တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အႀကိဳအျဖစ္ က်င္းပသည့္ ကာတြန္း၊ ပိုစတာ၊ ပန္းခ်ီၿပိဳင္ပြဲသို႔ တာခ်ီလိတ္ ႏွင့္ မိုင္းျဖတ္တို႔မွ ေက်ာင္းသား၊ ေက်ာင္းသူ (၇၄)ဦး လာေရာက္ ယွဥ္ၿပိဳင္

တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အႀကိဳအျဖစ္ က်င္းပသည့္ ကာတြန္း၊ ပိုစတာ၊ ပန္းခ်ီၿပိဳင္ပြဲသို႔ တာခ်ီလိတ္ ႏွင့္ မိုင္းျဖတ္တို႔မွ ေက်ာင္းသား၊ ေက်ာင္းသူ (၇၄)ဦး လာေရာက္ ယွဥ္ၿပိဳင္
မေ 19, 2018
By Tachileik News Agency

တာခ်ီလိတ္တြင္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးစားမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အႀကိဳအျဖစ္ (၂၁)ႀကိမ္ေျမာက္ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ ႏွင့္ကြန္ပ်ဴတာ ပန္းခ်ီၿပိဳင္ပြဲအား က်င္းပျပဳလုပ္ရာ တာခ်ီလိတ္ ႏွင့္ မိုင္းျဖတ္တို႔မွ ၿပိဳင္ပြဲ၀င္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း (၇၄)ဦး ယွဥ္ၿပိဳင္ၾကေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္တြင္းရွိ အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)တြင္ ၂၀၁၈ခုႏွစ္ ေမလ(၁၉)ရက္ေန႔ နံနက္က က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

ၿပိဳင္ပြဲတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ ႏွင့္ မိုင္းျဖတ္ၿမိဳ႕နယ္တို႔မွ အေျခခံပညာေက်ာင္းမ်ား ႏွင့္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားမွ ပန္းခ်ီ (၂၈)ဦး၊ ကာတြန္း(၁၆)ဦး၊ ပိုစတာ(၂၂)ဦး ႏွင့္ ကြန္ပ်ဴတာ ပန္းခ်ီ(၈)ဦး စုစုေပါင္း ေက်ာင္းသား၊ ေက်ာင္းသူ (၇၄)ဦးမွ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကသည္။

အဆိုပါ ၿပိဳင္ပြဲသို႔ စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ခရုိင္မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာေဆး၀ါးမ်ားအႏၱရာယ္ တားဆီးကာ ကြယ္ေရးအဖဲြ႕ ဒုတိယဥကၠ႒၊ ခရုိင္ရဲတပ္ဖဲြ႕မွဴး ဒုတိယရဲမွဴးႀကီး ေပၚထြန္း၊ မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔စုမွဴး ရဲမွဴး စုိးႏုိင္၊ ၿမဳိ႕နယ္ရဲတပ္ဖဲြ႕မွဴး ရဲမွဴး သန္းႏု ႏွင့္ ဌာနဆုိင္ရာမ်ား၊ ျမန္မာႏုိင္ငံမူးယစ္ေဆး၀ါးဆန္႔က်င္ေရးအသင္း(MANA)(တာခ်ီလိတ္ခရုိင္)ႏွင့္ ပညာေရးဌာနမွ တာ၀န္ရွိသူမ်ား တက္ေရာက္ၿပီး အားေပးၾကည့္ရႈခဲ့ၾကသည္။

၂၀၁၈ခုႏွစ္ ဇြန္လ (၂၆)ရက္ေန႔တြင္ က်ေရာက္မည့္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးစားမႈႏွင့္ တရားမ၀င္ေရာင္း၀ယ္မႈတိုက္ဖ်က္ေရးေန႔ အထိမ္းမွတ္အႀကိဳအျဖစ္ က်င္းပသည့္ ျပိဳင္ပြဲကို လူထုလႈပ္ရွားမႈအသြင္ျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် (၂၁)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ နှင့်ကွန်ပျူတာ ပန်းချီပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ တာချီလိတ် နှင့် မိုင်းဖြတ်တို့မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၄)ဦး ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ၂၀၁၈ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် တာချီလိတ်မြို့နယ် နှင့် မိုင်းဖြတ်မြို့နယ်တို့မှ အခြေခံပညာကျောင်းများ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ပန်းချီ (၂၈)ဦး၊ ကာတွန်း(၁၆)ဦး၊ ပိုစတာ(၂၂)ဦး နှင့် ကွန်ပျူတာ ပန်းချီ(၈)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၄)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာ ကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူး စိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု နှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)(တာချီလိတ်ခရိုင်)နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ပြီး အားပေးကြည့်ရှုခဲ့ကြသည်။

၂၀၁၈ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းမှတ်အကြိုအဖြစ် ကျင်းပသည့် ပြိုင်ပွဲကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~