တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေက်းရြာအုပ္စုအတြင္း ယာဥ္တုိက္မႈေၾကာင့္ ေသဆံုးသူအမ်ိဳးသမီး အတည္ျပဳႏုိင္ေရးႏွင့္ ထြက္ေျပးယာဥ္အား စံုစမ္းဆဲ

တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေက်းရြာအုပ္စုအတြင္း ယာဥ္တုိက္မႈေၾကာင့္ ေသဆံုးသူအမ်ိဳးသမီး အတည္ျပဳႏုိင္ေရးႏွင့္ ထြက္ေျပးယာဥ္အား စံုစမ္းဆဲ
ဒီဇင်ဘာ 13, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအုပ္စု ပန္ဟတ္ရြာႏွင့္ ရန္ကုန္ရြာၾကား တာခ်ီလိတ္ - က်ိဳင္းတံုလမ္းတြင္ ဒီဇင္ဘာလ (၁၃)ရက္ေန႔ နံနက္က ယာဥ္တိုက္ခံရၿပီး ေသဆံုးေနသည့္ အမ်ိဳးသမီးအား အတည္ျပဳႏုိင္ေရးႏွင့္ ထြက္ေျပးသည့္ယာဥ္အား ေဖၚထုတ္ႏုိင္ေရး ရဲတပ္ဖြဲ႕က စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

ယာဥ္တုိက္မႈေၾကာင့္ ေသဆံုးသူမွာ မ်က္ႏွာပ်က္စီးေနရာ ေသဆံုးသူအမည္ အတည္ျပဳႏုိင္ေရးအား စံုစမ္းေနဆဲျဖစ္ၿပီး ယာဥ္တုိက္မႈက်ဴးလြန္သည့္ယာဥ္အား ရဲတပ္ဖြဲ႕က စံုစမ္းရွာေဖြမႈမ်ား ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူထံမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕ႏွင့္ (၇)မုိင္ခန္႔အကြာတြင္ အမ်ိဳးသမီးတစ္ဦး ယာဥ္တုိက္မႈေၾကာင့္ ေသဆံုးေနေၾကာင္း နံနက္ (၆)နာရီခန္႔တြင္ သတင္းအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕တို႔က သြားေရာက္စစ္ေဆးရာ အသက္ (၃၅)ႏွစ္ဝန္းက်င္ အမ်ိဳးသမီးတစ္ဦးအေလာင္းကို ေတြ႔ရိွရေၾကာင္း သိရသည္။

အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းက တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္ (ပ) ၅၇/ ၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄ (က)/ ၂၀၂ ျဖင့္ အမႈဖြင့္ စံုစမ္းေဖၚထုတ္ေနေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူအမျိုးသမီး အတည်ပြုနိုင်ရေးနှင့် ထွက်ပြေးယာဉ်အား စုံစမ်းဆဲ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ပန်ဟတ်ရွာနှင့် ရန်ကုန်ရွာကြား တာချီလိတ် - ကျိုင်းတုံလမ်းတွင် ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်က ယာဉ်တိုက်ခံရပြီး သေဆုံးနေသည့် အမျိုးသမီးအား အတည်ပြုနိုင်ရေးနှင့် ထွက်ပြေးသည့်ယာဉ်အား ဖေါ်ထုတ်နိုင်ရေး ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ မျက်နှာပျက်စီးနေရာ သေဆုံးသူအမည် အတည်ပြုနိုင်ရေးအား စုံစမ်းနေဆဲဖြစ်ပြီး ယာဉ်တိုက်မှုကျူးလွန်သည့်ယာဉ်အား ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေမှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူထံမှ သိရသည်။

တာချီလိတ်မြို့နှင့် (၇)မိုင်ခန့်အကွာတွင် အမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးနေကြောင်း နံနက် (၆)နာရီခန့်တွင် သတင်းအရ တာချီလိတ်မြို့မရဲစခန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က သွားရောက်စစ်ဆေးရာ အသက် (၃၅)နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးအလောင်းကို တွေ့ရှိရကြောင်း သိရသည်။

အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၅၇/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က)/ ၂၀၂ ဖြင့် အမှုဖွင့် စုံစမ်းဖေါ်ထုတ်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~