တာချီလိတ်မြို့ မျိုးဆက်သစ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမ၀ါယမအသင်းလီမိတက် မှ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

တာချီလိတ်မြို့ မျိုးဆက်သစ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမ၀ါယမအသင်းလီမိတက် မှ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
မေ 19, 2018
By Tachileik News Agency

တာချီလိတ်တွင် မျိုးဆက်သစ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမ၀ါယမအသင်းလီမိတက်၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ၂၀၁၈ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်တွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ပြီး နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်း နှင့် အမြတ်ခွဲ စာရင်းများကို အသင်းများ၏ သဘောတူ ထောက်ခံချက်ဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မျိုးဆက်သစ်ဝန်ထမ်း ပေါင်းစုံငွေစုငွေချေး သမ၀ါယမအသင်းလီမိတက် ဥက္ကဌ ဒေါ်ဌေးဌေးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ စည်းမျဉ်းစည်းကမ်းများ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲစာရင်းများကို ရှင်းလင်းပြောကြားကာ အသင်းဝင်များ၏ ထောက်ခံချက်ရယူပြီး အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။


သတင်း/ဓါတ်ပုံ - ဇွဲမြတ်



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် မျိုးဆက်သစ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအေဝးကို ၂၀၁၈ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်တွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ပြီး နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်း နှင့် အမြတ်ခွဲ စာရင်းများကို အသင်းများ၏ သဘောတူ ထောက်ခံချက်ဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအေဝးတွင် မျိုးဆက်သစ်ဝန်ထမ်း ပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက် ဥက္ကဌ ဒေါ်ဌေးဌေးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ စည်းမျဉ်းစည်းကမ်းများ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲစာရင်းများကို ရှင်းလင်းပြောကြားကာ အသင်းဝင်များ၏ ထောက်ခံချက်ရယူပြီး အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်မြို့ မျိုးဆက်သစ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်အား ၂၀၀၈ခုနှစ် မတ်လ (၇)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်နှစ် ဖေဖော်ရီလကတည်းက လုပ်ငန်းများ စတင်ခဲ့ခြင်း ဖြစ်ပြီး မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်း (၂၈၆)ဦးမှ အစုတစ်စုလျှင် တစ်သောင်းကျပ်ဖြင့် အစုငွေပေါင်း (၂,၈၆၀,ဝဝဝ) ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~