လမ္းေဘးတြင္ ရပ္ထားသည့္ Alphard (၂)စီးအတြင္းက ပိုင္ရွင္မဲ့ သစ္မ်ား ဖမ္းဆီးရမိ

လမ္းေဘးတြင္ ရပ္ထားသည့္ Alphard (၂)စီးအတြင္းက ပိုင္ရွင္မဲ့ သစ္မ်ား ဖမ္းဆီးရမိ
မေ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သိန္းနီၿမိဳ႕နယ္ ပိန္းဆာေက်းရြာအနီး ႏွင့္ ေကာင္းေဟာ္ေက်းရြာ အနီးတို႔တြင္ မသကၤာဖြယ္ ရပ္တန္႔ထားသည့္ ယာဥ္(၂)စီးေပၚက ပိုင္ရွင္မဲ့ သစ္မ်ားကို ေရပူစစ္ေဆးေရးဂိတ္ တာ၀န္က် အဖြဲ႔က ေမလ(၂၀)ရက္ေန႔ နံနက္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

လားရႈိး - မူဆယ္သြား၊ ျပည္ေထာင္စုလမ္းမႀကီးေပၚ   ပိန္းဆာေက်းရြာအနီး ႏွင့္  ေကာင္းေဟာ္ေက်းရြာ အနီးတို႔တြင္ မသကၤာဖြယ္ ရပ္တန္႔ထားသည့္ Toyota Alphard အမ်ဳိးအစား ေမာ္ေတာ္ယာဥ္(၂)စီးအား ေရပူစစ္ေဆးေရးဂိတ္တြင္ တာ၀န္က်ေနသည့္ လားရႈိးၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ ေတာအုပ္ႀကီး ဦးခ်မ္းေျမ႕ေအာင္ ဦးေဆာင္သည့္ အဖြဲ႔မွ ၂၀၁၈ခုႏွစ္ ေမလ(၂၀)ရက္ေန႔ နံနက္(၆)နာရီ၀န္းက်င္ အခ်ိန္က သြားေရာက္၍ စစ္ေဆးရာမွ ယာဥ္အတြင္းမွ ပိေတာက္သစ္ ဓါးေရႊတံုး  စုစုေပါင္း (၅၇)တံုးအား ေတြ႕ရွိ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ ပိေတာက္သစ္ ဓါးေရြတံုး (၃၅)တံုး၏ အေလးခ်ိန္မွာ (၁.၇၄၁)တန္ရွိၿပီး ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိသည့္ အတြက္ တရားမဝင္ သစ္တင္ေဆာင္လာသည့္  ယာဥ္မ်ားႏွင့္ဆက္စပ္ေနသူမ်ားအား ေဖၚထုတ္အေရးယူ ႏုိင္ရန္အတြက္ သိန္းနီၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ေဆာင္ရြက္ရန္ စီစဥ္ေနေၾကာင္း ေရပူအၿမဲတမ္း စစ္ေဆးေရး ဂိတ္ရွိ လားရိႈးၿမိဳ႕နယ္သစ္ေတာဦးစီးဌာနတာဝန္ရွိသူမ်ားထံမွ သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - လားရႈိးသစ္ေတာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ် ပိန်းဆာကျေးရွာအနီး နှင့် ကောင်းဟော်ကျေးရွာ အနီးတို့တွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် ယာဉ်(၂)စီးပေါ်က ပိုင်ရှင်မဲ့ သစ်များကို ရေပူစစ်ဆေးရေးဂိတ် တာဝန်ကျ အဖွဲ့က မေလ(၂၀)ရက်နေ့ နံနက်က ဖမ်းဆီးရမိကြောင်း သိရသည်။

လားရှိုး - မူဆယ်သွား၊ ပြည်ထောင်စုလမ်းမကြီးပေါ် ပိန်းဆာကျေးရွာအနီး နှင့် ကောင်းဟော်ကျေးရွာ အနီးတို့တွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် Toyota Alphard အမျိုးအစား မော်တော်ယာဉ်(၂)စီးအား ရေပူစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် လားရှိုးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးချမ်းမြေ့အောင် ဦးဆောင်သည့် အဖွဲ့မှ ၂၀၁၈ခုနှစ် မေလ(၂၀)ရက်နေ့ နံနက်(၆)နာရီဝန်းကျင် အချိန်က သွားရောက်၍ စစ်ဆေးရာမှ ယာဉ်အတွင်းမှ ပိတောက်သစ် ဓားရွှေတုံး စုစုပေါင်း (၅၇)တုံးအား တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် ပိတောက်သစ် ဓားရွေတုံး (၃၅)တုံး၏ အလေးချိန်မှာ (၁.၇၄၁)တန်ရှိပြီး ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် အတွက် တရားမဝင် သစ်တင်ဆောင်လာသည့် ယာဉ်များနှင့်ဆက်စပ်နေသူများအား ဖော်ထုတ်အရေးယူ နိုင်ရန်အတွက် သိန်းနီမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်နေကြောင်း ရေပူအမြဲတမ်း စစ်ဆေးရေး ဂိတ်ရှိ လားရှိုးမြို့နယ်သစ်တောဦးစီးဌာနတာဝန်ရှိသူများထံမှ သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုးသစ်တော

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~