က်ပ္သန္းေပါင္း (၆၁၀၀) ကုန္က်ခံေဆာက္လုပ္ထားသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ရံုးသစ္ ဖြင့္ပြဲ ႏွင့္အတူ ျပည္နယ္လႊတ္ေတာ္အေဆာက္အဦသစ္ ဖြင့္လွစ္

က်ပ္သန္းေပါင္း (၆၁၀၀) ကုန္က်ခံေဆာက္လုပ္ထားသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ရံုးသစ္ ဖြင့္ပြဲ ႏွင့္အတူ ျပည္နယ္လႊတ္ေတာ္အေဆာက္အဦသစ္ ဖြင့္လွစ္
မတ် 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရအဖြဲ႔ရံုးသစ္ ႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္ အေဆာက္အဦသစ္ ဖြင့္ပြဲ အခမ္းအနားအား ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၈ခုႏွစ္ မတ္လ(၂၃)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ရာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးတို႔မွ လႊတ္ေတာ္ဥကၠဌမ်ားႏွင့္ဒုတိယဥကၠဌမ်ား တက္ေရာက္လာခဲ့ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရ အဖြဲ႔ရံုးသစ္အား ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္၊ အိမ္ေတာ္လမ္းရွိ ေျမဧရိယာ(၃.၈၅၅)ဧကေပၚတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ ရန္ပံုေငြ က်ပ္သန္းေပါင္း (၆၁၀၀)ျဖင့္ တည္ေဆာက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္အစိုးရအဖြဲ႔ရံုးသစ္ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ရန္ပံုေငြ က်ပ္သန္းေပါင္း (၆၁၀၀)ျဖင့္ Great Horuzone Co.,Ltd မွ တာ၀န္ယူ တည္ေဆာက္ခဲ့ျခင္း ျဖစ္ပါတယ္။ ယခု အေဆာက္အဦဟာ ရွမ္းျပည္နယ္ရဲ႕ အျမင့္ဆံုး အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ား ရံုးထိုင္ရာ အေဆာက္အဦ ျဖစ္တဲ့အတြက္ ရံုး၏ အသြင္ သ႑ာန္ပိုင္းအား အေကာင္းမြန္ဆံုး ျပဳလုပ္ထားတာကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္၊ ကြ်န္ေတာ္အပါအ၀င္ ၀န္ႀကီးမ်ား၊ အရာထမ္းမ်ား၊ အမႈထမ္းမ်ားအေနျဖင့္ ဒီအေဆာက္အဦအရိပ္ကို ခိုလံႈၿပီး ျပည္နယ္အက်ဳိး၊ ႏိုင္ငံ့အက်ဳိးကို တာ၀န္သိသိ၊ အႏွစ္သာရရွိရိွျဖင့္ လုပ္ေဆာင္သြားၾကဖို႔ တိုက္တြန္း ေျပာၾကားလိုပါတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ရံုးသစ္ဖြင့္ပြဲ အခမ္းအနားတြင္ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က တိုက္တြန္းေျပာၾကားသြားသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႔ရံုးသစ္ ႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္အေဆာက္အဦသစ္ ဖြင့္ပြဲတြင္ ရွမ္းျပည္နယ္အစိုးရ အဖြဲ႔၀င္ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ အစိုးရအဖြဲ႔၀င္၀န္ႀကီးမ်ား၊ တိုင္းရင္းသားေရးရာ၀န္ႀကီးမ်ား၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလံုဆိုင္ ႏွင့္ တာ၀န္ရွိသူမ်ားက ဖြင့္လွစ္ေပးခ့ဲၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္ အေဆာက္အဦသစ္ ဖြင့္ပြဲၿပီးသည့္ ေနာက္တြင္ ဖြင့္ပြဲ အထိမ္းအမွတ္ အေနျဖင့္ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလံုဆိုင္ ႏွင့္ ျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္တို႔မွ သစ္ပင္စို္က္ပ်ဳိးခဲ့ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႔ရံုးသစ္ ႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္ အေဆာက္အဦသစ္ ဖြင့္ပြဲ အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ၀န္ႀကီးခ်ဳပ္ႏွင့္ ၀န္ႀကီးမ်ား၊ တိုင္းရင္းသားေရးရာ၀န္ႀကီးမ်ား၊ ရွမ္းျပည္နယ္ရွိ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားမွ ဥကၠဌမ်ား၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ ႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္လႊတ္ေတာ္မ်ားမွ ဥကၠဌ ႏွင့္ ဒုတိယဥကၠဌမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္လာခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ဇန္ထြန္း
ဓါတ္ပံု - soom sai san khat



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသစ် နှင့် ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားအား တောင်ကြီးမြို့တွင် ၂၀၁၈ခုနှစ် မတ်လ(၂၃)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ လွှတ်တော်ဥက္ကဌများနှင့်ဒုတိယဥက္ကဌများ တက်ရောက်လာခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံးသစ်အား တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အိမ်တော်လမ်းရှိ မြေဧရိယာ(၃.၈၅၅)ဧကပေါ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေ ကျပ်သန်းပေါင်း (၆၁၀၀)ဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသစ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်းပေါင်း (၆၁၀၀)ဖြင့် Great Horuzone Co.,Ltd မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခု အဆောက်အဦဟာ ရှမ်းပြည်နယ်ရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့များ ရုံးထိုင်ရာ အဆောက်အဦ ဖြစ်တဲ့အတွက် ရုံး၏ အသွင် သဏ္ဍာန်ပိုင်းအား အကောင်းမွန်ဆုံး ပြုလုပ်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်၊ ကျွန်တော်အပါအဝင် ဝန်ကြီးများ၊ အရာထမ်းများ၊ အမှုထမ်းများအနဖြေင့် ဒီအဆောက်အဦအရိပ်ကို ခိုလှုံပြီး ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးကို တာဝန်သိသိ၊ အနှစ်သာရရှိရှိဖြင့် လုပ်ဆောင်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသစ်ဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တိုက်တွန်းပြောကြားသွားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသစ် နှင့် ရှမ်းပြည်နယ်လွှတ်တော်အဆောက်အဦသစ် ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံဆိုင် နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲပြီးသည့် နောက်တွင် ဖွင့်ပွဲ အထိမ်းအမှတ် အနဖြေင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံဆိုင် နှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်တို့မှ သစ်ပင်စို်က်ပျိုးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသစ် နှင့် ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဥက္ကဌများ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များမှ ဥက္ကဌ နှင့် ဒုတိယဥက္ကဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်လာခဲ့ကြကြောင်း သိရသည်။

သတင်း - ဇန်ထွန်း
ဓာတ်ပုံ - soom sai san khat

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~