တရုတ္ႏုိင္ငံသို႔ ပို႔ေဆာင္ရန္ လူ ၃၂ ဦး ေခၚေဆာင္လာသူ အမ်ဳိးသားအား လူခိုးမႈျဖင့္ အမႈဖြင့္

တရုတ္ႏုိင္ငံသို႔ ပို႔ေဆာင္ရန္ လူ ၃၂ ဦး ေခၚေဆာင္လာသူ အမ်ဳိးသားအား လူခိုးမႈျဖင့္ အမႈဖြင့္
မတ် 4, 2018
By Tachileik News Agency

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ ေစတီကြင္းေက်းရြာတြင္ တရုတ္ႏိုင္ငံသို႔ လူ(၃၂)ဦး ပို႔ေဆာင္မည့္ သူမ်ားအား ဖမ္းဆီးရမိသျဖင့္ လူခိုးမႈျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

ေတာင္ကုတ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ေတာင္ကုတ္ၿမိဳ႕နယ္အေထြအေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဝန္ထမ္းမ်ား၊ ေတာင္ကုတ္ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား ပါဝင္ေသာ ပူးေပါင္း အဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၃) ရက္ေန႔ ည (၈)နာရီအခ်ိန္တြင္ သတင္းအရ ေတာင္ကုတ္ၿမိဳ႕ အထြက္ ေစတီကြင္းေက်း႐ြာ၌ ေစာင့္ဆိုင္းေနစဥ္ ေတာင္ကုတ္ၿမိဳ႕ဘက္မွ ေမာင္းႏွင္လာသည့္ မာန္သစၥာ ယာဥ္လိုင္းမွ ယာဥ္တစ္စီးတြင္ တရုတ္ႏုိင္ငံသို႔ ပို႔ေဆာင္ရန္ ေခၚေဆာင္လာသည့္ အမ်ိဳးသား (၁၉)ဦးႏွင့္ အမ်ိဳးသမီး (၁၃)ဦးတို႔အား ေခၚေဆာင္လာသူႏွင့္အတူ စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံတြင္ အလုပ္ လုပ္ကိုင္ရန္ဟုဆိုကာ လူစုေဆာင္းေခၚေဆာင္လာေသာ ေနမ်ိဳးေအာင္ဆိုသူက အဆိုပါ ေမာ္ေတာ္ယာဥ္အား ရန္ကုန္ - ေက်ာက္ျဖဴ ေျပးဆြဲသည့္ မာန္သစၥာယာဥ္လိုင္းမွ က်ပ္ေလးသိန္းျဖင့္ ငွားရမ္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ (၃၂)ဦးအား ရန္ကုန္ၿမိဳ႕ရိွ ေအာင္မဂၤလာအေဝးေျပးကားဂိတ္တြင္ ေစာင့္ဆုိင္းေနသူထံ ပို႔ေဆာင္ေပးရန္ ေခၚေဆာင္လာစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေခၚေဆာင္လာသူမ်ားအား တ႐ုတ္ႏိုင္ငံ၊ ဖူခ်င္းၿမိဳ႕ရွိ ဖိနပ္စက္႐ုံတြင္ တစ္လလ်င္ တစ္ဦးအား ယြမ္ (၂၅၀၀) ျဖင့္ အလုပ္သြင္းေပးရန္ႏွင့္ အလုပ္ရရွိပါက ပထမ လစာကို အက်ိဳးေဆာင္ခေပးရန္ စည္းရံုး ေခၚေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံသို႔ ပို႔ေဆာင္ရန္ စည္းရံုးေခၚေဆာင္လာသည့္ ေနမ်ိဳးေအာင္အပါအဝင္ ႏွစ္ဦးအား ေတာင္ကုတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၇(လူခိုးမႈ)ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #ျပည္ထဲေရး




~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် စေတီကွင်းကျေးရွာတွင် တရုတ်နိုင်ငံသို့ လူ(၃၂)ဦး ပို့ဆောင်မည့် သူများအား ဖမ်းဆီးရမိသဖြင့် လူခိုးမှုဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

တောင်ကုတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ တောင်ကုတ်မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်ကုတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မတ်လ (၃) ရက်နေ့ ည (၈)နာရီအချိန်တွင် သတင်းအရ တောင်ကုတ်မြို့ အထွက် စေတီကွင်းကျေးရွာ၌ စောင့်ဆိုင်းနေစဉ် တောင်ကုတ်မြို့ဘက်မှ မောင်းနှင်လာသည့် မာန်သစ္စာ ယာဉ်လိုင်းမှ ယာဉ်တစ်စီးတွင် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ခေါ်ဆောင်လာသည့် အမျိုးသား (၁၉)ဦးနှင့် အမျိုးသမီး (၁၃)ဦးတို့အား ခေါ်ဆောင်လာသူနှင့်အတူ စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် အလုပ် လုပ်ကိုင်ရန်ဟုဆိုကာ လူစုဆောင်းခေါ်ဆောင်လာသော နေမျိုးအောင်ဆိုသူက အဆိုပါ မော်တော်ယာဉ်အား ရန်ကုန် - ကျောက်ဖြူ ပြေးဆွဲသည့် မာန်သစ္စာယာဉ်လိုင်းမှ ကျပ်လေးသိန်းဖြင့် ငှါးရမ်းလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၃၂)ဦးအား ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးကားဂိတ်တွင် စောင့်ဆိုင်းနေသူထံ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေါ်ဆောင်လာသူများအား တရုတ်နိုင်ငံ၊ ဖူချင်းမြို့ရှိ ဖိနပ်စက်ရုံတွင် တစ်လလျင် တစ်ဦးအား ယွမ် (၂၅၀၀) ဖြင့် အလုပ်သွင်းပေးရန်နှင့် အလုပ်ရရှိပါက ပထမ လစာကို အကျိုးဆောင်ခပေးရန် စည်းရုံး ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စည်းရုံးခေါ်ဆောင်လာသည့် နေမျိုးအောင်အပါအဝင် နှစ်ဦးအား တောင်ကုတ်မြို့မရဲစခန်းတွင် (ပ)၂၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇(လူခိုးမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း #ဇာနှင်း
ဓာတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~