တာလေမြို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း သုံးရက်ကြာ ဖွင့်လှစ်နေသည့် သင်တန်းသို့ သင်တန်းသား (၅၃)ဦး တက်ရောက်

တာလေမြို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း သုံးရက်ကြာ ဖွင့်လှစ်နေသည့် သင်တန်းသို့ သင်တန်းသား (၅၃)ဦး တက်ရောက်
မေ 22, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ဗေသလကျေးရွာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ၂၀၁၈ ခုနှစ် မေလ(၂၂) ရက်နေ့မှ (၂၄)ရက်နေ့အထိ သတ်မှတ် ဖွင့်လှစ်ထားရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၃)ဦး တက်ရောက်နေကြောင်း သိရသည်။

တာချီလိတ် - ကျိုင်းတုံလမ်းပိုင်းတွင် တည်ရှိသည့် အဆိုပါကျေးရွာမှ လူထုအနေဖြင့် လမ်းတွင် ယာဉ်မတော်တဆမှုများကဲ့သို့ ထိခိုက်ဒဏ်ရာရမှုများတွင် အရေးပေါ် အသက်ကယ်ဆယ်နိုင်ရေးအပြင် သဘာဝဘေးအန္တရာယ်များတွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေး အတွက် အဆိုပါ သင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ  ဦးကြည်မြင့်က ပြောသည်။

သင်တန်းနည်းပြမှူး အဖြစ် ဦးစိုင်းရှဲန်မုန့် က တာဝန်ယူထားပြီး  ကြက်ခြေနီလှုပ်ရှားမှုနှင့်အခြေခံမှုများ၊ ရှေးဦးပြုစုခြင်းသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်းနှင့်သတိလစ်ခြင်း၊   အခြေခံ အသက်ကယ်အထောက်ကူပြုနည်း၊ ဆို့နင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တ၀ါများနှင့် ပိုးမွှားများ ကိုက်ခြင်း၊ ပတ်တီးစည်းခြင်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ ပြန်လည်ဆွေးနွေးခြင်းတို့ကို သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြ ၊ တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ ၊ တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးထိန်မင်း နှင့် အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။

သတင်း - ဝေယံလင်း
ဓါတ်ပုံ - ယာဆေး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလမြေို့၊ ဗေသလကျေးရွာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ၂၀၁၈ ခုနှစ် မေလ(၂၂) ရက်နေ့မှ (၂၄)ရက်နေ့အထိ သတ်မှတ် ဖွင့်လှစ်ထားရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၃)ဦး တက်ရောက်နေကြောင်း သိရသည်။

တာချီလိတ် - ကျိုင်းတုံလမ်းပိုင်းတွင် တည်ရှိသည့် အဆိုပါကျေးရွာမှ လူထုအနဖြေင့် လမ်းတွင် ယာဉ်မတော်တဆမှုများကဲ့သို့ ထိခိုက်ဒဏ်ရာရမှုများတွင် အရေးပေါ် အသက်ကယ်ဆယ်နိုင်ရေးအပြင် သဘာဝဘေးအန္တရာယ်များတွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေး အတွက် အဆိုပါ သင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

သင်တန်းနည်းပြမှူး အဖြစ် ဦးစိုင်းရှဲန်မုန့် က တာဝန်ယူထားပြီး ကြက်ခြေနီလှုပ်ရှားမှုနှင့်အခြေခံမှုများ၊ ရှေးဦးပြုစုခြင်းသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်းနှင့်သတိလစ်ခြင်း၊ အခြေခံ အသက်ကယ်အထောက်ကူပြုနည်း၊ ဆို့နင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများနှင့် ပိုးမွှားများ ကိုက်ခြင်း၊ ပတ်တီးစည်းခြင်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ ပြန်လည်ဆွေးနွေးခြင်းတို့ကို သင်ကြားပေးနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြ၊ တာလမြေို့ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ၊ တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးထိန်မင်း နှင့် အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။

သတင်း - ဝေယံလင်း
ဓာတ်ပုံ - ယာဆေး 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~