ေက်ာင္းအပ္ႏွံေရးသီတင္းပတ္ ပထမဆံုးေန႔အျဖစ္ အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းအပ္ႏွံမႈ စတင္လက္ခံ

ေက်ာင္းအပ္ႏွံေရးသီတင္းပတ္ ပထမဆံုးေန႔အျဖစ္ အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းအပ္ႏွံမႈ စတင္လက္ခံ
မေ 25, 2018
By 🌸
၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ေက်ာင္းအပ္ႏွံျခင္း ပထမရက္အျဖစ္ အေျခခံပညာေက်ာင္းမ်ားတြင္၂၀၁၈ ခုႏွစ္ ေမလ (၂၅)ရက္ေန႔မွ စတင္အပ္ႏွံေနၾကၿပီး မူလတန္းေက်ာင္းသားမ်ားအတြက္ ဗလာစာအုပ္၊ ေက်ာင္းသံုးစာအုပ္ႏွင့္ ေက်ာင္းဝတ္စံုကို အခမဲ့ပံ့ပိုးေပးထားေၾကာင္း သိရသည္။

“ေက်ာင္းဝတ္စံုေတြကို မူလတန္းမွာ KG ကေန စတုတၳတန္းအထိ ေပးပါတယ္။ KG ကေတာ့ ကေလးေတြ ေက်ာင္းေပ်ာ္လာေအာင္ သီခ်င္းဆိုတာ စာသင္ၾကတာဆိိုေတာ့ သူတို႔ကိုေတာ့ စာအုပ္ေတြနဲ႔ စာေရးတာေတြ မသင္ေသးဘူးရွင့္။ ပထမတန္းကေန စတုတၳတန္းအထိေတာ့ ဗလာစာအုပ္(၆)အုပ္ႏႈန္း၊ ေက်ာင္းဝတ္စံု (၁)စံုႏႈန္းနဲ႔ ပံုႏွိပ္စာအုပ္ေတြက အခမဲ့ပါ။ ပဥၥမတန္းကေန ဒႆမတန္းအထိက်ေတာ့ ဗလာစာအုပ္နဲ႔ ေက်ာင္းဝတ္စံုေတာ့မပါဘူး။ ဒါေပမဲ့ ပံုႏွိပ္စာအုပ္ေတာ့ အားလံုးက အခမဲ့ပါ”ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ ဆရာမႀကီး ေဒၚအမာၾကည္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တစ္ႏုိင္ငံလံုးရိွ အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းေနအရြယ္ကေလးတုိင္း ေက်ာင္းအပ္ႏွံေရး သီတင္းပတ္အျဖစ္ ၂၀၁၈ ခုႏွစ္ ေမလ (၂၅)ရက္ေန႔မွ ေမလ (၃၁)ရက္ေန႔အထိသတ္မွတ္ၿပီး အခမဲ့ေက်ာင္းအပ္ႏွံမႈကို လက္ခံေနျခင္းျဖစ္သည္။

 ရွမ္းျပည္နယ္(အေရွ႕ပိုင္း)  တာခ်ီလိတ္ခ႐ိုင္  မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းအပ္ႏွံေရးပထမေန႔၏ ေက်ာင္းအပ္ႏွံမႈအေျခအေနမ်ားကို ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီႏွင့္ ဌာနဆုိင္ရာအႀကီးအကဲမ်ားက ေက်ာင္းမ်ားသို႔ လုိက္လံၾကည့္ရႈခဲ့ၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောင်းအပ်နှံရေးသီတင်းပတ်  ပထမဆုံးနေ့အဖြစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှု စတင်လက်ခံ
****************
၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း ပထမရက်အဖြစ် အခြေခံပညာကျောင်းများတွင်၂၀၁၈ ခုနှစ် မေလ (၂၅)ရက်နေ့မှ စတင်အပ်နှံနေကြပြီး မူလတန်းကျောင်းသားများအတွက် ဗလာစာအုပ်၊ ကျောင်းသုံးစာအုပ်နှင့် ကျောင်းဝတ်စုံကို အခမဲ့ပံ့ပိုးပေးထားကြောင်း သိရသည်။

“ကျောင်းဝတ်စုံတွေကို မူလတန်းမှာ KG ကနေ စတုတ္ထတန်းအထိ ပေးပါတယ်။ KG ကတော့ ကလေးတွေ ကျောင်းပျော်လာအောင် သီချင်းဆိုတာ စာသင်ကြတာဆိုတော့ သူတို့ကိုတော့ စာအုပ်တွေနဲ့ စာရေးတာတွေ မသင်သေးဘူးရှင့်။ ပထမတန်းကနေ စတုတ္ထတန်းအထိတော့ ဗလာစာအုပ်(၆)အုပ်နှုန်း၊ ကျောင်းဝတ်စုံ (၁)စုံနှုန်းနဲ့ ပုံနှိပ်စာအုပ်တွေက အခမဲ့ပါ။ ပဉ္စမတန်းကနေ ဒဿမတန်းအထိကျတော့ ဗလာစာအုပ်နဲ့ ကျောင်းဝတ်စုံတော့မပါဘူး။ ဒါပေမဲ့ ပုံနှိပ်စာအုပ်တော့ အားလုံးက အခမဲ့ပါ”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အမာကြည်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၁၈ ခုနှစ် မေလ (၂၅)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိသတ်မှတ်ပြီး အခမဲ့ကျောင်းအပ်နှံမှုကို လက်ခံနေခြင်းဖြစ်သည်။

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်ခရိုင်  မိုင်းဖြတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးပထမနေ့၏ ကျောင်းအပ်နှံမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကျောင်းများသို့ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~