင္ေပးခ့ဲေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့) လူမႈကူညီေရးအသင္း(က်ဳိင္းတံု)


~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံ - တာချီလိတ် သွားကားလမ်း ဘေးရှိ နောင်နွန်းရွာတွင် ဇွန်လ(၁)ရက်နေ့ နံနက်အစောပိုင်းက ဆိုင်ကယ်နှစ်စီး အရှိန်ပြင်းစွာ တိုက်မိမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် လူ(၃)ဦး နေရာတွင် သေဆုံးသွားပြီး လူ(၂)ဦးမှာ ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အပိုင်းဖြစ်သည့် ကျိုင်းတုံ - တာချီလိတ်သွားကားလမ်း၊ နောင်နွန်းရာတွင် ၂၀၁၈ခုနှစ် ဇန်လ(၁)ရက်နေ့ နံနက်(၃)နာရီခွဲကျော်က တာချီလိတ်ဘက်မှ လာသည့် မော်တော်ဆိုင်ကယ် နှင့် ကျိုင်းတုံဘက်မှ လာသည့် မော်တော်ဆိုင်ကယ်သို့ အရှိန်ပြင်းစွာ တိုက်မိရာမှ စစ်မှုထမ်း ဒုတပ်ကြပ် (၁)ဦး နှင့် အရပ်သား(၂)ဦး နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ နောင်နွန်းရွာရှေ့ ကျိုင်းတုံ - တာချီလိတ် ကားလမ်းပေါ်တွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ဒုတပ်ကြပ် ထွန်းထွန်းလင်း မောင်းနှင်ပြီး ဒုတပ်ကြပ် ထွန်းသန်း လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်သည် တစ်ဖက် ယာဉ်ကြောဖြစ်သည့် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ မောင်အားလို မောင်းနှင်ပြီး မအီန နှင့် ဒေါ်နာမိတို့ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အသက်(၂၈)နှစ် ဝန်းကျင်ရှိ ဒုတပ်ကြပ် ထွန်းထွန်းလင်းမှာ နဖူး ပေါက်ပြဲသည့် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားပြီး၎င်း၏ ဆိုင်ကယ်အနောက်တွင် လိုက်ပါလာသူ ဒုတပ်ကြပ် ထွန်းသန်းမှာ ဒဏ်ရာများရရှိကာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ယင်းအပြင် ဝင်တိုက်ခံရသည့် ဆိုင်ကယ်မှ ဆိုင်ကယ်မောင်းသူ အသက်(၁၇)နှစ်ဝန်းကျင်ရှိ မောင်အားလိုမှ နဖူးပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးပြီး ယာဉ်တွင် လိုက်ပါလာသူ အနက် အသက်(၁)နှစ် ဝန်းကျင်အရွယ် မအီနမှာ နှာခေါင်းသွေးများထွက်ကာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးဖြစ်သည့် အသက်(၄၀)ဝန်းကျင်အရွယ် ဒေါ်နောမိမှာ ဒဏ်ရာများရရှိကာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ကျိုင်းတုံမှ ဒုရဲအုပ် မြတ်ကျော်သူ နှင့် တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာ တစ်ဖက်ယာဉ်ကြောမှ လမ်းမှန်အတိုင်း မောင်းနှင်လာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိကာ မိမိနှင့်အတူ အခြားသူအား သေဆုံး ဒဏ်ရာများ ရရှိစေခဲ့သည့် အတွက် သေဆုံးသူ ဒုတပ်ကြပ်ထွန်းထွန်းလင်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် ဥပဒေအရ ဇွန်လ(၁)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင် အချိန်က ယာဉ်(ပ) ၂၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ဖြင့် အမှုဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်းမှ နံနက်(၄)နာရီခွဲဝန်းကျင်တွင် ရောက်ရှိပြီး သေဆုံးသူ (၃)ဦး၏ အလောင်းအား ကျိုင်းတုံပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးပြီး ဒဏ်ရာရရှိသူများကို ပြင်ပလူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း(ကျိုင်းတုံ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~