ၿမိဳ႕နယ္စည္ပင္ေကာ္မတီ ေရြးေကာက္တင္ေျမႇာက္ျခင္းဆိုင္ရာ ဥပေဒ၊ နည္းဥပေဒျပဌာန္းႏိုင္ေရး အလုပ္ရံုေဆြးေႏြးပဲြက်င္းပ

ၿမိဳ႕နယ္စည္ပင္ေကာ္မတီ ေရြးေကာက္တင္ေျမႇာက္ျခင္းဆိုင္ရာ ဥပေဒ၊ နည္းဥပေဒျပဌာန္းႏိုင္ေရး အလုပ္ရံုေဆြးေႏြးပဲြက်င္းပ
ဧပြီ 28, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး စည္ပင္သာယာေရးဥပေဒ၊ နည္းဥပေဒ ျပင္ဆင္ေရးဆြဲေရးတြင္ ေရြးေကာက္ တင္ေျမႇာက္ျခင္းဆိုင္ရာ ဥပေဒ၊နည္းဥပေဒ ျပဌာန္းႏိုင္ေရးအတြက္ အရပ္ဖက္အဖြဲ႔အစည္းမ်ား အလုပ္ရံု ေဆြးေႏြးပြဲကို ဧၿပီလ(၂၈)ရက္က မေကြးၿမိဳ႕ရွိ မေကြးဟိုတယ္တြင္ က်င္းပသည္။

"ကြ်န္မတို႔က ေဒသႏၱရအစုိးရေတြ အားေကာင္းေစခ်င္တယ္။ အထူးသျဖင့္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒအရ ဆိုရင္ ျပည္နယ္နဲ႔တိုင္းေတြမွာ စည္ပင္ဥပေဒေတြ ေရးဆြဲခဲ့တယ္ေပါ့ေနာ္။ အဲဒီလို ေရးဆြဲၿပီး စည္ပင္ေကာ္မတီေတြကို ေရြးခ်ယ္တဲ့အခါမွာ ဥပေဒ၊နည္းဥပေဒနဲ႔ အညီ လူထု ကိုယ္စားလွယ္ေတြ ပါဝင္တဲ႔ ေရြးခ်ယ္မႈျဖစ္ေစခ်င္တယ္။ အဲဒီလုိ လူထုပါဝင္မႈ အားေကာင္းလာေအာင္ မေကြးတုိင္းအတြင္း (၂၅) ၿမိဳ႕နယ္က အရပ္ဖက္အဖြဲ႔ အစည္းအသီးသီးက ကိုယ္စားလွယ္ေတြကုိ ဖိတ္ၾကားၿပီး အခုလုိ ပြဲမ်ိဳးကို လုပ္ျဖစ္တာပါ" ဟု အလုပ္ရံုေဆြးေႏြးပဲြ ဦးေဆာင္ျပဳလုပ္သည့္ နယူးျမန္မာေဖာင္ေဒးရွင္း ေရြးေကာက္ပြဲဆုိင္ရာအႀကံေပး ေဒၚျမနႏၵာ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ေရြးေကာက္တင္ေျမႇာက္မႈဆုိင္ရာ ဥပေဒ၊ နည္းဥပေဒ ျပဌာန္း နိုင္ျခင္း မရွိေသးသျဖင့္ ယင္း ဥပေဒျပဌာန္းနုိင္ေရး အတြက္ အေထာက္အကူျဖစ္ေစရန္ အလုပ္ရံုေဆြးေႏြးပြဲျပဳလုပ္ၿပီး ရရွိလာေသာ အခ်က္အလက္မ်ားအား မေကြးတုိင္းေဒသႀကီးလႊတ္ေတာ္သို႔ ဆက္လက္ တင္ျပေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

"လက္ရွိ ကၽြန္မတို႔ မေကြးတိုင္းမွာ ျပည္သူကေနတင္ေျမႇာက္တဲ့ ကိုယ္စားလွယ္ (၄) ဦးပါ ေကာ္မတီဝင္ (၇) ဦးနဲ႔ ဖြဲ႔စည္းတာျဖစ္ပါတယ္။ ျပည္သူက တင္ေျမႇာက္တဲ့ ေကာ္မတီဝင္ (၄) ဦး ပါဝင္ေနတယ္ဆိုေပမဲ့ ျပည္ သူအမ်ားစုက ေကာ္မတီအဖြဲ႔ ေရြးေကာက္တင္ေျမႇာက္ပြဲဆုိင္ရာေတြကုိ မသိရွိၾကပါဘူး။ အခုလုိျပည္သူေတြ နဲ႔ အရပ္ဖက္အဖြဲ႔အစည္းေတြ စည္ပင္ေကာ္မတီေရြးေကာက္ တင္ေျမႇာက္ပြဲနဲ႔ပတ္သက္ၿပီး ပူးေပါင္းပါဝင္ လာနိုင္တဲ့ အထိ အသိပညာေပးမႈက အရမ္းလုိအပ္ပါတယ္" ဟု မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္ စားလွယ္ ေဒၚခင္ခ်ိဳလတ္က ေျပာသည္။

နယူးျမန္မာေဖာင္ေဒးရွင္းက ရန္ကုန္၊ မႏၱေလး၊ ရွမ္းျပည္နယ္နွင့္ ခ်င္းျပည္နယ္တုိ႔တြင္ အဆုိပါ အလုပ္ရံု ေဆြးေႏြးပြဲမ်ား က်င္းပျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရၿပီး ယေန႔ျပဳလုပ္ေသာ အလုပ္ရံုေဆြးေႏြးပဲြသို႔ မေကြးၿမိဳ႕ေပၚႏွင့္ မေကြးတိုင္းအတြင္း ၿမိဳ႕နယ္မ်ားရိွ အရပ္ဖက္အဖဲြ႔အစည္း အသီးသီးမွ ကိုယ္စားလွယ္ (၈၀)ေက်ာ္ တက္ေရာက္ေဆြးေႏြးၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္




~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ရေးဆွဲရေးတွင် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊နည်းဥပဒေ ပြဌာန်းနိုင်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများ အလုပ်ရုံ ဆွေးနွေးပွဲကို ဧပြီလ(၂၈)ရက်က မကွေးမြို့ရှိ မကွေးဟိုတယ်တွင် ကျင်းပသည်။

"ကျွန်မတို့က ဒေသန္တရအစိုးရတွေ အားကောင်းစေချင်တယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင် ပြည်နယ်နဲ့တိုင်းတွေမှာ စည်ပင်ဥပဒေတွေ ရေးဆွဲခဲ့တယ်ပေါ့နော်။ အဲဒီလို ရေးဆွဲပြီး စည်ပင်ကော်မတီတွေကို ရွေးချယ်တဲ့အခါမှာ ဥပဒေ၊နည်းဥပဒေနဲ့ အညီ လူထု ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ရွေးချယ်မှုဖြစ်စေချင်တယ်။ အဲဒီလို လူထုပါဝင်မှု အားကောင်းလာအောင် မကွေးတိုင်းအတွင်း (၂၅) မြို့နယ်က အရပ်ဖက်အဖွဲ့ အစည်းအသီးသီးက ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး အခုလို ပွဲမျိုးကို လုပ်ဖြစ်တာပါ" ဟု အလုပ်ရုံဆွေးနွေးပွဲ ဦးဆောင်ပြုလုပ်သည့် နယူးမြန်မာဖောင်ဒေးရှင်း ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒါ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ရွေးကောက်တင်မြှောက်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဌာန်း နိုင်ခြင်း မရှိသေးသဖြင့် ယင်း ဥပဒပြေဌာန်းနိုင်ရေး အတွက် အထောက်အကူဖြစ်စေရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပြီး ရရှိလာသော အချက်အလက်များအား မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ ဆက်လက် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"လက်ရှိ ကျွန်မတို့ မကွေးတိုင်းမှာ ပြည်သူကနေတင်မြှောက်တဲ့ ကိုယ်စားလှယ် (၄) ဦးပါ ကော်မတီဝင် (၇) ဦးနဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်။ ပြည်သူက တင်မြှောက်တဲ့ ကော်မတီဝင် (၄) ဦး ပါဝင်နေတယ်ဆိုပေမဲ့ ပြည် သူအများစုက ကော်မတီအဖွဲ့ ရွေးကောက်တင်မြှောက်ပွဲဆိုင်ရာတွေကို မသိရှိကြပါဘူး။ အခုလိုပြည်သူတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စည်ပင်ကော်မတီရွေးကောက် တင်မြှောက်ပွဲနဲ့ပတ်သက်ပြီး ပူးပေါင်းပါဝင် လာနိုင်တဲ့ အထိ အသိပညာပေးမှုက အရမ်းလိုအပ်ပါတယ်" ဟု မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဒေါ်ခင်ချိုလတ်က ပြောသည်။

နယူးမြန်မာဖောင်ဒေးရှင်းက ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရပြီး ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးမြို့ပေါ်နှင့် မကွေးတိုင်းအတွင်း မြို့နယ်များရှိ အရပ်ဖက်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် (၈၀)ကျော် တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~