မိုင္းေယာင္းၿမိဳ႕နယ္အတြင္း မူးယစ္ေဆး၀ါးႏွင့္အတူ လူ(၂)ဦး ဖမ္းဆီးရမိ

မိုင္းေယာင္းၿမိဳ႕နယ္အတြင္း မူးယစ္ေဆး၀ါးႏွင့္အတူ လူ(၂)ဦး ဖမ္းဆီးရမိ
ဧပြီ 24, 2018
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ ေဟာင္ၾကန္႔ေက်းရြာအုပ္စုအတြင္းရွိ ေနအိမ္တြင္ မူးယစ္ေဆး၀ါးႏွင့္ အတူ အသံုးျပဳသည့္ ပစၥည္းမ်ားအား အမ်ဳိးသားႏွင့္အမ်ဳိးသမီး ႏွစ္ဦးထံက ဖမ္းဆီးရမိ၍ မိုင္းေယာင္းၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္၊

မိုင္းေယာင္ၿမိဳ႕နယ္၊ ေဟာင္ၾကန္႔ေက်းရြာအုပ္စု၊ ပံုခ်ဳိနီးေက်းရြာအတြင္းရွိ မိညဴး၏ ေနအိမ္အား မူးယစ္ေဆး၀ါး သတင္းအရ ဧၿပီလ(၂၄)ရက္ေန႔ နံနက္(၆)နာရီ ၀န္းက်င္အခ်ိန္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔ျဖင့္ ၀င္ေရာက္ရွာေဖြရာက မိညဴးႏွင့္အတူ မင္းထင္ တို႔အား ေတြ႔ရွိရၿပီး ဆက္လက္၍ ရွာေဖြရာ Wy စာတမ္းပါ လိေမၼာ္ေရာင္စိတ္ၾကြေဆးျပား (၄၉)ျပား၊ Wy စာတမ္းပါ ပန္းေရာင္ စိတ္ၾကြေဆးျပား (၂၃)ျပား ႏွင့္ မူးယစ္ေဆး၀ါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ပစၥည္းမ်ားအား ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္၊

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၃၆)ႏွစ္အရြယ္ မိညဴး ႏွင့္ အသက္(၂၆)ႏွစ္အရြယ္ မင္းထင္တို႔ ႏွစ္ဦးအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္၊


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်တွင် မူးယစ်ဆေးဝါးနှင့် အတူ အသုံးပြုသည့် ပစ္စည်းများအား အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးထံက ဖမ်းဆီးရမိ၍ မိုင်းယောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်၊

မိုင်းယောင်မြို့နယ်၊ ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပုံချိုနီးကျေးရွာအတွင်းရှိ မိညူး၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဧပြီလ(၂၄)ရက်နေ့ နံနက်(၆)နာရီ ဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာက မိညူးနှင့်အတူ မင်းထင် တို့အား တွေ့ရှိရပြီး ဆက်လက်၍ ရှာဖွေရာ Wy စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား (၄၉)ပြား၊ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၃)ပြား နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်၊

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၆)နှစ်အရွယ် မိညူး နှင့် အသက်(၂၆)နှစ်အရွယ် မင်းထင်တို့ နှစ်ဦးအား မိုင်းယောင်းမြို့မရဲစခန်းတွင် မယ(ပ)၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်၊

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~