ဒဏ္ေၾကးမ်ားေလွ်ာ့ခ်ေပးၿပီးေနာက္ တာခ်ီလိတ္တြင္ လိုင္စင္မဲ့ဆိုင္ကယ္ မွတ္ပံုတင္သူမ်ားလာ

ဒဏ္ေၾကးမ်ားေလွ်ာ့ခ်ေပးၿပီးေနာက္ တာခ်ီလိတ္တြင္ လိုင္စင္မဲ့ဆိုင္ကယ္ မွတ္ပံုတင္သူမ်ားလာ
မေ 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္တြင္း လုိင္စင္မဲ့ ေမာ္ေတာ္ဆုိင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးရာတြင္ ဒဏ္ေၾကးမ်ားကို ထက္ဝက္ ေလ်ာ့ခ်ေပးလိုက္သည့္ ၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစ၍ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ လိုင္စင္ျပဳလုပ္သူမ်ားလာၿပီး ဧၿပီလအထိ စုစုေပါင္းအစီးေရ (၆၄၉)စီးကို လုိင္စင္ျပဳလုပ္ ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

"ေဒသလိုင္စင္ေတြကို တာခ်ီလိတ္ၿမိဳ႕မွာက ရုံးဖြင့္ရက္(၅)ရက္လုံး လုပ္ေပးေနပါတယ္။ လိုင္စင္ ဒဏ္ေၾကးေတြကို ဒီႏွစ္ဆန္းပိုင္းမွာ စေလ်ာ့ေပးခဲ့တာျဖစ္ၿပီးေတာ့ အဲဒီအခ်ိန္ကစၿပီး လိုင္စင္လာလုပ္တဲ့ ဆိုင္ကယ္ အစီးေရေတြကလည္း မ်ားလာတယ္။ ၿပီးခဲ့တဲ့လမွာေတာ့ သၾကၤန္လည္းရိွေတာ့ အစီးေရ နည္းနည္း ေလ်ာ့သြားတယ္။ က်န္တဲ့ (၃)လမွာေတာ့ ပုံမွန္အစီးေရ (၁၀၀)ေက်ာ္ပါတယ္"ဟု ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးစိုုင္းလံုေက်ာက္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေဒသလိုင္စင္မ်ား၏ ဒဏ္ေၾကးကို ယခုႏွစ္ဆန္းပိုင္းမွစတင္ကာ ယခင္ဒဏ္ေၾကး၏ ထက္ဝက္ခန္႔ကို ေလ်ာ့ခ် ေပးခဲ့ျခင္းျဖစ္ရာ တာခ်ီလိတ္ခရိုင္ ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနတြင္ လုိင္စင္ျပဳလုပ္သည့္ ဆုိင္ကယ္အစီးေရ စုစုေပါင္းမွာ ဇန္န၀ါရီလတြင္ (၂၆၂)စီး၊ ေဖေဖာ္၀ါရီလတြင္ (၁၉၁)စီး၊ မတ္လတြင္ (၁၁၇)စီးႏွင့္ ဧၿပီလတြင္ (၇၉)စီးရိွေၾကာင္း သိရသည္။

ယာဥ္မွတ္ပံုတင္(လုိင္စင္)ထုတ္ေပးျခင္းကို ရံုးဖြင့္ရက္မ်ားတြင္ ရံုးခ်ိန္အတြင္း ေဆာင္ရြက္ေပးေနၿပီး မွတ္ပံုတင္ျပဳလုပ္မည့္ ဆုိင္ကယ္မ်ားအား ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနတြင္ စစ္ေဆးေရး အဖြဲ႕က ဆိုင္ကယ္အမ်ိဳးအစား၊ ေမာ္ဒယ္သတ္မွတ္ခ်က္မ်ား စိစစ္ေပးကာ သတ္မွတ္ ဒဏ္ေၾကးအား ျမန္မာ့စီးပြားေရးဘဏ္တြင္ ေပးသြင္းရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဒဏ္ေၾကးေပးသြင္းၿပီးေၾကာင္း ခ်လန္ျဖတ္ပုိင္းႏွင့္ အတူ ျမန္မာ့အာမခံလုပ္ငန္းတြင္ သူတစ္ပါး ထိခုိက္နစ္နာမႈ အာမခံေၾကး ေပးေဆာင္ၿပီးပါက ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးတြင္ ယာဥ္မွတ္ပံုတင္ စာအုပ္(ကမ-၃)၊ ယာဥ္သက္ေသခံလက္မွတ္မ်ား ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးရာတွင် ဒဏ်ကြေးများကို ထက်ဝက် လျော့ချပေးလိုက်သည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လိုင်စင်ပြုလုပ်သူများလာပြီး ဧပြီလအထိ စုစုပေါင်းအစီးရေ (၆၄၉)စီးကို လိုင်စင်ပြုလုပ် ပေးထားပြီးဖြစ်ကြောင်း သိရသည်။

"ဒေသလိုင်စင်တွေကို တာချီလိတ်မြို့မှာက ရုံးဖွင့်ရက်(၅)ရက်လုံး လုပ်ပေးနေပါတယ်။ လိုင်စင် ဒဏ်ကြေးတွေကို ဒီနှစ်ဆန်းပိုင်းမှာ စလျော့ပေးခဲ့တာဖြစ်ပြီးတော့ အဲဒီအချိန်ကစပြီး လိုင်စင်လာလုပ်တဲ့ ဆိုင်ကယ် အစီးရေတွေကလည်း များလာတယ်။ ပြီးခဲ့တဲ့လမှာတော့ သင်္ကြန်လည်းရှိတော့ အစီးရေ နည်းနည်း လျော့သွားတယ်။ ကျန်တဲ့ (၃)လမှာတော့ ပုံမှန်အစီးရေ (၁၀၀)ကျော်ပါတယ်"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဒေသလိုင်စင်များ၏ ဒဏ်ကြေးကို ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ယခင်ဒဏ်ကြေး၏ ထက်ဝက်ခန့်ကို လျော့ချ ပေးခဲ့ခြင်းဖြစ်ရာ တာချီလိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် လိုင်စင်ပြုလုပ်သည့် ဆိုင်ကယ်အစီးရေ စုစုပေါင်းမှာ ဇန်နဝါရီလတွင် (၂၆၂)စီး၊ ဖေဖော်ဝါရီလတွင် (၁၉၁)စီး၊ မတ်လတွင် (၁၁၇)စီးနှင့် ဧပြီလတွင် (၇၉)စီးရှိကြောင်း သိရသည်။

ယာဉ်မှတ်ပုံတင်(လိုင်စင်)ထုတ်ပေးခြင်းကို ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ဆောင်ရွက်ပေးနပြေီး မှတ်ပုံတင်ပြုလုပ်မည့် ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးရေး အဖွဲ့က ဆိုင်ကယ်အမျိုးအစား၊ မော်ဒယ်သတ်မှတ်ချက်များ စိစစ်ပေးကာ သတ်မှတ် ဒဏ်ကြေးအား မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒဏ်ကြေးပေးသွင်းပြီးကြောင်း ချလန်ဖြတ်ပိုင်းနှင့် အတူ မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါး ထိခိုက်နစ်နာမှု အာမခံကြေး ပေးဆောင်ပြီးပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်သက်သေခံလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~