မန္ေခါက္ေက်းရြာမွ စစ္ေဘးေရွာင္ ၁၅၀ ေက်ာ္ ေက်ာက္မဲၿမိဳ႕တြင္ ခိုလံႈေန

မန္ေခါက္ေက်းရြာမွ စစ္ေဘးေရွာင္ ၁၅၀ ေက်ာ္ ေက်ာက္မဲၿမိဳ႕တြင္ ခိုလံႈေန
မတ် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္ မိုင္းေငါ့ၿမိဳ႕အနီးရွိ မန္ေခါက္ေက်းရြာမွ စစ္ေဘးေရွာင္ (၁၅၀) ေက်ာ္ ေက်ာက္မဲၿမိဳ႕ရွိ ေအာင္ေျမသာယာဘုန္းႀကီးေက်ာင္းတြင္ ေရာက္ရိွခိုလံႈေနရၿပီး သက္ဆိုင္ရာ ဌာနအသီးသီးက ကူညီေထာက္ပံ့မႈမ်ား ေဆာင္ရြက္ေနၿပီး လွဴဒါန္းလိုသူမ်ားလည္း ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

“ဒီမနက္မွာ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီးလည္း လာၿပီး ၾကည့္ရႈေထာက္ပ့ံပါတယ္။ အေထြေထြအုပ္ခ်ဳပ္ေရး အေနနဲ႔လည္း ေထာက္ပ့ံမႈေတြ ေပးထားပါတယ္။ UNICEF တို႔၊ လူကယ္ျပန္(လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး) တို႔ကလည္း လိုအပ္တာေတြ ေထာက္ပ့ံေပးပါတယ္။ ေလာေလာဆယ္ စာရင္းေကာက္ၿပီးသေလာက္ (၁၅၈) ဦးရွိပါတယ္။ ထပ္တိုး စာရင္းေတာ့ ထပ္မေကာက္ရေသးပါဘူး” ဟု ေက်ာက္မဲခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ခ်ိဳဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၁၇)ရက္ေန႔တြင္ ေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားမွာ မိုင္းေငါ့ၿမိဳ႕အနီးရွိ အံုးအြီးေက်းရြာ၊ ေတာ့ဖယ္ေက်းရြာႏွင့္ မန္ေခါက္ေက်းရြာ တို႔မွျဖစ္ၾကၿပီး ေက်းရြာအနီးတြင္ တုိက္ပြဲရိွသျဖင့္ မတ္လ (၁၆) ရက္ေန႔ မြန္းလြဲပိုင္းတြင္ ေက်ာက္မဲ၊ ေနာင္ပိန္ ႏွင့္ သီေပါၿမိဳ႕တို႔မွ လူမႈကူညီေရးအသင္းမ်ားစုေပါင္း၍ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ သြားေရာက္ ေခၚေဆာင္ေပးလာရျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔ေတြက ကိုယ္တိုင္ခ်က္စားေနရတာဆိုေတာ့ အေျခခံဟင္းျဖစ္တာေတြလိုတယ္။ မုန္ညင္းခ်ဥ္တို႔၊ ဆီတိုဖူး တို႔လိုမ်ိဳးေတြ လိုအပ္တယ္။ စားနပ္ရိကၡာကေတာ့ လတ္တေလာလွဴဒါန္းလာတာေတြ ေကာ္မတီက လုပ္ေပးထားတာေတြနဲ႔ဆို သံုးရက္စာေလာက္ေတာ့ရွိပါေသးတယ္” ဟု ေက်ာက္မဲစစ္ေဘးေရွာင္ ေကာ္မတီဝင္တစ္ဦး ျဖစ္သည့္ ကိုသားေဇာ္က ေျပာသည္။

အဆိုပါ ေက်းရြာမ်ားအနီး ပစ္ခတ္တိုက္ခိုက္မႈမ်ားရွိေန၍ စစ္ေဘးေရွာင္တိမ္းရန္ ႀကိဳးစားေနသည့္ ေဒသခံမ်ားလည္း က်န္ရိွေနဆဲျဖစ္ေၾကာင္း သိရၿပီး ေက်ာက္မဲရွိ စစ္ေဘးေရွာင္မ်ားအတြက္ ဆက္သြယ္လွဴဒါန္း လိုသူမ်ားအေနျဖင့္ ေက်ာက္မဲစစ္ေဘးေရွာင္ေကာ္မတီ ဖုန္း ၀၉ ၄၀၃၇၀၄၄၆၄ သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မိုင်းငေါ့မြို့အနီးရှိ မန်ခေါက်ကျေးရွာမှ စစ်ဘေးရှောင် (၁၅၀) ကျော် ကျောက်မဲမြို့ရှိ အောင်မြေသာယာဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေရပြီး သက်ဆိုင်ရာ ဌာနအသီးသီးက ကူညီထောက်ပံ့မှုများ ဆောင်ရွက်နပြေီး လှူဒါန်းလိုသူများလည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

“ဒီမနက်မှာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးလည်း လာပြီး ကြည့်ရှုထောက်ပံ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေး အနေနဲ့လည်း ထောက်ပံ့မှုတွေ ပေးထားပါတယ်။ UNICEF တို့၊ လူကယ်ပြန်(လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး) တို့ကလည်း လိုအပ်တာတွေ ထောက်ပံ့ပေးပါတယ်။ လောလောဆယ် စာရင်းကောက်ပြီးသလောက် (၁၅၈) ဦးရှိပါတယ်။ ထပ်တိုး စာရင်းတော့ ထပ်မကောက်ရသေးပါဘူး” ဟု ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၁၇)ရက်နေ့တွင် ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ မိုင်းငေါ့မြို့အနီးရှိ အုံးအွီးကျေးရွာ၊ တော့ဖယ်ကျေးရွာနှင့် မန်ခေါက်ကျေးရွာ တို့မှဖြစ်ကြပြီး ကျေးရွာအနီးတွင် တိုက်ပွဲရှိသဖြင့် မတ်လ (၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်မဲ၊ နောင်ပိန် နှင့် သီပေါမြို့တို့မှ လူမှုကူညီရေးအသင်းများစုပေါင်း၍ မော်တော်ယာဉ်များဖြင့် သွားရောက် ခေါ်ဆောင်ပေးလာရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့တွေက ကိုယ်တိုင်ချက်စားနေရတာဆိုတော့ အခြေခံဟင်းဖြစ်တာတွေလိုတယ်။ မုန်ညင်းချဉ်တို့၊ ဆီတိုဖူး တို့လိုမျိုးတွေ လိုအပ်တယ်။ စားနပ်ရိက္ခါကတော့ လတ်တလောလှူဒါန်းလာတာတွေ ကော်မတီက လုပ်ပေးထားတာတွေနဲ့ဆို သုံးရက်စာလောက်တော့ရှိပါသေးတယ်” ဟု ကျောက်မဲစစ်ဘေးရှောင် ကော်မတီဝင်တစ်ဦး ဖြစ်သည့် ကိုသားဇော်က ပြောသည်။

အဆိုပါ ကျေးရွာများအနီး ပစ်ခတ်တိုက်ခိုက်မှုများရှိနေ၍ စစ်ဘေးရှောင်တိမ်းရန် ကြိုးစားနေသည့် ဒေသခံများလည်း ကျန်ရှိနေဆဲဖြစ်ကြောင်း သိရပြီး ကျောက်မဲရှိ စစ်ဘေးရှောင်များအတွက် ဆက်သွယ်လှူဒါန်း လိုသူများအနဖြေင့် ကျောက်မဲစစ်ဘေးရှောင်ကော်မတီ ဖုန်း ဝ၉ ၄၀၃၇၀၄၄၆၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~