တာခ်ီလိတ္ၿမိဳ႕ မိုင္းဟဲေက်းရြာအုပ္စုအတြင္း စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မိုင္းဟဲေက်းရြာအုပ္စုအတြင္း စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
ဧပြီ 29, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဟဲေက်းရြာအုပ္စု၊ ေက်ာက္လႈိင္ဂူတပ္စခန္း ႏွင့္ ပန္ကူရြာၾကား ေခ်ာင္းကူးတံတား အနီးတြင္ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပား (၂၀၀၀)၀န္းက်င္ကို ဖမ္းဆီး သိမ္းဆည္းရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္က သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ စစ္ဘက္ေရးရာလံုျခံဳေရးတပ္ဖြဲ႔၊ တပ္စု(၂)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြ႔ဲျဖင့္ ၂၀၁၈ခုႏွစ္ ဧၿပီလ(၂၉)ရက္ေန႔ ေန႔လည္(၂)နာရီ၀န္းက်င္ အခ်ိန္က ေက်ာက္လႈိင္ဂူတပ္စခန္း ႏွင့္ ပန္ကူရြာၾကား ေခ်ာင္းကူးတံတား အနီးတြင္ မိုင္းျဖတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ လာသည့္ အသက္(၂၁)ႏွစ္၀န္းက်င္ရွိ လီဖာ ေမာင္းလာေသာ ေမာ္ေတာ္ ဆိုင္ကယ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာက မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အဖြဲ႔မွ ရွာေဖြရာတြင္ ဆိုင္ကယ္တူးေဘာက္အတြင္းမွ တိပ္ျဖင့္ ပတ္ကာ ထုတ္ပိုးထားသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၉၆၄)ျပားအား လည္းေကာင္း၊ ၎၀တ္ဆင္ထားသည့္ ေဘာင္းဘီ အိတ္ကပ္အတြင္းမွ လက္ကိုင္ဖုန္း (၂)လံုးတို႔အား ေတြ႔ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ လက္၀ယ္ေတြ႔ရွိရသူ လီဖာအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ကျောက်လှိုင်ဂူတပ်စခန်း နှင့် ပန်ကူရွာကြား ချောင်းကူးတံတား အနီးတွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးပြား (၂၀၀၀)ဝန်းကျင်ကို ဖမ်းဆီး သိမ်းဆည်းရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်က သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ တပ်စု(၂)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၈ခုနှစ် ဧပြီလ(၂၉)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင် အချိန်က ကျောက်လှိုင်ဂူတပ်စခန်း နှင့် ပန်ကူရွာကြား ချောင်းကူးတံတား အနီးတွင် မိုင်းဖြတ်ဘက်မှ တာချီလိတ်ဘက်သို့ လာသည့် အသက်(၂၁)နှစ်ဝန်းကျင်ရှိ လီဖာ မောင်းလာသော မော်တော် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှ ရှာဖွေရာတွင် ဆိုင်ကယ်တူးဘောက်အတွင်းမှ တိပ်ဖြင့် ပတ်ကာ ထုတ်ပိုးထားသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၉၆၄)ပြားအား လည်းကောင်း၊၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီ အိတ်ကပ်အတွင်းမှ လက်ကိုင်ဖုန်း (၂)လုံးတို့အား တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ စိတ်ကြွဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ လီဖာအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~