တာခ်ီလိတ္ခရိုင္ ဖားေခၚေၾကာေတာင္ေၾကာတြင္ ေထာ္လာဂ်ီတိမ္းေမွာက္ရာမွ အမ်ဳိးသားတစ္ဦးေသဆံုး၊ ယာဥ္ေမာင္းထြက္ေျပးေန

တာခ်ီလိတ္ခရိုင္ ဖားေခၚေၾကာေတာင္ေၾကာတြင္ ေထာ္လာဂ်ီတိမ္းေမွာက္ရာမွ အမ်ဳိးသားတစ္ဦးေသဆံုး၊ ယာဥ္ေမာင္းထြက္ေျပးေန
ဒီဇင်ဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕၊ နမ့္ခင္းေက်းရြာအုပ္စု၊ ပူကာေက်းရြာ၏ ေျမာက္ဘက္ရွိ ဖားေခၚေၾကာေတာင္ ေခၚ ယားပါအဲေတာင္တြင္ ေထာ္လာဂ်ီ(အီတန္)တိမ္းေမွာက္ရာမွ အမ်ဳိးသား တစ္ဦး ေသဆံုးမႈ ဒီဇင္ဘာလ(၂၄)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ၿပီး ယာဥ္ေမာင္းမွာ ထြက္ေျပး တိမ္းေရွာင္ေနေၾကာင္း သိရသည္။

က်ဳိင္းလပ္ၿမိဳ႕၊ နမ့္ခင္းေက်းရြာအုပ္စု၊ ပူကာေက်းရြာေျမာက္ဘက္ရွိ ဖားေခၚေၾကာေတာင္ ေခၚ ယားပါအဲေတာင္၏ ေတာင္ေၾကာေပၚတြင္ ဒီဇင္ဘာလ(၂၄)ရက္ေန႔ နံနက္ပိုင္းက ေထာ္လာဂ်ီ(အီတန္)တိမ္းေမွာက္ရာမွ အမ်ဳိးသားတစ္ဦး ေသဆံုးေနေၾကာင္း သတင္းရရွိ၍သက္ဆိုင္ရာရဲတပ္ဖြဲ႔ႏွင့္ ေက်းရြာသူႀကီးတို႔မွ သြားေရာက္စစ္ေဆးရာ ေသဆံုးေနသူမွာ ပူကာေက်းရြာေန ဦးအားမဲ ျဖစ္ေနေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြားစဥ္တြင္ ယာဥ္ေမာင္းျဖစ္သူ အသက္ (၂၅)ႏွစ္ရွိ အားေဒါင္မွာ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ေနေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းတြင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄-ကျဖင့္ အမႈဖြင့္ထားရွိၿပီး  ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနသူအား ဖမ္းဆီးရမိေရးအတြက္ ႀကိဳးပမ္းေနေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပူကာကျေးရွာ၏ မြောက်ဘက်ရှိ ဖားခေါ်ကြောတောင် ခေါ် ယားပါအဲတောင်တွင် ထော်လာဂျီ(အီတန်)တိမ်းမှောက်ရာမှ အမျိုးသား တစ်ဦး သေဆုံးမှု ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပူကာကျေးရွာမြောက်ဘက်ရှိ ဖားခေါ်ကြောတောင် ခေါ် ယားပါအဲတောင်၏ တောင်ကြောပေါ်တွင် ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းက ထော်လာဂျီ(အီတန်)တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိ၍သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် ကျေးရွာသူကြီးတို့မှ သွားရောက်စစ်ဆေးရာ သေဆုံးနေသူမှာ ပူကာကျေးရွာနေ ဦးအားမဲ ဖြစ်နေကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားစဉ်တွင် ယာဉ်မောင်းဖြစ်သူ အသက် (၂၅)နှစ်ရှိ အားဒေါင်မှာ ယာဉ်တိမ်းမှောက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ထားရှိပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~