တာခ်ီလိတ္တြင္ ေရႊ႕ေျပာင္းလုပ္သားမ်ားအတြက္ မိသားစုျပန္လည္ဆက္သြယ္ေရး အစီအစဥ္ အေကာင္အထည္ေဖၚမည္

တာခ်ီလိတ္တြင္ ေရႊ႕ေျပာင္းလုပ္သားမ်ားအတြက္ မိသားစုျပန္လည္ဆက္သြယ္ေရး အစီအစဥ္ အေကာင္အထည္ေဖၚမည္
ဧပြီ 23, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေရႊ႕ေျပာင္းသြားလာသူမ်ားအား မိသားစုျပန္လည္ဆက္သြယ္ေရး အစီအစဥ္ကို အျပည္ျပည္ ဆုိင္ရာၾကက္ေျခနီေကာ္မတီက အေကာင္အထည္ ေဖၚသြားမည္ျဖစ္ေၾကာင္း သိရသည္။

အျပည္ျပည္ ဆုိင္ရာၾကက္ေျခနီေကာ္မတီက ေဒသအလိုက္ လိုအပ္သည့္ က႑အလိုက္ အကူအညီမ်ား ေဆာင္ရြက္ေပးေနရာတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြက္ ေရႊ႕ေျပာင္းလုပ္သားဆုိင္ရာ အေရးကိစၥမ်ားကို ဦးစားေပးေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အရင္တုန္းကေတာ့ သူကအဖြဲ႕တစ္ဖြဲ႕ထားတယ္လို႔ သိရတယ္။ အရင္ကေတာ့ လူေပ်ာက္ ရွာေဖြေရးဌာနလို႔ ဖြင့္ထားတယ္ သိရတယ္။ လူေပ်ာက္ဆိုတဲ့ စကားလံုးထက္ မိသားစုျပန္လည္ ဆက္သြယ္ေရးဌာန ဆိုတာကို ေျပာင္းလုိက္တယ္။ ဒါက ကၽြန္ေတာ္တုိ႔ဆီမွာ တကယ္လို အပ္ေနတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီမွာက ေရႊ႕ေျပာင္းေတြမ်ားတယ္ေလ။ တစ္ဖက္ႏုိင္ငံကို သြားတဲ့အခါမွာ အခက္အခဲ မ်ိဳးစံုေၾကာင့္ မိသားစုနဲ႔ ျပန္မဆက္သြယ္ႏုိင္တာေတြရိွတယ္။ ဒါေတြအတြက္ အမ်ားႀကီး လိုအပ္ပါတယ္။ သူတို႔က ေခါင္းစဥ္(၃)ခုရိွရာမွာ ဒီေဒသကေတာ့ ေရႊ႕ေျပာင္း လုပ္သားမ်ားတဲ့ အတြက္ ေရႊ႕ေျပာင္းလုပ္သားမ်ားနဲ႔ သက္ဆုိင္တဲ့ ေခါင္းစဥ္ျဖစ္သြားတာေပါ့။ ကခ်င္တို႔ ရခုိင္တို႔ဆိုရင္ေတာ့ တစ္ျခားေခါင္းစဥ္ေတြ ျဖစ္သြားတာေပါ့”ဟု တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရို္င္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ ကူညီေထာက္ပံ့ေရး အစီအစဥ္အတြက္ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္းက ခရုိင္စီမံခန္႔ခဲြမႈေကာ္မတီ အပါအဝင္ ေဒသတြင္း တာဝန္ရိွသူမ်ားႏွင့္ ဧၿပီလ (၂၀) ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးခဲ့ရာတြင္ ေဒသတြင္း ေရႊ႕ေျပာင္းလုပ္သားမ်ား ကူညီေပးေရးအတြက္ လိုအပ္သည္ ခုလုိမိသားစုျပန္လည္ ဆက္သြယ္ေပးေရး ဌာန အေနျဖင့္ ေရႊ႕ေျပာင္း အလုပ္သမားမ်ား၏ အခက္အခဲမ်ားအား ထိေရာက္သည့္ ကူညီမႈမ်ား ေဆာင္ရြက္ႏုိင္ရန္ ေက်းရြာအုပ္စု အဆင့္အထိ သတင္းအခ်က္အလက္မ်ား ရယူေဆာင္ရြက္ေရးႏွင့္ ဘာသာစကား အခက္အခဲမ်ားကို ထည့္သြင္း စဥ္းစားရန္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌက အႀကံျပဳေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ယင္းအစည္းအေဝးသို႔ ရွမ္းျပည္နယ္(အေရွ႕ပုိင္း)ျပည္နယ္ၾကက္ေျခနီႀကီးၾကပ္မွဳေကာ္မတီဥကၠ႒ ေဒါက္တာ သိန္းေငြ၊ ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္း၊ မိသားစုျပန္လည္ဆက္သြယ္ေပးေရးဌာန မွ ညႊန္ၾကားေရးမွဴး ေဒၚစုစုလင္း၊ အျပည္ျပည္ ဆုိင္ရာၾကက္ေျခနီေကာ္မတီ ၊ က်ဳိင္းတံုရံုးမွ ကြင္းဆင္းကုိယ္စားလွယ္ Mr.Andrea Zanfretta၊ ခရုိင္ဥပေဒရံုး၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ ျမန္မာႏုိင္ငံရဲတပ္ဖဲြ႕၊ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖဲြ႕၊ ပညာေရးဌာန၊ အလုပ္သမားညႊန္ၾကားေရး ဦးစီးဌာန၊ လူမႈ၀န္ထမ္းဦးစီးဌာန၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမဳိ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ေစ့စပ္ညွိႏႈိင္းေရးေကာ္မတီ(CNCMC)၊ ခရုိင္ႏွင့္ၿမဳိ႕နယ္ ၾကက္ေျခနီႀကီးၾကပ္မႈ ေကာ္မတီ ဥကၠ႒မ်ားႏွင့္ ေကာ္မတီအဖဲြ႕၀င္မ်ား၊ ခရုိင္ ၾကက္ေျခနီတပ္ဖဲြ႕၊ ခရုိင္ဦးစီးမွဴး ဦးဘမုိးျမင့္ႏွင့္ လူမႈေရးအသင္းအဖဲြ႕မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ဓါတ္ပံု - SNT


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရွှေ့ပြောင်းသွားလာသူများအား မိသားစုပြန်လည်ဆက်သွယ်ရေး အစီအစဉ်ကို အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီက အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီက ဒေသအလိုက် လိုအပ်သည့် ကဏ္ဍအလိုက် အကူအညီများ ဆောင်ရွက်ပေးနေရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွက် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အရေးကိစ္စများကို ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းကတော့ သူကအဖွဲ့တစ်ဖွဲ့ထားတယ်လို့ သိရတယ်။ အရင်ကတော့ လူပျောက် ရှာဖွေရေးဌာနလို့ ဖွင့်ထားတယ် သိရတယ်။ လူပျောက်ဆိုတဲ့ စကားလုံးထက် မိသားစုပြန်လည် ဆက်သွယ်ရေးဌာန ဆိုတာကို ပြောင်းလိုက်တယ်။ ဒါက ကျွန်တော်တို့ဆီမှာ တကယ်လို အပ်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက ရွှေ့ပြောင်းတွေများတယ်လေ။ တစ်ဖက်နိုင်ငံကို သွားတဲ့အခါမှာ အခက်အခဲ မျိုးစုံကြောင့် မိသားစုနဲ့ ပြန်မဆက်သွယ်နိုင်တာတွေရှိတယ်။ ဒါတွေအတွက် အများကြီး လိုအပ်ပါတယ်။ သူတို့က ခေါင်းစဉ်(၃)ခုရှိရာမှာ ဒီဒေသကတော့ ရွှေ့ပြောင်း လုပ်သားများတဲ့ အတွက် ရွှေ့ပြောင်းလုပ်သားများနဲ့ သက်ဆိုင်တဲ့ ခေါင်းစဉ်ဖြစ်သွားတာပေါ့။ ကချင်တို့ ရခိုင်တို့ဆိုရင်တော့ တစ်ခြားခေါင်းစဉ်တွေ ဖြစ်သွားတာပေါ့”ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရို်င် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကူညီထောက်ပံ့ရေး အစီအစဉ်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ခရိုင်စီမံခန့်ခွဲမှုကော်မတီ အပါအဝင် ဒေသတွင်း တာဝန်ရှိသူများနှင့် ဧပြီလ (၂၀) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဒေသတွင်း ရွှေ့ပြောင်းလုပ်သားများ ကူညီပေးရေးအတွက် လိုအပ်သည် ခုလိုမိသားစုပြန်လည် ဆက်သွယ်ပေးရေး ဌာန အနဖြေင့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲများအား ထိရောက်သည့် ကူညီမှုများ ဆောင်ရွက်နိုင်ရန် ကျေးရွာအုပ်စု အဆင့်အထိ သတင်းအချက်အလက်များ ရယူဆောင်ရွက်ရေးနှင့် ဘာသာစကား အခက်အခဲများကို ထည့်သွင်း စဉ်းစားရန် တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌက အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ သိန်းငွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန မှ ညွှန်ကြားရေးမှူး ဒေါ်စုစုလင်း၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီ၊ ကျိုင်းတုံရုံးမှ ကွင်းဆင်းကိုယ်စားလှယ် Mr.Andrea Zanfretta၊ ခရိုင်ဥပဒေရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)၊ ခရိုင်နှင့်မြို့နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင် ကြက်ခြေနီတပ်ဖွဲ့၊ ခရိုင်ဦးစီးမှူး ဦးဘမိုးမြင့်နှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ဓာတ်ပုံ - SNT

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~