ကခ်င္ျပည္နယ္ တုိက္ပြဲမ်ားအတြင္း ပိတ္မိေနသည့္ ေဒသခံ တစ္ေထာင္ေက်ာ္အား ေရႊ႕ေျပာင္းေပးထားၿပီး ဆက္လက္ကူညီႏုိင္ေရး ခြင့္ျပဳခ်က္ေစာင့္ေန

ကခ်င္ျပည္နယ္ တုိက္ပြဲမ်ားအတြင္း ပိတ္မိေနသည့္ ေဒသခံ တစ္ေထာင္ေက်ာ္အား ေရႊ႕ေျပာင္းေပးထားၿပီး ဆက္လက္ကူညီႏုိင္ေရး ခြင့္ျပဳခ်က္ေစာင့္ေန
မေ 1, 2018
By 🌸
ကခ်င္ျပည္နယ္တြင္ တုိက္ပြဲမ်ားအတြင္း ပိတ္မိေနသည့္ ေဒသခံမ်ားအနက္ ဧၿပီလ (၂၉)ရက္ေန႔အထိ အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္းမွ လူဦးေရတစ္ေထာင္ေက်ာ္ကို ကခ်င္ျပည္နယ္အစိုးရ၏ခြင့္ျပဳခ်က္ျဖင့္ ေရႊ႕ေျပာင္းေပးထားႏုိင္ၿပီး က်န္ေဒသခံမ်ားအား ေရႊ႕ေျပာင္းေပးႏုိင္ေရးကို ႏုိင္ငံေတာ္သမၼတထံ တင္ျပထားေၾကာင္း စစ္ေဘးေရွာင္မ်ားကို ကူညီေရႊ႕ေျပာင္းေပးေနသည့္ အရပ္ဖက္အဖြဲ႕မ်ားထံမွ သိရသည္။
“တျခားပိတ္မိေနတဲ့ေနရာက လူေတြအကုန္လံုး ေခၚထုတ္ဖို႔က ျပည္နယ္အစိုးရနဲ႔ညိႇဖို႔က အခက္အခက္ရိွတယ္။ ဒီေတာ့ ႏုိင္ငံေတာ္သမၼတဆီကို စာတင္ျပထားပါတယ္။ လြန္ခဲ့တဲ့သံုးရက္ေလာက္ကပါ။ အဲဒီစာအေပၚမွာ အေၾကာင္းျပန္ၾကားလာမႈအေပၚ ေစာင့္ဆုိင္းေနပါတယ္”ဟု ၿငိမ္းခ်မ္းေရးေဆြးေႏြးေရး အက်ဳိးေဆာင္အဖြဲ႕(PCG)မွ ဦးလမိုင္ဂြမ္ဂ်ာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
တုိက္ပြဲမ်ားေၾကာင့္ ပိတ္မိေနသည့္ ေဒသခံမ်ား ေဘးလြတ္ရာသို႔ ေရႊ႕ေျပာင္းေပးေရးအတြက္ ျပည္နယ္အစိုးရႏွင့္ ညိႇႏိႈင္းၿပီးေနာက္ ဧၿပီလအတြင္း အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္းမွ လူအခ်ိဳ႕အား ေရႊ႕ေျပာင္းေပးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒါက ဒုတိယအႀကိမ္ပါ။ ပထမအႀကိမ္က လူေပါင္း တစ္ေထာင္ေလာက္ ေခၚထုတ္လာႏိုင္ပါတယ္။ ဧၿပီလ (၂၆)ေန႔ေလာက္ကပဲ ျပည္နယ္အစိုးရခြင့္ျပဳခ်က္နဲ႔ ေခၚထုတ္လာႏုိင္တာ။ အဲဒီတုန္းက ျပည္နယ္အစိုးရကေရာ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးေရာ၊ လဝကေရာပါတယ္”ဟု ဦးလမုိင္ဂြမ္ဂ်ာက ဆိုသည္။
အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္းမွ ေဒသခံ (၁၄၀)ခန္႔အား ဒုတိယအႀကိမ္အျဖစ္ ဧၿပီလ (၂၉)ရက္ေန႔တြင္ ျမစ္ႀကီးနားခရစ္ယာန္ေကာင္စီ (MCC)မွ ဆရာေတာ္ႀကီးမ်ား၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရး အက်ဳိးေဆာင္အဖြဲ႕(PCG) ၊ ကခ်င္ျပည္နယ္ Rescue အဖြဲ႕ႏွင့္ ရပ္မိရပ္ဖေခါင္းေဆာင္မ်ားပါဝင္သည့္အဖြဲ႕က ကခ်င္ျပည္နယ္အစိုးရႏွင့္ ညိႇႏိႈင္းသေဘာတူညီခ်က္ရၿပီးေနာက္ ေရႊ႕ေျပာင္းေပးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အဲဒီပိတ္ဆို႔ေနတဲ့အဖြဲ႕ေတြကို သြားေရာက္ကူညီဖို႔အတြက္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕နဲ႔ ဘာသာေရးအသင္းအဖြဲ႕ သင္းအုပ္ဆရာေတာ္ႀကီးေတြနဲ႔ဖြဲ႕စည္းထားတဲ့ ျမစ္ႀကီးနားခရစ္ယာန္ေကာင္စီ MCC အဖြဲ႕နဲ႔ ကၽြန္ေတာ္တုိ႔ PCG အဖြဲ႔တို႔ သြားေရာက္ကူညီၾကတယ္။ မေန႔က (၂)နာရီမွာ သူတုိ႔ျပည္နယ္အစိုးရရံုးမွာ အစည္းအေဝးလုပ္ၾကတယ္။ အစည္းအေဝးလုပ္ၿပီးမွ သြားေခၚဖို႔ ခြင့္ျပဳခ်က္ေပးေတာ့ ကၽြန္ေတာ္တုိ႔ေတြ ဟိုဘက္ကမ္းကို သြားေခၚတာ (ည) ၈ နာရီေလာက္မွ ဒီဘက္ကမ္းကို ကူးလာႏုိင္တယ္ေပါ့။ ကၽြန္ေတာ္တုိ႔ မေန႔ညက ၁၀ နာရီေလာက္မွ ျပန္လာႏုိင္တာေပါ့။ လူဦးေရကေတာ့ ၁၄၀ ေလာက္ရိွတယ္” ဟု ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕ (PCG)မွ ဦးလမုိင္ဂြမ္ဂ်ာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္း ပိတ္မိေနသည့္ ေဒသခံမ်ားအား ေရႊ႕ေျပာင္းေပးႏုိင္ေရးအတြက္ ျပည္နယ္အစိုးရႏွင့္ ညိႇႏိႈင္းၿပီးေနာက္ ဧၿပီလ (၂၉) ရက္ေန႔ ည (၇) နာရီအခ်ိန္တြင္ တပ္မေတာ္က ခြင့္ျပဳေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“အကုန္ေတာ့မဟုတ္ဘူး။ ပထမတစ္ေခါက္ ထြက္လာတဲ့ လူဦးေရက တစ္ေထာင္ေလာက္ရိွတယ္။ အင္ဂ်န္းယန္ထဲမွာက ရြာကေတာ္ေတာ္မ်ားတယ္။ လက္ရိွက အင္ဂ်န္းယန္ထဲမွာလည္းရိွတယ္။ ၁၆ မိုင္ဆိုတဲ့ေနရာမွာလည္းရိွတယ္။ တျခားေနရာေတြမွာလည္းရိွတယ္။ တုိက္ပြဲေတြကရိွေနေတာ့ သူတို႔က မေနရဲေတာ့ဘူးဆိုေတာ့ ဒီဘက္ ဘာသာေရးအဖြဲ႕ေတြကိုေရာ ကၽြန္ေတာ္တုိ႔ PCG ကိုေရာ စာလွမ္းပို႔ၾကတယ္။ သူတို႔ကို လာေခၚပါဆိုၿပီးေတာ့။ ကၽြန္ေတာ္တို႔ကလည္း ဒီဘက္အစိုးရအဖြဲ႕နဲ႔ ညိႇၿပီးေတာ့ သူတို႔ကို သြားေခၚႏိုင္ဖို႔ ကူညီဖို႔ ႀကိဳးစားရတယ္။ အကုန္လံုးေတာ့ မေခၚႏုိင္ေသးဘူး။ တုိက္ပြဲျဖစ္ေနေတာ့ သူတို႔ ဒီဘက္ကိုလည္း မလာႏုိင္ဘူးျဖစ္ေနတယ္”ဟု ဦးလမိုင္ဂြမ္ဂ်ာက ဆိုသည္။
အဆိုပါ စစ္ေဘးေရွာင္မ်ားအား တန္ဖရဲေက်းရြာရိွ ကတ္သလစ္ဘုရားေက်ာင္းတြင္ ဖြင့္ထားသည့္ ယာယီစခန္းႏွင့္ ျမစ္ႀကီးနားၿမိဳ႕အနီး ပလနတြင္ရိွသည့္ ဘုရားေက်ာင္းတြင္ ဖြင့္လွစ္ထားသည့္ ယာယီစခန္းမ်ားတြင္ ေနရာခ်ထားေပးေၾကာင္း သိရသည္။
ကခ်င္ျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ KIA တို႔၏ ဧၿပီလ (၁၁)ရက္ေန႔မွစ၍ ဧၿပီလ (၂၈)ရက္ေန႔အထိ တုိက္ပြဲမ်ားေၾကာင့္ ကခ်င္ျပည္နယ္ တႏုိင္းၿမိဳ႕နယ္ ေအာင္ေလာဒ္ေက်းရြာ၊ ကာမိုင္းၿမိဳ႕နယ္ မန္ဝိုင္း/လိုင္ေနာင္ခူးေက်းရြာ၊ နမၼတီးၿမိဳ႕နယ္ ကဆုန္႔ေက်းရြာ၊ အင္ဂ်န္းယန္ၿမိဳ႕နယ္၊ ခ်ီေဖြၿမိဳ႕နယ္၊ ဇန္ေနာင္ယန္ေက်းရြာမ်ားတြင္ ေဒသခံမ်ား ပိတ္မိေနသျဖင့္ အဆိုပါ စစ္ေဘးေရွာင္မ်ားအား လံုၿခံဳသည့္ေနရာမ်ားသို႔ ေဘးကင္းစြာေရႊ႕ေျပာင္းေပးရန္ ျမစ္ႀကီးနားၿမိဳ႕တြင္ ဧၿပီလ (၃၀)ရက္ေန႔က ဆႏၵထုတ္ေဖၚ ေတာင္းဆိုမႈမ်ားလည္း လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။
သတင္း #အင္မိုင္ခ
ဓါတ္ပံု #ZRH
~~~~~~~~⊰❂ unicode ~~~~~~~~
ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ဒေသခံ တစ်ထောင်ကျော်အား ရွှေ့ပြောင်းပေးထားပြီး ဆက်လက်ကူညီနိုင်ရေး ခွင့်ပြုချက်စောင့်နေ
*****
ကချင်ပြည်နယ်တွင် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ဒေသခံများအနက် ဧပြီလ (၂၉)ရက်နေ့အထိ အင်ဂျန်းယန်မြို့နယ်အတွင်းမှ လူဦးရေတစ်ထောင်ကျော်ကို ကချင်ပြည်နယ်အစိုးရ၏ခွင့်ပြုချက်ဖြင့် ရွှေ့ပြောင်းပေးထားနိုင်ပြီး ကျန်ဒေသခံများအား ရွှေ့ပြောင်းပေးနိုင်ရေးကို နိုင်ငံတော်သမ္မတထံ တင်ပြထားကြောင်း စစ်ဘေးရှောင်များကို ကူညီရွှေ့ပြောင်းပေးနေသည့် အရပ်ဖက်အဖွဲ့များထံမှ သိရသည်။
“တခြားပိတ်မိနေတဲ့နေရာက လူတွေအကုန်လုံး ခေါ်ထုတ်ဖို့က ပြည်နယ်အစိုးရနဲ့ညှိဖို့က အခက်အခက်ရှိတယ်။ ဒီတော့ နိုင်ငံတော်သမ္မတဆီကို စာတင်ပြထားပါတယ်။ လွန်ခဲ့တဲ့သုံးရက်လောက်ကပါ။ အဲဒီစာအပေါ်မှာ အကြောင်းပြန်ကြားလာမှုအပေါ် စောင့်ဆိုင်းနေပါတယ်”ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွမ်ဂျာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရေးအတွက် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီးနောက် ဧပြီလအတွင်း အင်ဂျန်းယန်မြို့နယ်အတွင်းမှ လူအချို့အား ရွှေ့ပြောင်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒါက ဒုတိယအကြိမ်ပါ။ ပထမအကြိမ်က လူပေါင်း တစ်ထောင်လောက် ခေါ်ထုတ်လာနိုင်ပါတယ်။ ဧပြီလ (၂၆)နေ့လောက်ကပဲ ပြည်နယ်အစိုးရခွင့်ပြုချက်နဲ့ ခေါ်ထုတ်လာနိုင်တာ။ အဲဒီတုန်းက ပြည်နယ်အစိုးရကရော၊ မြို့နယ်အုပ်ချုပ်ရေးရော၊ လဝကရောပါတယ်”ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
အင်ဂျန်းယန်မြို့နယ်အတွင်းမှ ဒေသခံ (၁၄၀)ခန့်အား ဒုတိယအကြိမ်အဖြစ် ဧပြီလ (၂၉)ရက်နေ့တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC)မှ ဆရာတော်ကြီးများ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) ၊ ကချင်ပြည်နယ် Rescue အဖွဲ့နှင့် ရပ်မိရပ်ဖခေါင်းဆောင်များပါဝင်သည့်အဖွဲ့က ကချင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်းသဘောတူညီချက်ရပြီးနောက် ရွှေ့ပြောင်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီပိတ်ဆို့နေတဲ့အဖွဲ့တွေကို သွားရောက်ကူညီဖို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဘာသာရေးအသင်းအဖွဲ့ သင်းအုပ်ဆရာတော်ကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ မြစ်ကြီးနားခရစ်ယာန်ကောင်စီ MCC အဖွဲ့နဲ့ ကျွန်တော်တို့ PCG အဖွဲ့တို့ သွားရောက်ကူညီကြတယ်။ မနေ့က (၂)နာရီမှာ သူတို့ပြည်နယ်အစိုးရရုံးမှာ အစည်းအဝေးလုပ်ကြတယ်။ အစည်းအဝေးလုပ်ပြီးမှ သွားခေါ်ဖို့ ခွင့်ပြုချက်ပေးတော့ ကျွန်တော်တို့တွေ ဟိုဘက်ကမ်းကို သွားခေါ်တာ (ည) ၈ နာရီလောက်မှ ဒီဘက်ကမ်းကို ကူးလာနိုင်တယ်ပေါ့။ ကျွန်တော်တို့ မနေ့ညက ၁၀ နာရီလောက်မှ ပြန်လာနိုင်တာပေါ့။ လူဦးရေကတော့ ၁၄၀ လောက်ရှိတယ်” ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အင်ဂျန်းယန်မြို့နယ်အတွင်း ပိတ်မိနေသည့် ဒေသခံများအား ရွှေ့ပြောင်းပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီးနောက် ဧပြီလ (၂၉) ရက်နေ့ ည (၇) နာရီအချိန်တွင် တပ်မတော်က ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“အကုန်တော့မဟုတ်ဘူး။ ပထမတစ်ခေါက် ထွက်လာတဲ့ လူဦးရေက တစ်ထောင်လောက်ရှိတယ်။ အင်ဂျန်းယန်ထဲမှာက ရွာကတော်တော်များတယ်။ လက်ရှိက အင်ဂျန်းယန်ထဲမှာလည်းရှိတယ်။ ၁၆ မိုင်ဆိုတဲ့နေရာမှာလည်းရှိတယ်။ တခြားနေရာတွေမှာလည်းရှိတယ်။ တိုက်ပွဲတွေကရှိနေတော့ သူတို့က မနေရဲတော့ဘူးဆိုတော့ ဒီဘက် ဘာသာရေးအဖွဲ့တွေကိုရော ကျွန်တော်တို့ PCG ကိုရော စာလှမ်းပို့ကြတယ်။ သူတို့ကို လာခေါ်ပါဆိုပြီးတော့။ ကျွန်တော်တို့ကလည်း ဒီဘက်အစိုးရအဖွဲ့နဲ့ ညှိပြီးတော့ သူတို့ကို သွားခေါ်နိုင်ဖို့ ကူညီဖို့ ကြိုးစားရတယ်။ အကုန်လုံးတော့ မခေါ်နိုင်သေးဘူး။ တိုက်ပွဲဖြစ်နေတော့ သူတို့ ဒီဘက်ကိုလည်း မလာနိုင်ဘူးဖြစ်နေတယ်”ဟု ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
အဆိုပါ စစ်ဘေးရှောင်များအား တန်ဖရဲကျေးရွာရှိ ကတ်သလစ်ဘုရားကျောင်းတွင် ဖွင့်ထားသည့် ယာယီစခန်းနှင့် မြစ်ကြီးနားမြို့အနီး ပလနတွင်ရှိသည့် ဘုရားကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီစခန်းများတွင် နေရာချထားပေးကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA တို့၏ ဧပြီလ (၁၁)ရက်နေ့မှစ၍ ဧပြီလ (၂၈)ရက်နေ့အထိ တိုက်ပွဲများကြောင့် ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လောဒ်ကျေးရွာ၊ ကာမိုင်းမြို့နယ် မန်ဝိုင်း/လိုင်နောင်ခူးကျေးရွာ၊ နမ္မတီးမြို့နယ် ကဆုန့်ကျေးရွာ၊ အင်ဂျန်းယန်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဇန်နောင်ယန်ကျေးရွာများတွင် ဒေသခံများ ပိတ်မိနေသဖြင့် အဆိုပါ စစ်ဘေးရှောင်များအား လုံခြုံသည့်နေရာများသို့ ဘေးကင်းစွာရွှေ့ပြောင်းပေးရန် မြစ်ကြီးနားမြို့တွင် ဧပြီလ (၃၀)ရက်နေ့က ဆန္ဒထုတ်ဖေါ် တောင်းဆိုမှုများလည်း လုပ်ဆောင်နေကြခြင်းဖြစ်သည်။
သတင်း #အင်မိုင်ခ
ဓါတ်ပုံ #ZRH
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~