မြန်မာနိုင်ငံ၏ စတုတ္ထမြောက် တယ်လီဖုန်းဆက်သွယ်ရေးလိုင်း မိုင်းယုမြို့တွင် မကြာမီ သုံးစွဲနိုင်တော့မည်

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် တယ်လီဖုန်းဆက်သွယ်ရေးလိုင်း မိုင်းယုမြို့တွင် မကြာမီ သုံးစွဲနိုင်တော့မည်
မတျ 23, 2018
By Tachileik News Agency

မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးလိုင်း တစ်ခုဖြစ်သည့် မိုင်တဲလ်(Mytel)ဆက်သွယ်ရေးလိုင်းသစ်အား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် တပ်ဆင်နေပြီး ယခုနှစ် မေလထဲတွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မိုင်တဲလ်(Mytel)ဆက်သွယ်ရေးတိုင်များအား မိုင်းယုမြို့တွင် ၂၀၁၇ခုနှစ် အောက်တိုဘာလအတွင်းက စတင်၍ မိုင်းယုမြို့၊ မြို့မရပ်ကွက်ရှိ မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာနရုံ၏ အနောက်ဘက်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။




မိုင်တဲလ်(Mytel)မှ ကျေးလက်ဒေသများအတွက် မြန်နှုန်းမြင့်တယ်လီဖုန်းဆက်သွယ်ရေးစနစ်များ အဆင်ပြေစေရန် အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆင်းကတ်များရောင်းချရာတွင်လည်း ကျေးလက်နေ ပြည်သူများ တတ်စွမ်းနိုင်သည့် ဈေးနှုန်းများဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း နှင့် ဖုန်းခေါ်ဆိုခ နှင့် အင်တာနက် အသုံးပြုခ ဈေးနှုန်းများနှင့် ပတ်သက်၍လည်း သက်သာရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးလိုင်း တစ်ခုဖြစ်သည့် မိုင်တဲလ်(Mytel)ဆက်သွယ်ရေးလိုင်းသစ်အား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် တပ်ဆင်နပြေီး ယခုနှစ် မေလထဲတွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မိုင်တဲလ်(Mytel)ဆက်သွယ်ရေးတိုင်များအား မိုင်းယုမြို့တွင် ၂၀၁၇ခုနှစ် အောက်တိုဘာလအတွင်းက စတင်၍ မိုင်းယုမြို့၊ မြို့မရပ်ကွက်ရှိ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနရုံ၏ အနောက်ဘက်တွင် တည်ဆောက်နခြေင်းဖြစ်ကြောင်း သိရသည်။

မိုင်းယုမြို့တွင် မိုင်တဲလ်(Mytel)ဆက်သွယ်ရေးတိုင်များ တည်ဆောက်နေမှုမှာ ၂၀၁၈ခုနှစ် မတ်လ (၂၃)ရက်နေ့အထိ တာဝါတိုင်ထောင်ပြီးသည့် အဆင့်သို့ ရောက်ရှိနေသည့်အတွက် မေလထဲတွင် ဆင်းကတ်များ ရောင်းချပေးမှုနှင့်အတူ ဆက်သွယ်ရေးဖုန်းလိုင်းများ စတင်ဖြန့်ကြက်ခြင်းကို ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း မိုင်တဲလ်(Mytel)ကုမ္ပဏီအဖွဲ့ထဲက သိရသည်။

မိုင်းယုမြို့အတွင်း သွယ်တန်းပေးမည့် မိုင်တဲလ်(Mytel)၏ ကေဘယ်လ်ကြိုးများသည် ကျိုင်းတုံ - မိုင်းလား - မိုင်းယု လမ်းကြောင်းအတိုင်း လာမည်ဖြစ်ကြောင်းနှင့် မိုင်းယုတွင် သွယ်တန်းပြီးစီးပါက တာချီလိတ်သို့လည်း မိုင်တဲလ်(Mytel)ဆက်သွယ်ရေးတိုင် စိုက်ထူရန် အစီအစဉ်ရှိကြောင်း သိရသည်။

မိုင်းယုမြို့တွင် လတ်တလော၌ မြန်မာ့ဆက်သွယ်ရေး(MPT)ဖုန်းလိုင်းများသာ ရရှိထားပြီး မိုင်တဲလ်(Mytel)ရရှိပြီဆိုပါက မိုင်းယုမြို့၏ ဒုတိယမြောက် ဆက်သွယ်ရေးလိုင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

မိုင်တဲလ်(Mytel)မှ ကျေးလက်ဒေသများအတွက် မြန်နှုန်းမြင့်တယ်လီဖုန်းဆက်သွယ်ရေးစနစ်များ အဆင်ပြေစေရန် အတွက် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း၊ ဆင်းကတ်များရောင်းချရာတွင်လည်း ကျေးလက်နေ ပြည်သူများ တတ်စွမ်းနိုင်သည့် ဈေးနှုန်းများဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း နှင့် ဖုန်းခေါ်ဆိုခ နှင့် အင်တာနက် အသုံးပြုခ ဈေးနှုန်းများနှင့် ပတ်သက်၍လည်း သက်သာရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~