တာခ်ီလိတ္တြင္ စတင္ဖြင့္လွစ္ေနသည့္ တန္ဖိုးျမင့္စားေသာက္ကုန္ထုတ္ႏွင့္ အထည္ပန္းပံုရိုက္ ေဆးေရးပန္းခ်ီ အခမဲ့သင္တန္းမ်ားတြင္ သင္တန္းသား ထပ္တိုးလက္ခံမည္

တာခ်ီလိတ္တြင္ စတင္ဖြင့္လွစ္ေနသည့္ တန္ဖိုးျမင့္စားေသာက္ကုန္ထုတ္ႏွင့္ အထည္ပန္းပံုရိုက္ ေဆးေရးပန္းခ်ီ အခမဲ့သင္တန္းမ်ားတြင္ သင္တန္းသား ထပ္တိုးလက္ခံမည္
ဒီဇင်ဘာ 10, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက အခမဲ့သင္ၾကား ေပးသည့္ တန္ဖိုးျမင့္စားေသာက္ကုန္ထုတ္လုပ္မႈ သင္တန္းနွင့္ အထည္ပန္းပုံရိုက္ႏွင့္ ေဆးေရးပန္းခ်ီ သင္တန္းမ်ားကို ဒီဇင္ဘာလ (၁၀)ရက္ေန႔က ဖြင့္ပြဲက်င္းပလိုက္ေသာ္လည္း သင္တန္းသား ထပ္တိုး လက္ခံသြားရန္ရိွေၾကာင္း သိရသည္။

အဆိုပါသင္တန္းတြင္ သတ္မွတ္သင္တန္းသားဦးေရ (၂၀)ဦးစီရိွေနေသာ္လည္း သင္တန္းတက္ေရာက္ လိုသူမ်ားရိွပါက ဖုန္းနံပါတ္ ၀၉ ၄၃၁၃၈၀၉၉ သို႔ ဆက္သြယ္စာရင္းေပးသြင္းတက္ေရာက္ႏိုင္ေၾကာင္း သိရၿပီး သင္တန္းအား အလိုေတာ္ျပည့္ေက်ာင္းဝင္း အတြင္း ေန႔စဥ္ နံနက္ (၉)နာရီမွ ညေန (၄)နာရီအထိ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 “ေနာက္ထပ္ ထပ္တက္ခ်င္တဲ့သင္တန္းသားေတြရိွတယ္ဆိုရင္ေတာ့ အခုသင္တန္းမွာ တစ္ခါတည္း တက္လုိက္ၾကရင္ ပိုအဆင္ေျပပါတယ္။ တာခ်ီလိတ္ကက်ေတာ့ သြားလာဖို႔ နည္းနည္းခက္ခဲတဲ့ေဒသျဖစ္ေတာ့ သင္တန္းတစ္ႀကိမ္ထပ္ဖြင့္ဖို႔က မလြယ္ဘူး”ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္နိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒီဇင္ဘာလ (၁၀)ရက္ေန႔မွ ဒီဇင္ဘာလ (၂၀)ရက္ေန႔အထိ ဖြင့္လွစ္သည့္ ဆန္၊ ပဲစင္းငံု၊ ေျပာင္း၊ ဂ်ဳံႏွင့္ အသီးအႏွံမ်ားကို အေျခခံသည့္ စားေသာက္ကုန္ ထုတ္လုပ္မႈ နည္းပညာသင္တန္းတြင္ ဆန္ျဖင့္ျပဳလုပ္ေသာ ကိတ္မ်ား၊ ပဲစင္းငံုျဖင့္ ျပဳလုပ္ေသာ အာဟာရမႈန္႕၊ ကြတ္ကီး၊ ပဲကိတ္လိပ္၊ ပဲေရႊၾကည္၊ ဆႏြင္းမကင္း၊ ပူတင္း၊ ပဲေခ်ာင္းေၾကာ္၊ အေၾကာ္မႈန္႕၊ ေတာင္ႀကီး ပဲေရပြေၾကာ္၊ သစ္သီးယို၊ သစ္သီးေဖ်ာ္ရည္၊ ဂ်ယ္လီျပဳလုပ္နည္းမ်ားကို သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အထည္ပန္းပုံရိုက္ႏွင့္ ေဆးေရးပန္းခ်ီ သင္တန္းကို ဒီဇင္ဘာလ (၁၀)ရက္ေန႔မွ (၂၅)ရက္ေန႔အထိ ဖြင့္လွစ္မည္ျဖစ္ၿပီး အထည္ေပၚတြင္ ခ်ိတ္၊ ပန္း ၊ ေက်ာက္ကပ္ျခင္းနည္းပညာမ်ား သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါသင္တန္းမ်ား၏ သင္တန္းဖြင့္ပြဲအား ဒီဇင္ဘာလ (၁၀)ရက္ေန႔က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရံုးခန္းမတြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း၊ဓါတ္ပံု #ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် စတင်ဖွင့်လှစ်နေသည့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်နှင့် အထည်ပန်းပုံရိုက် ဆေးရေးပန်းချီ အခမဲ့သင်တန်းများတွင် သင်တန်းသား ထပ်တိုးလက်ခံမည်
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အခမဲ့သင်ကြား ပေးသည့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းနှင့် အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီ သင်တန်းများကို ဒီဇင်ဘာလ (၁၀)ရက်နေ့က ဖွင့်ပွဲကျင်းပလိုက်သော်လည်း သင်တန်းသား ထပ်တိုး လက်ခံသွားရန်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သတ်မှတ်သင်တန်းသားဦးရေ (၂၀)ဦးစီရှိနေသော်လည်း သင်တန်းတက်ရောက် လိုသူများရှိပါက ဖုန်းနံပါတ် ၀၉ ၄၃၁၃၈၀၉၉ သို့ ဆက်သွယ်စာရင်းပေးသွင်းတက်ရောက်နိုင်ကြောင်း သိရပြီး သင်တန်းအား အလိုတော်ပြည့်ကျောင်းဝင်း အတွင်း နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 “နောက်ထပ် ထပ်တက်ချင်တဲ့သင်တန်းသားတွေရှိတယ်ဆိုရင်တော့ အခုသင်တန်းမှာ တစ်ခါတည်း တက်လိုက်ကြရင် ပိုအဆင်ပြေပါတယ်။ တာချီလိတ်ကကျတော့ သွားလာဖို့ နည်းနည်းခက်ခဲတဲ့ဒေသဖြစ်တော့ သင်တန်းတစ်ကြိမ်ထပ်ဖွင့်ဖို့က မလွယ်ဘူး”ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒီဇင်ဘာလ (၁၀)ရက်နေ့မှ ဒီဇင်ဘာလ (၂၀)ရက်နေ့အထိ ဖွင့်လှစ်သည့် ဆန်၊ ပဲစင်းငုံ၊ ပြောင်း၊ ဂျုံနှင့် အသီးအနှံများကို အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ဆန်ဖြင့်ပြုလုပ်သော ကိတ်များ၊ ပဲစင်းငုံဖြင့် ပြုလုပ်သော အာဟာရမှုန့်၊ ကွတ်ကီး၊ ပဲကိတ်လိပ်၊ ပဲရွှေကြည်၊ ဆနွင်းမကင်း၊ ပူတင်း၊ ပဲချောင်းကြော်၊ အကြော်မှုန့်၊ တောင်ကြီး ပဲရေပွကြော်၊ သစ်သီးယို၊ သစ်သီးဖျော်ရည်၊ ဂျယ်လီပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီ သင်တန်းကို ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး အထည်ပေါ်တွင် ချိတ်၊ ပန်း ၊ ကျောက်ကပ်ခြင်းနည်းပညာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းများ၏ သင်တန်းဖွင့်ပွဲအား ဒီဇင်ဘာလ (၁၀)ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်း၊ဓါတ်ပုံ #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~