မုိင္းျဖတ္ၿမိဳ႕နယ္ ေကာင္းမႈေက်းရြာအနီး သံုးဦးေသ၊ သံုးဦးဒဏ္ရာရသည့္ သံုးဘီးဆုိင္ကယ္တိမ္းေမွာက္မႈမွ ယာဥ္ေမာင္းထြက္ေျပးေန

မုိင္းျဖတ္ၿမိဳ႕နယ္ ေကာင္းမႈေက်းရြာအနီး သံုးဦးေသ၊ သံုးဦးဒဏ္ရာရသည့္ သံုးဘီးဆုိင္ကယ္တိမ္းေမွာက္မႈမွ ယာဥ္ေမာင္းထြက္ေျပးေန
မေ 22, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕နယ္၊ ေကာင္းမႈေက်းရြာအနီး မုိင္းျဖတ္-မုိင္းခုတ္ကားလမ္းတြင္ ၂၀၁၈ ခုႏွစ္ ေမလ (၂၂)ရက္ေန႔ ညေနက သံုးဘီးဆိုင္ကယ္တစ္စီးတိမ္းေမွာက္သျဖင့္ အမ်ိဳးသမီး(၃)ဦး ေနရာတြင္ေသဆံုးသြားၿပီး အမ်ိဳးသား၊အမ်ိဳးသမီး(၃)ဦး ဒဏ္ရာရသြားကာ ယာဥ္ေမာင္းထြက္ေျပးသြားေၾကာင္း သိရသည္။

သံုးဘီးယာဥ္တိမ္းေမွာက္ေၾကာင္း သတင္းအရ ညေန (၅)နာရီဝန္းက်င္တြင္ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ မုိင္းျဖတ္ၿမိဳ႕ဘက္မွ မုိင္းဟဲအုပ္စု၊ တံုလံုေက်းရြာဘက္သို႔ အုိက္အြတ္ေမာင္းႏွင္လာသည့္ သံုးဘီးယာဥ္မွာ လမ္းေဘးထိုးက်တိမ္းေမွာက္သြားျခင္းျဖစ္ေၾကာင္း သိရၿပီး အိုက္အြတ္၏ ဇနီးအပါအဝင္ အမ်ိဳးသမီး(၃)ဦး ေနရာတြင္ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသံုးဘီးယာဥ္တြင္လုိက္ပါလာသည့္ အမ်ိဳးသမီး(၂)ဦးမွာလည္း ဒဏ္ရာျပင္းထန္စြာရရိွသြားၿပီး အမ်ိဳးသား(၁)ဦးမွာ ဒဏ္ရာအနည္းငယ္ႏွင့္ အမ်ိဳးသမီး(၁)ဦးမွာ ဒဏ္ရာရရိွထားျခင္းမရိွေၾကာင္း သိရသည္။

ဒဏ္ရာရသူမ်ားႏွင့္ ေသဆံုးသူမ်ားအား မိုင္းျဖတ္ၿမိဳ႕ရိွ သဂၤဟလူမႈကူညီေရးအသင္းက မိုင္းျဖတ္ၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ဒဏ္ရာျပင္းထန္သည့္ အမ်ိဳးသမီး(၂)ဦးကို တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ လႊဲေျပာင္းကုသမႈခံယူေစရာတြင္လည္း ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ အိုက္အြတ္အား မုိင္းျဖတ္ၿမိဳ႕မရဲစခန္းက ယာဥ္(ပ) ၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၃၃၈/၃၀၄-ကတို႔ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

 သတင္း #ကိုသာ
ဓါတ္ပံု #သဂၤဟလူမႈကူညီေရးအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့နယ် ကောင်းမှုကျေးရွာအနီး သုံးဦးသေ၊ သုံးဦးဒဏ်ရာရသည့် သုံးဘီးဆိုင်ကယ်တိမ်းမှောက်မှုမှ ယာဉ်မောင်းထွက်ပြေးနေ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ကောင်းမှုကျေးရွာအနီး မိုင်းဖြတ်-မိုင်းခုတ်ကားလမ်းတွင် ၂၀၁၈ ခုနှစ် မေလ (၂၂)ရက်နေ့ ညနေက သုံးဘီးဆိုင်ကယ်တစ်စီးတိမ်းမှောက်သဖြင့် အမျိုးသမီး(၃)ဦး နေရာတွင်သေဆုံးသွားပြီး အမျိုးသား၊အမျိုးသမီး(၃)ဦး ဒဏ်ရာရသွားကာ ယာဉ်မောင်းထွက်ပြေးသွားကြောင်း သိရသည်။

သုံးဘီးယာဉ်တိမ်းမှောက်ကြောင်း သတင်းအရ ညနေ (၅)နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ မိုင်းဖြတ်မြို့ဘက်မှ မိုင်းဟဲအုပ်စု၊ တုံလုံကျေးရွာဘက်သို့ အိုက်အွတ်မောင်းနှင်လာသည့် သုံးဘီးယာဉ်မှာ လမ်းဘေးထိုးကျတိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရပြီး အိုက်အွတ်၏ ဇနီးအပါအဝင် အမျိုးသမီး(၃)ဦး နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသုံးဘီးယာဉ်တွင်လိုက်ပါလာသည့် အမျိုးသမီး(၂)ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး အမျိုးသား(၁)ဦးမှာ ဒဏ်ရာအနည်းငယ်နှင့် အမျိုးသမီး(၁)ဦးမှာ ဒဏ်ရာရရှိထားခြင်းမရှိကြောင်း သိရသည်။

ဒဏ်ရာရသူများနှင့် သေဆုံးသူများအား မိုင်းဖြတ်မြို့ရှိ သင်္ဂဟလူမှုကူညီရေးအသင်းက မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်သည့် အမျိုးသမီး(၂)ဦးကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေရာတွင်လည်း ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အိုက်အွတ်အား မိုင်းဖြတ်မြို့မရဲစခန်းက ယာဉ်(ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-ကတို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 သတင်း #ကိုသာ
ဓါတ်ပုံ #သင်္ဂဟလူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~