ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထို္င္သည့္ ျမန္မာႏုိင္ငံသား (၂၁)ဦးကို သႀကၤန္ကာလအၿပီးတြင္ တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထို္င္သည့္ ျမန္မာႏုိင္ငံသား (၂၁)ဦးကို သႀကၤန္ကာလအၿပီးတြင္ တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဧပြီ 18, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္း တရားမဝင္ ေနထုိင္မႈျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏုိင္ငံသား  (၂၁)ဦးကို သႀကၤန္ကာလအၿပီး ဧၿပီလ (၁၈)ရက္ေန႔တြင္ ထုိင္းတာဝန္ ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးရာ ယခုႏွစ္အတြင္း လႊဲေျပာင္းလာသူဦးေရ (၂၂၈)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

ယေန႔ လႊဲေျပာင္းလာသူမ်ားတြင္ အမ်ိဳးသား (၁၅)ဦး ႏွင့္ အမ်ိဳးသမီး( ၆) ဦးပါဝင္ၿပီး ၎တို႔အား  ျမန္မာႏုိင္ငံဖက္မွ တာဝန္ရိွသူမ်ားျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး ဌာန၊ အလုပ္သမားလူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕တို႔အျပင္ ထုိင္း ႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရးေကာ္မတီ( CNCMC ) တုိ႔က လက္ခံႀကိဳဆိုၿပီး ေနရပ္ျပန္ႏုိင္ေရး ကူညီ ေဆာင္ရြက္ေပးေၾကာင္း သိရသည္။

ယခုႏွစ္အတြင္း ထုိင္းနိုင္ငံမွ တာခ်ီလိတ္သို႔ လႊဲေျပာင္းလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ အမ်ိဳးသား( ၁၅၆)ဦး၊ အမ်ိဳးသမီး ( ၆၆)ဦး၊ကေလး( ၆ ) ဦး  စုစုေပါင္း ( ၂၂၈) ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕မ်ားတြင္ ျမန္မာတာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေလ့ရိွရာ ၂၀၁၇ ခုႏွစ္က တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းလာသည့္ ျမန္မာႏို္င္ငံသားဦးေရမွာ အမ်ိဳးသား (၇၆၂)ဦး၊ အမ်ိဳးသမီး (၃၄၃)ဦးႏွင့္ ကေလး (၅၉)ဦး စုစုေပါင္း (၁၁၆၄)ဦးရိွခဲ့ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ၿမိဳ႕နယ္ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၂၁)ဦးကို သင်္ကြန်ကာလအပြီး ဧပြီလ (၁၈)ရက်နေ့တွင် ထိုင်းတာဝန် ရှိသူများက လာရောက်လွှဲပြောင်းပေးရာ ယခုနှစ်အတွင်း လွှဲပြောင်းလာသူဦးရေ (၂၂၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ယနေ့ လွှဲပြောင်းလာသူများတွင် အမျိုးသား (၁၅)ဦး နှင့် အမျိုးသမီး( ၆) ဦးပါဝင်ပြီး၎င်းတို့အား မြန်မာနိုင်ငံဖက်မှ တာဝန်ရှိသူများဖြစ်သည့် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တို့အပြင် ထိုင်း နိုင်ငံမယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ( CNCMC ) တို့က လက်ခံကြိုဆိုပြီး နေရပ်ပြန်နိုင်ရေး ကူညီ ဆောင်ရွက်ပေးကြောင်း သိရသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှ တာချီလိတ်သို့ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား( ၁၅၆)ဦး၊ အမျိုးသမီး ( ၆၆)ဦး၊ကလေး( ၆ ) ဦး စုစုပေါင်း ( ၂၂၈) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ - ထိုင်းနယ်စပ်မြို့များဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့များတွင် မြန်မာတာဝန်ရှိသူများထံ လွှဲပြောင်းလေ့ရှိရာ ၂၀၁၇ ခုနှစ်က တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနို်င်ငံသားဦးရေမှာ အမျိုးသား (၇၆၂)ဦး၊ အမျိုးသမီး (၃၄၃)ဦးနှင့် ကလေး (၅၉)ဦး စုစုပေါင်း (၁၁၆၄)ဦးရှိခဲ့ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~