ငွက္ပစ္ရန္ ထြက္လာသည့္ ကေလးငယ္(၂)ဦး က်ဳိင္းတံုၿမိဳ႕ရွိ စစ္လက္နက္ႀကီးပစ္ကြင္းေတာင္ကုန္းတြင္ ဗံုးေပါက္ကြဲ၍ ေသဆံုး

ငွက္ပစ္ရန္ ထြက္လာသည့္ ကေလးငယ္(၂)ဦး က်ဳိင္းတံုၿမိဳ႕ရွိ စစ္လက္နက္ႀကီးပစ္ကြင္းေတာင္ကုန္းတြင္ ဗံုးေပါက္ကြဲ၍ ေသဆံုး
ဧပြီ 29, 2018
By Tachileik News Agency

က်ဳိင္းတံုၿမိဳ႕ရွိ စစ္လက္နက္ႀကီးပစ္ကြင္း ေတာင္ကုန္းတြင္ ဧၿပီလ(၂၉)ရက္ေန႔ ေန႔လယ္ပိုင္းက ဗံုးေပါက္ကြဲ၍ ကေလးငယ္ (၂)ဦး ေနရာတြင္ ေသဆံုးသြားမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းလပ္ေက်းရြာအုပ္စု၊ ပန္ဆံက်ရြာအနီးရိွ စစ္လက္နက္ႀကီးပစ္ကြင္းေတာင္ကုန္းတြင္ ငွက္ပစ္ရန္ ထြက္လာသည့္ ပန္ဆံက်ရြာေန အသက္(၁၃)နွစ္အရြယ္ ေမာင္အားသဲႏွင္႔ အသက္(၁၁)ႏွစ္အရြယ္ ေမာင္ေဇယ်ာထြန္းတို႔သည္ စစ္လက္နက္ၾကီးပစ္ကြင္းေတာင္ကုန္း၌ မကြဲဘဲ က်န္ေနသည့္ ဗုံးသီးအား ေဆာ့ကစားရာက ဗုံးကြဲေပါက္ကြဲမႈ ျဖစ္ေပၚခဲ့မႈေၾကာင့္ ၎တို႔(၂)ဦးမွာ ေနရာတြင္ ေသဆံုးသြားခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသဆံုးသူ ၎တို႔ ႏွစ္ဦးအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း ဖြင့္လွစ္ကာ ဆက္လက္အေရးယူရန္ ေဆာင္ရြက္ေနလ်က္ရွိၿပီး ေသဆံုးသူ  ရုပ္အေလာင္းမ်ားအား က်ဳိင္းတံုၿမိဳ႕ ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့)လူမႈကူညီေရးအသင္းက က်ဳိင္းတံုျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

သတင္း - #ဇြဲျမတ္
ဓာတ္ပံု  - #ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့)လူမႈကူညီေရးအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံမြို့ရှိ စစ်လက်နက်ကြီးပစ်ကွင်း တောင်ကုန်းတွင် ဧပြီလ(၂၉)ရက်နေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲ၍ ကလေးငယ် (၂)ဦး နေရာတွင် သေဆုံးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ပန်ဆံကျရွာအနီးရှိ စစ်လက်နက်ကြီးပစ်ကွင်းတောင်ကုန်းတွင် ငှက်ပစ်ရန် ထွက်လာသည့် ပန်ဆံကျရွာနေ အသက်(၁၃)နှစ်အရွယ် မောင်အားသဲနှင့် အသက်(၁၁)နှစ်အရွယ် မောင်ဇေယျာထွန်းတို့သည် စစ်လက်နက်ကြီးပစ်ကွင်းတောင်ကုန်း၌ မကွဲဘဲ ကျန်နေသည့် ဗုံးသီးအား ဆော့ကစားရာက ဗုံးကွဲပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့မှုကြောင့်၎င်းတို့(၂)ဦးမှာ နေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၎င်းတို့ နှစ်ဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ကာ ဆက်လက်အရေးယူရန် ဆောင်ရွက်နေလျက်ရှိပြီး သေဆုံးသူ ရုပ်အလောင်းများအား ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းက ကျိုင်းတုံပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သတင်း - #ဇွဲမြတ်
ဓာတ်ပုံ - #နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~