မတ်လ(၂၂)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ရွေးချယ်မည်

မတ်လ(၂၂)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ရွေးချယ်မည်
မတျ 21, 2018
By Tachileik News Agency

မတ်လ(၂၁)ရက်နေ့ကစ၍ လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်ဥက္ကဌ နေရာအတွက် ရွေးကောက် တင်မြှောက်ပွဲအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၏ (၃၁)ရက်မြောက်နေ့ ဖြစ်သည့် မတ်လ(၂၂)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၏ (၃၁)ရက်မြောက်နေ့ဖြစ်သည့် မတ်လ(၂၂)ရက်နေ့တွင် အစည်းအဝေးအား အစီအစဉ် (၁၄)ဖြင့် သတ်မှတ်ထားရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ရွေးကောက်တင်မြှောက်ခြင်း အစီအစဉ်အပြင် လိုအပ်လျှင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ရွေးချယ် တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည့် ဦးဝင်းမြင့်သည် မတ်လ(၂၁)ရက်နေ့ တွင် နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည့်အတွက် ၎င်း၏ လစ်လပ်သွားသော နေရာအား အစားထိုးရန် မတ်လ(၂၂)ရက်နေ့တွင် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ အဖြစ် လက်ရှိတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဦးတီခွန်မြတ် နှင့်  နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းထွန်းဟိန်တို့ နှစ်ဦးထဲက တစ်ဦး ဖြစ်လာနိုင်ကြောင်း နေပြည်တော်မှ သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။


သတင်း - ဇန်ထွန်း

ဓါတ်ပုံ -   ပြည်သူ့လွှတ်တော်


~~~~~~~~⊰❂ unicode ~~~~~~~~

မတ်လ(၂၁)ရက်နေ့ကစ၍ လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်ဥက္ကဌ နေရာအတွက် ရွေးကောက် တင်မြှောက်ပွဲအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအေဝး၏ (၃၁)ရက်မြောက်နေ့ ဖြစ်သည့် မတ်လ(၂၂)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအေဝး၏ (၃၁)ရက်မြောက်နေ့ဖြစ်သည့် မတ်လ(၂၂)ရက်နေ့တွင် အစည်းအေဝးအား အစီအစဉ် (၁၄)ဖြင့် သတ်မှတ်ထားရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ရွေးကောက်တင်မြှောက်ခြင်း အစီအစဉ်အပြင် လိုအပ်လျှင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ရွေးချယ် တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည့် ဦးဝင်းမြင့်သည် မတ်လ(၂၁)ရက်နေ့ တွင် နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည့်အတွက်၎င်း၏ လစ်လပ်သွားသော နေရာအား အစားထိုးရန် မတ်လ(၂၂)ရက်နေ့တွင် ပြည်သူ့လွှတ်တော်အစည်းအေဝး၌ ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ အဖြစ် လက်ရှိတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဦးတီခွန်မြတ် နှင့် နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းထွန်းဟိန်တို့ နှစ်ဦးထဲက တစ်ဦး ဖြစ်လာနိုင်ကြောင်း နပြေည်တော်မှ သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

၂၀၁၈ခုနှစ် မတ်လ(၂၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တာဝန်မှ နုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးက တရားဝင်သတင်းထုတ်ပြန်လိုက်ပြီးနောက် မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်မှ နုတ်ထွက်ကြောင်းကိုလည်း ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးတီခွန်မြတ်က ကြေညာသွားခဲ့သည်။

သတင်း - ဇန်ထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~