တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပမည့္ ကလပ္ေပါင္းစံုပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲအတြက္ စာရင္းေပးသြင္းႏုိင္

တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပမည့္ ကလပ္ေပါင္းစံုပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲအတြက္ စာရင္းေပးသြင္းႏုိင္
မေ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား ကလပ္ေပါင္းစုံ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကို ေမလ(၂၉)ရက္ေန႔တြင္ က်င္းပသြားမည္ျဖစ္ရာ ၿပိဳင္ပြဲဝင္မည့္ ကလပ္အသင္းမ်ား အေနျဖင့္ ေမလ(၂၈)ရက္ ေနာက္ဆုံးထားၿပီး စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

"ေနာက္လက်ရင္ ေတာင္ႀကီးမွာ ၿမိဳ႕နယ္ေပါင္းစုံ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲရိွတဲ့ အတြက္ တာခ်ီလိတ္ၿမိဳ႕အေနနဲ႔လည္း သြားၿပိဳင္ႏိုင္ေအာင္ လာမယ့္ (၂၉)ရက္ေန႔မွာ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ လုပ္ၿပီးေတာ့ အဲဒီကေန ေတာင္ႀကီးက ပြဲအတြက္ ကစားသမားေတြပါ ေရြးခ်ယ္သြားမွာျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္ အားကစားႏွင့္ကာယပညာ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပမည့္ၿပိဳင္ပြဲကို အသက္အရြယ္ ကန္႔သတ္ထားျခင္း မရိွဘဲ အလြတ္တန္းၿပိဳင္ပြဲ ျဖစ္သည့္အတြက္ ယွဥ္ၿပိဳင္လိုသည့္ ကလပ္အသင္းမ်ားအေနျဖင့္ ေမလ(၂၉)ရက္ေန႔ ေနာက္ဆုံးထားၿပီး စာရင္းေပးသြင္းႏို္င္ေၾကာင္း သိရသည္။

"ပြဲခ်ိန္ေတြကိုေတာ့ ပြဲစဥ္ဆြဲတဲ့ေန႔မွဘဲ ၿပိဳင္ပြဲဝင္အသင္းေတြနဲ႕ ညႇိၿပီးမွ သိရမွာျဖစ္ပါတယ္။ ဒီပြဲကေန ပြဲစဥ္ တစ္ေလွ်ာက္ အေကာင္းဆုံး ကစားသမား(၅)ေယာက္ကို ေရြးၿပီးေတာ့ အုပ္ခ်ဳပ္သူ၊ နည္းျပတစ္ဦးစီနဲ႕ စုစုေပါင္း (၇)ဦးနဲ႔ တာခ်ီလိတ္ၿမိဳ႕နယ္ ကိုယ္စားျပဳအသင္းကို ဖြဲ႕စည္းသြားမွာ ျဖစ္ပါတယ္"ဟု လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က ေျပာသည္။

အဆိုပါ ၿပိဳင္ပြဲကို တာခ်ီလိတ္ၿမိဳ႕ မိုးလုံေလလုံ အားကစားခန္းမတြင္ ေမလ(၂၉)ရက္ေန႔မွ စတင္ကာ က်င္းပသြားမည္ျဖစ္ၿပီး ပထမဆု က်ပ္(၂)သိန္းႏွင့္ ဒုတိယဆု က်ပ္(၁)သိန္း သတ္မွတ္ထားေၾကာင္း သိရသည္။

သတင္း  - #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မေလ(၂၉)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်မည့် ကလပ်အသင်းများ အနဖြေင့် မေလ(၂၈)ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

"နောက်လကျရင် တောင်ကြီးမှာ မြို့နယ်ပေါင်းစုံ ပြည်နယ်ဝန်ကြီးချုပ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲရှိတဲ့ အတွက် တာချီလိတ်မြို့အနေနဲ့လည်း သွားပြိုင်နိုင်အောင် လာမယ့် (၂၉)ရက်နေ့မှာ ပိုက်ကျော်ခြင်းပြိုင်ပွဲ လုပ်ပြီးတော့ အဲဒီကနေ တောင်ကြီးက ပွဲအတွက် ကစားသမားတွေပါ ရွေးချယ်သွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ကျင်းပမည့်ပြိုင်ပွဲကို အသက်အရွယ် ကန့်သတ်ထားခြင်း မရှိဘဲ အလွတ်တန်းပြိုင်ပွဲ ဖြစ်သည့်အတွက် ယှဉ်ပြိုင်လိုသည့် ကလပ်အသင်းများအနဖြေင့် မေလ(၂၉)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနို်င်ကြောင်း သိရသည်။

"ပွဲချိန်တွေကိုတော့ ပွဲစဉ်ဆွဲတဲ့နေ့မှဘဲ ပြိုင်ပွဲဝင်အသင်းတွေနဲ့ ညှိပြီးမှ သိရမှာဖြစ်ပါတယ်။ ဒီပွဲကနေ ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကစားသမား(၅)ယောက်ကို ရွေးပြီးတော့ အုပ်ချုပ်သူ၊ နည်းပြတစ်ဦးစီနဲ့ စုစုပေါင်း (၇)ဦးနဲ့ တာချီလိတ်မြို့နယ် ကိုယ်စားပြုအသင်းကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်"ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က ပြောသည်။

အဆိုပါ ပြိုင်ပွဲကို တာချီလိတ်မြို့ မိုးလုံလေလုံ အားကစားခန်းမတွင် မေလ(၂၉)ရက်နေ့မှ စတင်ကာ ကျင်းပသွားမည်ဖြစ်ပြီး ပထမဆု ကျပ်(၂)သိန်းနှင့် ဒုတိယဆု ကျပ်(၁)သိန်း သတ်မှတ်ထားကြောင်း သိရသည်။

သတင်း - #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~