ေထာပတ္သီးျဖင့္ ဆပ္ျပာျပဳလုပ္နည္းသင္တန္းမ်ား ေတာင္ႀကီးႏွင့္ ဟိုပံုးတြင္ အခမဲ့ပို႔ခ်ေပးမည္

ေထာပတ္သီးျဖင့္ ဆပ္ျပာျပဳလုပ္နည္းသင္တန္းမ်ား ေတာင္ႀကီးႏွင့္ ဟိုပံုးတြင္ အခမဲ့ပို႔ခ်ေပးမည္
မေ 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ႏွင့္ ဟိုပံုးၿမိဳ႕တို႔တြင္ ေထာပတ္သီးျဖင့္ ဆပ္ျပာျပဳလုပ္နည္း သင္တန္းကို ျမန္မာနိုင္ငံသစ္သီး၀လံအသင္းက ဇြြန္လ (၃)ရက္ေန႔ႏွင့္ (၆)ရက္ေန႔မ်ားတြင္ အခမဲ့ ပို႔ခ်ေပးမည္ျဖစ္သျဖင့္ တက္ေရာက္လိုသူမ်ား ဆက္သြယ္စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

သင္တန္းတစ္ခုလွ်င္ သင္တန္းသားဦးေရ (၃၀) သာ လက္ခံမည္ျဖစ္သျဖင့္ တက္ေရာက္လိုသူမ်ား အေနျဖင့္ ျမန္မာႏုိင္ငံသစ္သီးဝလံအသင္းမွ မနန္းခမ္းဦး ဖုန္း ၀၉၂၅၀၈၅၀၁၇၅ သို႔ ဆက္သြယ္
စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

“ေထာပတ္စိုက္ေတာင္သူေတြကို ေထာပတ္သီးက ဆပ္ျပာအသံုးျပဳလို႔ရတယ္ဆိုတဲ့ အေၾကာင္းကို သိေစခ်င္တယ္။ မွ်ေဝေစခ်င္တယ္။ သင္တန္းကိုလည္း အခမဲ့ျပဳလုပ္ေပးမွာပါ။ သင္တန္းၿပီးသြားရင္လည္း တကယ္လက္ေတြ႕ အသံုးခ်ေစခ်င္တယ္။ သူတို႔ေတြအတြက္ တစ္ဖက္တစ္လမ္းကေန ဝင္ေငြဝင္နိုင္ဖို႔ပါ”ဟု ျမန္မာႏိုင္ငံသစ္သီးဝလံအသင္းမွ တာဝန္ရွိသူ မနန္းခမ္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သင္တန္းကို ေတာင္ႀကီးၿမိဳ႕ရွိ ကေမၻာဇကုန္သြယ္ေရးရံုးတြင္ ၂၀၁၈ခုႏွစ္ ဇြန္လ (၃)ရက္မွ (၄)ရက္ေန႔အထိ လည္းေကာင္း၊ ဟိုပံုးၿမိဳ႕တြင္ ဇြန္လ (၆)ရက္ေန႔မွ (၇)ရက္ေန႔အထိ လည္းေကာင္း ဖြင့္လွစ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နှင့် ဟိုပုံးမြို့တို့တွင် ထောပတ်သီးဖြင့် ဆပ်ပြာပြုလုပ်နည်း သင်တန်းကို မြန်မာနိုင်ငံသစ်သီးဝလံအသင်းက ဇွန်လ (၃)ရက်နေ့နှင့် (၆)ရက်နေ့များတွင် အခမဲ့ ပို့ချပေးမည်ဖြစ်သဖြင့် တက်ရောက်လိုသူများ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သင်တန်းတစ်ခုလျှင် သင်တန်းသားဦးရေ (၃၀) သာ လက်ခံမည်ဖြစ်သဖြင့် တက်ရောက်လိုသူများ အနဖြေင့် မြန်မာနိုင်ငံသစ်သီးဝလံအသင်းမှ မနန်းခမ်းဦး ဖုန်း ဝ၉၂၅၀၈၅၀၁၇၅ သို့ ဆက်သွယ်
စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

“ထောပတ်စိုက်တောင်သူတွေကို ထောပတ်သီးက ဆပ်ပြာအသုံးပြုလို့ရတယ်ဆိုတဲ့ အကြောင်းကို သိစေချင်တယ်။ မျှဝေစေချင်တယ်။ သင်တန်းကိုလည်း အခမဲ့ပြုလုပ်ပေးမှာပါ။ သင်တန်းပြီးသွားရင်လည်း တကယ်လက်တွေ့ အသုံးချစေချင်တယ်။ သူတို့တွေအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေဝင်နိုင်ဖို့ပါ”ဟု မြန်မာနိုင်ငံသစ်သီးဝလံအသင်းမှ တာဝန်ရှိသူ မနန်းခမ်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်တန်းကို တောင်ကြီးမြို့ရှိ ကမ္ဘောဇကုန်သွယ်ရေးရုံးတွင် ၂၀၁၈ခုနှစ် ဇွန်လ (၃)ရက်မှ (၄)ရက်နေ့အထိ လည်းကောင်း၊ ဟိုပုံးမြို့တွင် ဇွန်လ (၆)ရက်နေ့မှ (၇)ရက်နေ့အထိ လည်းကောင်း ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~