ခ်င္းျပည္နယ္ရိွ ျမန္မာ-အိႏၵိယနယ္စပ္တံတားတြင္ ယာဥ္မ်ားျဖတ္သန္းသြားလာမႈကို အိႏၵိယနိုင္ငံ အာသံရိုင္ဖယ္တပ္က ေခတၱပိတ္ပင္ထား

ခ်င္းျပည္နယ္ရိွ ျမန္မာ-အိႏၵိယနယ္စပ္တံတားတြင္ ယာဥ္မ်ားျဖတ္သန္းသြားလာမႈကို အိႏၵိယနိုင္ငံ အာသံရိုင္ဖယ္တပ္က ေခတၱပိတ္ပင္ထား
မေ 22, 2018
By Tachileik News Agency
ခ်င္းျပည္နယ္ရွိ နယ္စပ္ကုန္သြယ္ေရးဝင္ထြက္ေပါက္တစ္ခုျဖစ္သည့္ ဖလမ္းၿမိဳ႕နယ္ ရိေခါဒါရ္ၿမိဳ႕ရိွ ျမန္မာ-အိႏၵိယႏွစ္နိုင္ငံနယ္စပ္ ခ်စ္ၾကည္ေရးတံတားေပၚ ယာဥ္မ်ားျဖတ္သန္းဝင္ထြက္သြားလာျခင္းကို အိႏၵိယနိုင္ငံဖက္မွ အာသံရိုင္ဖယ္တပ္(Assam Riffle) က ေမ ၂၂ ရက္ေန႔အထိ ပိတ္ထားဆဲျဖစ္ၿပီး အခ်ိန္ကာလ ကန္႔သတ္ခ်က္ႏွင့္ အေၾကာင္းရင္းကို မသိရေသးေၾကာင္း သိရသည္။

အဆိုပါတံတားမွ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းဝင္ထြက္မႈကို ၂၀၁၈ ခုႏွစ္ ေမလ (၂၁)ရက္ေန႔မွစ၍ ရုတ္တရက္ ပိတ္ပင္လုိက္ေသာ္လည္း လူမ်ားျဖတ္သန္းမႈႏွင့္ ေဒသသံုးတြန္းလွည္း(ခ်င္းကား)ျဖင့္ ပစၥည္းသယ္ေဆာင္ျခင္းကို ခြင့္ျပဳေပးထားေၾကာင္း သိရသည္။

“အရင္ကေတာ့ ပိတ္တာမရိွဖူးဘူး။ ဘာျဖစ္လို႔လဲ ပိတ္တာလဲဆိုတာ မသိရေသးဘူး။ ပိတ္တာက အာသံစစ္တပ္က ပိတ္တာေပါ့ေနာ္။ လူေတြနဲ႔ တြန္းလွည္းနဲ႔ပစၥည္းသယ္တာေတြေတာ့ ခြင့္ျပဳထားပါတယ္”ဟု ရိေခါဒါရ္ၿမိဳ႕တြင္ ေနထုိင္သူတစ္ဦးျဖစ္သည့္ ရိေခါဒါရ္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ဒုတိယဦးစီးမွဴး ဦးလာလ္ပက္ေလာမ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ယင္းကဲ့သို႔ ပိတ္လုိက္ျခင္းေၾကာင့္ ျမန္မာနိုင္ငံဖက္မွ အဓိကပို႔ကုန္ျဖစ္သည့္ ကြမ္းသီးတင္ပို႔မႈအား ရပ္နားခဲ့ရၿပီး ႏွစ္ႏုိင္ငံ ကုန္စည္တင္ပို႔မႈမ်ားမွာ လတ္တေလာတြင္ လူအင္အားကို အသံုးျပဳတင္ပို႔ေနၾကေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္မ်ား တံတားျဖတ္သန္းခြင့္မရသျဖင့္ အဆိုပါတံတားမွ ႏွစ္မုိင္ခန္႔အကြာရိွ ခ်င္းျပည္နယ္မွ ရိဒ္ေရကန္သို႔ အလည္အပတ္လာေနသည့္ အိႏၵိယနိုင္ငံ၊ မီဇိုရမ္ျပည္နယ္မွ ဧည့္သည္ဝင္ေရာက္မႈလည္း နည္းပါးသြားေၾကာင္း သိရသည္။

သတင္း #Sui Thian
ဓါတ္ပံု #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
ချင်းပြည်နယ်ရှိ မြန်မာ-အိန္ဒိယနယ်စပ်တံတားတွင် ယာဉ်များဖြတ်သန်းသွားလာမှုကို အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်က ခေတ္တပိတ်ပင်ထား
************
ချင်းပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားပေါ် ယာဉ်များဖြတ်သန်းဝင်ထွက်သွားလာခြင်းကို အိန္ဒိယနိုင်ငံဖက်မှ အာသံရိုင်ဖယ်တပ်(Assam Riffle) က မေ ၂၂ ရက်နေ့အထိ ပိတ်ထားဆဲဖြစ်ပြီး အချိန်ကာလ ကန့်သတ်ချက်နှင့် အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။

အဆိုပါတံတားမှ မော်တော်ယာဉ်များ ဖြတ်သန်းဝင်ထွက်မှုကို ၂၀၁၈ ခုနှစ် မေလ (၂၁)ရက်နေ့မှစ၍ ရုတ်တရက် ပိတ်ပင်လိုက်သော်လည်း လူများဖြတ်သန်းမှုနှင့် ဒေသသုံးတွန်းလှည်း(ချင်းကား)ဖြင့် ပစ္စည်းသယ်ဆောင်ခြင်းကို ခွင့်ပြုပေးထားကြောင်း သိရသည်။

“အရင်ကတော့ ပိတ်တာမရှိဖူးဘူး။ ဘာဖြစ်လို့လဲ ပိတ်တာလဲဆိုတာ မသိရသေးဘူး။ ပိတ်တာက အာသံစစ်တပ်က ပိတ်တာပေါ့နော်။ လူတွေနဲ့ တွန်းလှည်းနဲ့ပစ္စည်းသယ်တာတွေတော့ ခွင့်ပြုထားပါတယ်”ဟု ရိခေါဒါရ်မြို့တွင် နေထိုင်သူတစ်ဦးဖြစ်သည့် ရိခေါဒါရ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလာလ်ပက်လောမ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ယင်းကဲ့သို့ ပိတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဖက်မှ အဓိကပို့ကုန်ဖြစ်သည့် ကွမ်းသီးတင်ပို့မှုအား ရပ်နားခဲ့ရပြီး နှစ်နိုင်ငံ ကုန်စည်တင်ပို့မှုများမှာ လတ်တလောတွင် လူအင်အားကို အသုံးပြုတင်ပို့နေကြကြောင်း သိရသည်။

မော်တော်ယာဉ်များ တံတားဖြတ်သန်းခွင့်မရသဖြင့် အဆိုပါတံတားမှ နှစ်မိုင်ခန့်အကွာရှိ ချင်းပြည်နယ်မှ ရိဒ်ရေကန်သို့ အလည်အပတ်လာနေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ဧည့်သည်ဝင်ရောက်မှုလည်း နည်းပါးသွားကြောင်း သိရသည်။

သတင်း #Sui Thian
ဓါတ်ပုံ #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~