တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၃ ဦးကို ထုိင္းႏုိင္ငံက တာခ်ီလိတ္သို႔ လႊဲေျပာင္း

တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၃ ဦးကို ထုိင္းႏုိင္ငံက တာခ်ီလိတ္သို႔ လႊဲေျပာင္း
မေ 24, 2018
By 🌸
ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္သည့္ ျမန္မာႏုိင္ငံသား အမ်ိဳးသား (၃)ဦးအား ျမန္မာ - ထုိုင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ေမလ (၂၄)ရက္ေန႔တြင္ ထုိင္းႏုိင္ငံမွ လာေရာက္လႊဲေျပာင္းေပးရာ ၂၀၁၈ ခုႏွစ္အတြင္း ထိုင္းႏုိင္ငံမွ တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးသူ စုစုေပါင္း (၃၀၆)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏုိင္ငံသားမ်ားအား တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားတြင္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမႈတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီ (CNCMC)တို႔မွ လက္ခံႀကိဳဆိုၿပီး ေနရပ္ျပန္ႏုိင္ေရးအတြက္ စီစဥ္ေဆာင္ရြက္ေပးေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္ ေရႊ႕ေျပာင္းလုပ္သားမ်ားဆုိင္ရာ ဥပေဒအေျပာင္းအလဲေၾကာင့္ ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းလုပ္သားမ်ား မိမိဆႏၵအေလ်ာက္ ျမန္မာႏုိင္ငံ နယ္စပ္ဝင္ေပါက္မ်ားမွ ျပန္လာေနသူမ်ားလည္းရိွၿပီး ထုိုင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးခံရသူမ်ားကို နယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးေလ့ရိွသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္အတြင္း ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားအေရအတြက္မွာ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ေမလ(၂၄)ရက္ေန႔အထိ ကေလး (၁၁)ဦး၊ အမ်ိဳးသမီး (၈၈)ဦးႏွင့္ အမ်ိဳးသား( ၂၀၇)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြ/အုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းနိုင်ငံက တာချီလိတ်သို့ လွှဲပြောင်း
************
ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား (၃)ဦးအား မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် မေလ (၂၄)ရက်နေ့တွင် ထိုင်းနိုင်ငံမှ လာရောက်လွှဲပြောင်းပေးရာ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ တာချီလိတ်သို့ လွှဲပြောင်းပေးသူ စုစုပေါင်း (၃၀၆)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများအား တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)တို့မှ လက်ခံကြိုဆိုပြီး နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ ဥပဒေအပြောင်းအလဲကြောင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ မိမိဆန္ဒအလျောက် မြန်မာနိုင်ငံ နယ်စပ်ဝင်ပေါက်များမှ ပြန်လာနေသူများလည်းရှိပြီး ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသူများကို နယ်စပ်မြို့များသို့ ထိုင်းနိုင်ငံတာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးလေ့ရှိသည်။
တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားအရေအတွက်မှာ ဇန်နဝါရီလ(၁)ရက်နေ့မှ မေလ(၂၄)ရက်နေ့အထိ ကလေး (၁၁)ဦး၊ အမျိုးသမီး (၈၈)ဦးနှင့် အမျိုးသား( ၂၀၇)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #မြို့နယ်ထွေ/အုပ်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~