တာချီလိတ်တွင် ကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဖွင့်ပွဲသို့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်

တာချီလိတ်တွင် ကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဖွင့်ပွဲသို့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်
ဧပွီ 13, 2018
By Tachileik News Agency


တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်သည့်အတွက် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ လေးစားတန်ဖိုးထားပြီး ဆင်နွှဲကြရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားသွားသည်။

“မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ထုံးတမ်းအစဉ်အလာများနဲ့အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းကြပြီး ပြည်သူများ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စေရန် ရေသဘင်ပွဲတော်ကာလအတွင်း ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲကြရန် လိုအပ်မှာလည်းဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။



တာချီလိတ်ခရိုင်သင်္ကြန်ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင် သင်္ကြန်းယိမ်းအကအဖွဲ့များအနေဖြင့် (၁၉)ဖွဲ့ပါဝင်ပြီး သင်္ကြန်အကြိုနေ့တွင် ယိမ်းအဖွဲ့(၆)ဖွဲ့၊ သင်္ကြန်အကျနေ့တွင် ယိမ်းအဖွဲ့(၇)ဖွဲ့ နှင့် သင်္ကြန်အကြတ်နေ့တွင် (၆)ဖွဲ့တို့မှ ကပြယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ယိမ်းအဖွဲ့များထဲက သင်္ကြန်မယ်တစ်ဦးကိုလည်း ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဖွင့်ပွဲကို ဧပြီလ (၁၃)ရက်နေ့က ရှမ်းရိုးမကွင်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပရာ မြန်မာနှင့် ထိုင်းနိုင်ငံမှ နှစ်နိုင်ငံ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ဖွင့်လှစ်ပေးကြောင်း သိရသည်။

တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်သည့်အတွက် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ လေးစားတန်ဖိုးထားပြီး ဆင်နွှဲကြရန် တာချီလိတ်ခရို်င်အုပ်ချုပ်ရေးမှူးက မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားသွားသည်။

“မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ထုံးတမ်းအစဉ်အလာများနဲ့အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းကြပြီး ပြည်သူများ ကို်ယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စေရန် ရေသဘင်ပွဲတော်ကာလအတွင်း ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲကြရန် လိုအပ်မှာလည်းဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ တာချီလိတ်ခရို်င်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ မြို့မိမြို့ဖ ဦးကြည်မြင့် နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဖွင့်ပွဲကို ဧပြီလ (၁၃)ရက်နေ့ ညနေ(၃)နာရီတွင် ရှမ်းရိုးမကွင်းရှိ ဗဟိုမဏ္ဍပ်၌ မဟာအတာသင်္ကြန်အဖွင့် တေးသီချင်း၊ အက/အလှများဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းတွင် သင်္ကြန်အကအဖွဲ့များ၏ ပြိုင်ပွဲများရှိမည်ဖြစ်ကြောင်း သိရပြီး မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲကို ဧပြီလ (၁၆)ရက်နေ့ ညနေ (၃)နာရီခွဲတွင် အဆိုပါ ဗဟိုမဏ္ဍပ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်သင်္ကြန်ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင် သင်္ကြန်းယိမ်းအကအဖွဲ့များအနဖြေင့် (၁၉)ဖွဲ့ပါဝင်ပြီး သင်္ကြန်အကြိုနေ့တွင် ယိမ်းအဖွဲ့(၆)ဖွဲ့၊ သင်္ကြန်အကျနေ့တွင် ယိမ်းအဖွဲ့(၇)ဖွဲ့ နှင့် သင်္ကြန်အကြတ်နေ့တွင် (၆)ဖွဲ့တို့မှ ကပြယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ယိမ်းအဖွဲ့များထဲက သင်္ကြန်မယ်တစ်ဦးကိုလည်း ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~