တပ်မတော်ကို နိုင်ငံတကာမှဖိအားပေးမှုနှင့် ပတ်သက်၍ ဆန့်ကျင်ရှုတ်ချကို တာချီလိတ်တွင် တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦး ဦးဆောင်ကာ စုပေါင်း ကျင်းပ

တပ်မတော်ကို နိုင်ငံတကာမှဖိအားပေးမှုနှင့် ပတ်သက်၍ ဆန့်ကျင်ရှုတ်ချကို တာချီလိတ်တွင် တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦး ဦးဆောင်ကာ စုပေါင်း ကျင်းပ
မေ 21, 2018
By Tachileik News Agency



အခမ်းအနားတွင် ဒေသခံ အာခါတိုင်းရင်းသားများကိုယ်စား ဦးအားလယ်မှ အာခါဘာသာဖြင့် လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများကိုယ်စား ဦးစိုင်းထွန်းလူမှ ရှမ်းဘာသာဖြင့် လည်းကောင်း၊ လားဟူတိုင်းရင်းသားများ ကိုယ်စား ဦးကျဒေါလော်မှ လားဟူဘာသာဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ကြပြီး ဦးဝင်းကိုကိုလတ်နှင့် ဦးလှဆွေတို့ကလည်း ဟောပြောခဲ့ကြကာ ပွဲကို ဦးဆောင်ကျင်းပသည့် ဦးဇော်မျိုးလတ်က အဆိုပါပွဲ၏ သဘောထားကြေညာချက်ကို ဖတ်ကြားခဲ့သည်။


သတင်း/ဓာတ်ပုံ - #ဇွဲမြတ်



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ့တပ်မတော်အပေါ် ကျရောက်လျက်ရှိသော နိုင်ငံတကာဖိအားများအား ဆန့်ကျင်ရှတ်ချပွဲကို ၂၀၁၈ ခုနှစ် မေလ(၂၁)ရက် နေ့လယ်ပိုင်းက တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ဟောပြောကြပြီး တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်ရှိ အဝိုင်းပတ်အထိ စီတန်းလှည့်လည်ကြကြောင်း သိရသည်။

"မြန်မာ့တပ်မတော်အပေါ်မှာရော နိုင်ငံတော်အပေါ်မှာ ဖိအားပေးပြီး ကန့်ကွက်နေတာတွေကို တပ်မတော်ချစ်တဲ့သူတစ်ယောက် အနေနဲ့ မခံမရပ်နိုင်ဖြစ်လို့ စပြီး ဦးဆောင်ကျင်းပတာဖြစ်ပါတယ်"ဟု အဆိုပါ ပွဲအား ဦးဆောင်ကျင်းပသူ တပ်မတော်မှ အငြိမ်းစား ဗိုလ်ကြီး ဇော်မျိုးလတ်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အခမ်းအနားတွင် ဒေသခံ အာခါတိုင်းရင်းသားများကို်ယ်စား ဦးအားလယ်မှ အာခါဘာသာဖြင့် လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများကိုယ်စား ဦးစိုင်းထွန်းလူမှ ရှမ်းဘာသာဖြင့် လည်းကောင်း၊ လားဟူတိုင်းရင်းသားများ ကိုယ်စား ဦးကျဒေါလော်မှ လားဟူဘာသာဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ကြပြီး ဦးဝင်းကိုကိုလတ်နှင့် ဦးလှဆွေတို့ကလည်း ဟောပြောခဲ့ကြကာ ပွဲကို ဦးဆောင်ကျင်းပသည့် ဦးဇော်မျိုးလတ်က အဆိုပါပွဲ၏ သဘောထားကြေညာချက်ကို ဖတ်ကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက ကြွေးကြော်သံများဖြင့် ရှမ်းရိုးမကွင်းမှတစ်ဆင့် အဝိုင်းပတ်အထိ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~