ေက်ာက္မဲၿမိဳ႕တြင္ လွည့္ကင္းေဆာင္ရြက္စဥ္ ဘိန္းျဖဴႏွင့္အတူ အမ်ိဳးသားႏွစ္ဦးအားဖမ္းဆီးရမိ

ေက်ာက္မဲၿမိဳ႕တြင္ လွည့္ကင္းေဆာင္ရြက္စဥ္ ဘိန္းျဖဴႏွင့္အတူ အမ်ိဳးသားႏွစ္ဦးအားဖမ္းဆီးရမိ
ဧပြီ 21, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ဧၿပီလ (၂၁) ရက္ေန႔ နံနက္အေစာပိုင္းက မသကၤာဖြယ္ရာ ဆိုင္ကယ္တစ္စီးႏွင့္ အမ်ိဳးသားႏွစ္ဦးထံမွ ဘိန္းျဖဴဟုယူဆရသည့္ အမႈန္႔ (၉.၆) ဂရမ္ကို ရွာေဖြေတြ႔ရွိခဲ့၍ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးအေရးယူရန္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဧၿပီလ (၂၁) ရက္ေန႔ နံနက္(၁)နာရီဝန္းက်င္က ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ လွည့္ကင္းအဖြဲ႕သည္ အမွတ္(၉)ရပ္ကြက္အတြင္း လွည့္ကင္းေဆာင္ရြက္ေနစဥ္ နယ္ေျမ(၁၁) ေရႊဖီဦးလမ္းေပၚရွိ ကားဝပ္ေရွာ့တစ္ခု ေရွ႕၌ ရပ္တန္႔ထားသည့္ ဆိုင္ကယ္တစ္စီးႏွင့္ အမ်ိဳးသား ႏွစ္ဦးကိုေတြ႔ရွိရသျဖင့္ စစ္ေဆးရွာေဖြရာ ဆိုင္ကယ္ေနာက္တြင္ထိုင္ေနသူ အမ်ိဳးသား၏ ခႏၶာကိုယ္တြင္ဝတ္ဆင္ထားသည့္ ဂ်ာကင္အကၤ်ီအတြင္း ေကာ္ဗူးျဖင့္ထည့္ထားေသာ ဘိန္းျဖဴဟုယူဆရသည့္ ျဖဴဝါေရာင္အမႈန္႔မ်ားကို ရွာေဖြေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၄င္းအမ်ိဳးသား ၂ ဦးထံမွ ေတြ႔ရွိရသည့္ေကာ္ဗူး ၃ ဗူးမွ ဘိန္းျဖဴဟု ယူဆရသည့္ အမႈန္႔ စုစုေပါင္း (၉.၆) ဂရမ္ႏွင့္ ေဆးထိုးပိုက္ ၃ ေခ်ာင္းႏွင့္ အပ္တို႔အား အသိသက္ေသမ်ားႏွင့္အတူရွာေဖြေတြ႔ရွိခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

မူးယစ္ေဆးဝါးမ်ားအား သံုးစြဲ၊ ေရာင္းခ်ရန္အလို႔ငွာ လက္ဝယ္ထားရွိသူ သန္းေဇာ္ဟိန္းႏွင့္ ေမာင္လြန္းခိုင္တို႔အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ဥပေဒအရ အေရးယူရန္ေဆာင္ရြက္လ်က္ရွိေၾကာင္း ၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင် လှည့်ကင်းဆောင်ရွက်စဉ် ဘိန်းဖြူနှင့်အတူ အမျိုးသားနှစ်ဦးအားဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဧပြီလ (၂၁) ရက်နေ့ နံနက်အစောပိုင်းက မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးနှင့် အမျိုးသားနှစ်ဦးထံမှ ဘိန်းဖြူဟုယူဆရသည့် အမှုန့် (၉.၆) ဂရမ်ကို ရှာဖွေတွေ့ရှိခဲ့၍ ကျောက်မဲမြို့ မြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူရန်ဆောင်ရွက်နေကြောင်း သိရသည်။

ဧပြီလ (၂၁) ရက်နေ့ နံနက်(၁)နာရီဝန်းကျင်က ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ လှည့်ကင်းအဖွဲ့သည် အမှတ်(၉)ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် နယ်မြေ(၁၁) ရွှေဖီဦးလမ်းပေါ်ရှိ ကားဝပ်ရှော့တစ်ခု ရှေ့၌ ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီးနှင့် အမျိုးသား နှစ်ဦးကိုတွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်နောက်တွင်ထိုင်နေသူ အမျိုးသား၏ ခန္ဓာကိုယ်တွင်ဝတ်ဆင်ထားသည့် ဂျာကင်အင်္ကျီအတွင်း ကော်ဗူးဖြင့်ထည့်ထားသော ဘိန်းဖြူဟုယူဆရသည့် ဖြူဝါရောင်အမှုန့်များကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၄င်းအမျိုးသား ၂ ဦးထံမှ တွေ့ရှိရသည့်ကော်ဗူး ၃ ဗူးမှ ဘိန်းဖြူဟု ယူဆရသည့် အမှုန့် စုစုပေါင်း (၉.၆) ဂရမ်နှင့် ဆေးထိုးပိုက် ၃ ချောင်းနှင့် အပ်တို့အား အသိသက်သေများနှင့်အတူရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေးဝါးများအား သုံးစွဲ၊ ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ သန်းဇော်ဟိန်းနှင့် မောင်လွန်းခိုင်တို့အား ကျောက်မဲမြို့မရဲစခန်းတွင် ဥပဒေအရ အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း မြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~